ယောကျာ်းတိုင်းလိုလိုက ကိုယ့်ရဲ့ လိင်တံအရွယ်အစားနဲ့ ပတ်သတ်ပြီး စိုးရိမ်စိတ် ရှိကြပါတယ်။ အထူးသဖြင့် အရပ်အခေါ် ပဲမြစ်တို့ ၊ မုန့်လက်ဆောင်းဖက် တို့လို အရွယ်အစား သေးလွန်းတဲ့ ဖွားဘက်တော် ပိုင်ဆိုင်ရမှာကို အလွန်ကြောက်ကြပါတယ်။ တကယ်တော့ Micropenis လို့ခေါ်တဲ့ သေးလွန်းတဲ့ လိင်တံအရွယ်အစားဟာ ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ Micropenis ဆိုတာ ဘာလဲ ၊ ဘယ်လောက် အရွယ်အစားရှိတာကို Micropenis လို့ခေါ်လဲ ၊ Micropenis ကို ဘယ်အခြေအနေတွေက ဖြစ်စေသလဲ ၊ ဘယ်လို ကုသမှုခံယူလို့ရလဲ စတဲ့အကြောင်းအရာတွေကို ဒီဆောင်းပါးလေးမှာ ဆွေးနွေးပေးသွားပါမယ်။
Micropenis ဆိုတာ အရွယ်အစား မည်မျှသေးငယ် ပါသလဲ?
Photo : ABC
Micropenis ရဲ့ အရွယ်အစားဟာ လူတစ်ယောက်ရဲ့အသက်အရွယ် ပေါ်မူတည်ပြီး ကွဲလွဲမှုရှိနိုင်ပေမယ့် ပျှမ်းမျှအားဖြင့်တော့ ၂.၅ လက်မအောက် ရှိတယ်ဆိုရင် မုန့်လက်ဆောင်းဖက် လို့ သတ်မှတ်လို့ရပါတယ်။ ဒါဟာ လိင်တံထောင်မတ်ခြင်းမရှိတဲ့ အခြေအနေမှာ ဆွဲဆန့်တိုင်းတာတဲ့ အတိုင်းအတာတစ်ခုပါ။ အရွယ်ရောက်ပြီးသူတွေမှာ လိင်တံအရှည် ၂.၈ လက်မ ထက်သေးငယ်တဲ့ လိင်တံကို Micropenis လို့ ရည်ညွှန်းပါတယ်။ မွေးကင်းစကလေးတွေမှာတော့ ၀.၇၅ လက်မအောက်ရှိတဲ့ လိင်တံကို Micropenis လို့ အမျိုးအစားခွဲခြားသတ်မှတ်ထားပါတယ်။ Micropenis မဟုတ်တဲ့ သာမန် ယောကျာ်းလေးမွေးကင်းစကလေးငယ်ရဲ့ လိင်တံအရှည်ဟာ ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ချိန်မှာ ၁.၁ လက်မနေ ၁.၆ လက်မကြား ရှိနေမှာ ဖြစ်ပါတယ်။
Micropenis ရှိနေခြင်းက ဘယ်ပြဿနာတွေကို ဖြစ်စေသလဲ?
Photo : Men’s Health
Micropenis ရှိနေခြင်းဟာ ဆီးသွားရခက်ခြင်း ၊ ကာမစပ်ယှက်ရမှာ အခက်အခဲဖြစ်ခြင်း အပါအဝင် တခြားသော လိင်အင်္ဂါနဲ့ ဆိုင်တဲ့ ပြဿနာတွေများစွာကို ဖြစ်စေနိုင်ပါတယ်။ ဒါအပြင့် Micropenis ဟာ မျိုးပွားမှုစနစ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ Micropenis ရှိတဲ့ အမျိုးသားတွေမှာ သုက်ပိုးအရေအတွက်နည်းပါးပြီး မျိုးမပွားနိုင်ခြင်း သို့မဟုတ် မျိုးအောင်နိုင်မှု လျော့နည်းခြင်း စတဲ့ အခြေအနေတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒီအခြေအနေဟာ စိတ်ပိုင်းဆိုင်ရာကိုပါ သိသိသာသာ သက်ရောက်မှုရှိနိုင်ပါတယ်။ မိမိရဲ့ လိင်တံအရွယ်အစားဟာ အင်မတန်သေးလွန်းတဲ့အတွက် မုန့်လက်ဆောင်းဖက် Micropenis ရှိတဲ့ အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု Self-Esteem နည်းသွားပြီး ၊ လိင်မှုရေးရာမှာ မိမိကိုယ့်ကိုယ် ယုံကြည်မှုကင်းမဲ့နေတက်သလို အချို့မှာ စိတ်ကျရောဂါပင် ခံစားနေကြရတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
Micropenis ကို ဘာတွေက ဖြစ်စေသလဲ?
Photo : PHOENIX | Rise Again
Micropenis ဆိုတာဟာ ဆေးပညာအရ နားလည်လွယ်အောင် ပြောရရင် ကိုယ်ဝန်ပထမသုံးလနောက်ပိုင်း သန္ဓေသားရဲ့လိင်တံအရွယ်အစားဟာ ဆက်လက်ဖွံ့ဖြိုးလာမှု မရှိတော့တာကို ဆိုလိုပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ဟော်မုန်းဆိုင်ရာ ပြဿနာကြောင့်လို့ ယူဆကြပါတယ်။ အထူးသဖြင့် ကျားဟော်မုန်းတစ်မျိုးဖြစ်တဲ့ တက်စတိုစတီရုန်း (Testosterone) ပမာဏ မလုံလောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာ သုတေသီတွေကတော့ ကိုယ်ဝန်ဒုတိယနဲ့ တတိယလပတ်တွေအတွင်းမှာ တက်စတိုစတီရုန်း (Testosterone) ပမာဏ လုံလောက်စွာ မရရှိခြင်းကြောင့် သို့မဟုတ် သန္ဓေသားကထုတ်လုပ်ထားတဲ့ တက်စတိုစတီရုန်း (Testosterone) ဟော်မုန်းကို ကောင်းစွာ တုံ့ပြန်မှုမရှိခြင်းကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ Journal of Clinical Endocrinology & Metabolism က ဂျပန်လူမျိုး ဝေဒနာရှင်တွေကို သုသေတနပြုခဲ့ရာမှာ SRD5A2 Gene ရဲ့မျိုးရိုးဗီဇပြောင်းလဲမှုတွေကလည်း Micropenis ကို ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မွေးကင်းစကလေးတွေမှာ Micropenis လို ပြင်ပ လိင်အင်္ဂါ ချို့ယွင်းမှုပြဿနာတွေဟာ ပိုးသတ်ဆေးနဲ့ ဓါတုပစ္စည်းတွေ ထိတွေ့မိခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Micropenis ကို ဘယ်လို ကုသနိုင်သလဲ?
Photo : OnlyMyHealth
ဆေးပညာတိုးတက်လာတဲ့ ဒီဘက်ခေတ်မှာတော့ Micropenis လိင်တံ ရောဂါဝေဒနာရှင်တွေအတွက် တက်စတိုစတီရုန်း (Testosterone) အစားထိုးခြင်းလို့ခေါ်တဲ့ ဟော်မုန်းကုထုံးကုသနည်းကို အသုံးပြုလာပါတယ်။ ဒီကုထုံးဟာ လိင်တံရဲ့အရွယ်အစားကို မူလကထက် ၁ လက်မကနေ ၁.၅ လက်မခန့် ပိုရှည်လာအောင် ကူညီပေးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ Phalloplasty လို့ခေါ်တဲ့ ခွဲစိတ်ကုသနည်းနဲ့လည်း ကုသနိုင်ပါတယ်။ Phalloplasty ခွဲစိတ်ကုသနည်းမှာ များသောအားဖြင့် လူနာရဲ့ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းဖြစ်တဲ့ လက်ဖျံအရေပြားကို ထည့်သွင်းအသုံးပြုပြီး လိင်တံအရွယ်အစားကို နဂိုမူလထက် ပိုကြီးအောင် ခွဲစိတ်ကုသတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
Micropenis ဟာ ပြောရရင် တော်တော်လေးကို အဖြစ်နည်းတဲ့ ဖြစ်တောင့်ဖြစ်ခဲ ရှားပါးရောဂါဝေဒနာ တစ်ခုပါ။ အမျိုးသားတော်တော်များများက မိမိရဲ့ လိင်တံအရွယ်အစားနဲ့ပတ်သတ်ပြီး အားမလိုအားမရဖြစ်တာ ၊ တစ်ခါတစ်ရံ နိုင်ငံခြားညစ်ညမ်းရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ရဲ့အရွယ်အစားကို ကျေနပ်မှုမရှိတာတွေ အဖြစ်များကြတာပါ။ လိင်တံအရွယ်အစား ကြီးထွားမှုမရှိရုံနဲ့ မုန့်လက်ဆောင်းဖတ် လို့ သတ်မှတ်လို့မရပါဘူး။ ပုံမှန်ဆိုဒ်အရွယ်အစားမှာ ရှိနေရင်ပဲ သာမာန်အမျိုးသားတွေထဲက အမျိုးသားတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ နေလို့ရပါတယ်။ Micropenis လိင်တံဟာ သုတေသနပြုချက်တွေနဲ့ ကိန်းဂဏန်းတွေအရ မွေးကင်းစ ယောကျာ်းလေး အယောက် ၂၀၀ မှာ ၁ ယောက်နှုန်းသာဖြစ်နိုင်ခြေရှိတာ ဖြစ်ပါတယ်။
ကဲဒီလောက်ဆို ကွီးတို့ Micropenis အကြောင်း နားလည်သွားလောက်မယ် ထင်ပါတယ်။
Featured Photo : Men’s Health