လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးတစ်ခုမှာ အမျိုးသားတို့ရဲ့ လိင်တံ အရွယ်အစားက ဆက်ဆံဖော် နှစ်ဦးနှစ်ဖက်လုံးရဲ့ လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို မထိခိုက်စေဘူးလို့ သိပ္ပံနည်းကျဖော်ပြချက်များအရ သိရှိရပါတယ်။ သို့သော်လည်း အမျိုးသားတော်တော်များများက ၎င်းတို့ရဲ့ လိင်တံအရွယ်အစားကို ကျေနပ်မှုမရှိဘဲ လိင်တံအရွယ်အစားပိုကြီးပါက လိင်ပိုင်းဆိုင်ရာဆက်ဆံရေးတွင် ပိုမိုကောင်းမွန်မှု ရရှိလာပြီး တစ်ဖက်သားအတွက်လည်း ပိုပိုကျေနပ်စေမယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတို့ ကိုယ့်ပစ္စည်းနဲ့ကိုယ် ပိုမိုယုံကြည်မှု ရှိစေပြီး စကီလေးတွေလည်း ကျေနပ်စေမဲ့ သဘာဝအတိုင်း လိင်တံ ရဲ့ ဆိုဒ် ကို တိုးစေနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ များများစားပါ

ကျေနပ်စေမဲ့ ဆိုဒ်

Photo : New York Post

အမျိုးသားတို့ရဲ့ လိင်တံအရွယ်အစား သဘာဝအတိုင်း ကျန်းမာပြီး ရှည်လျားစေရန်အတွက် Antioxidants ကြွယ်ဝသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များများ စားသုံးရန်လိုပါတယ်။ Antioxidants က သွေးကြောများတွင် ဖြစ်ပေါ်လာသော ဖရီးရယ်ဒီကယ်များ (ခန္ဓာကိုယ်ကို ပျက်စီးစေသော ဒြပ်စင်များ) ကို တိုက်ဖျက်ရာတွင် အလွန်အသုံးဝင်ပါတယ်။ ထို့အပြင် antioxidants များသည် သွေးကြောများကို သန်မာစေရန် ကူညီပေးနိုင်တာကြောင့် အမျိုးသားတို့ရဲ့ လိင်တံအရွယ်အစားကို သဘာဝအတိုင်း ကြီးထွားစေသည်သာမက ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ ဒါ့ကြောင့် ကွီးတို့စားသုံးတဲ့ အစားအစာထဲမှာ ဟင်းသီးဟင်းရွက်များကို များများထည့်ပြီး စားသုံးပါ။

လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ပါ

ကျေနပ်စေမဲ့ ဆိုဒ်

Photo : Promescent

လေ့ကျင့်ခန်းလုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုသည်သာမက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေပါတယ်။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက အမျိုးသားတို့ရဲ့ လိင်တံအရွယ်အစားကို သိသိသာသက်ရောက်စေပြီး လိင်တံကိုရှည်စေကာ ကျန်းမာစေပါတယ်။ ဒါကြောင့် အလုံးစုံ ကျန်းမာရေးအတွက် ကွီးတို့အနေနဲ့ တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပါ။

တရားထိုင်ပါ

ကျေနပ်စေမဲ့ ဆိုဒ်

Photo : The Fashionista

စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကများက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်သည်သာမက အမျိုးသားတို့ရဲ့ လိင်တံအရွယ်အစားကိုလည်း လျော့ကျစေပါတယ်။ တရားထိုင်ခြင်းက စိတ်ဖိစီးမှုများကို လျှော့ချနိုင်သည်သာမက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် လိင်တံအရွယ်အစားကိုလည်း ဖွံ့ဖြိုးလာစေပါတယ်။ တရားထိုင်ခြင်းအပြင် ယောဂကျင့်ခြင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းတို့ကိုလည်း ပြုလုပ်ပေးခြင်းကလည်း ထိရောက်တဲ့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။

အိပ်စက်အနားယူပါ

Photo : Vista Create

အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်းတို့က အလုံးစုံသော ကျန်းမာရေးနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း မရှိတာက လိင်အင်္ဂါလုပ်ဆောင်မှုကို ထိခိုက်စေပြီး လိင်အင်္ဂါချို့ယွင်းမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အလုံးစုံသော ကျန်းမာရေးအတွက် လုံလောက်သော အိပ်စက်အနားယူမှုရှိရန် လိုအပ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ရေနွေးနွေးလေးနဲ့ ရေချိုးတာကလည်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အင်္ဂါအစိတ်အပိုင်းများ အတွင်းသို့ သွေးများစီးဆင်းရန် ကူညီပေးနိုင်ရုံသာမက လိင်တံကြီးထွားမှုကို အထောက်အကူပြုပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ နည်းလမ်းများက အမျိုးသားတို့ရဲ့ လိင်တံကို စိတ် ကျေနပ်စေမဲ့ ဆိုဒ် ရတဲ့အထိ ဖွံ့ဖြိုးကျန်းမာအောင် ကူညီပေးနိုင်ပါတယ်။ ကွီးတို့အနေနဲ့လည်း ကိုယ့်ပစ္စည်းနဲ့ကိုယ် ယုံကြည်ချက်ရှိစေဖို့ ဒီနည်းလေးတွေ Try ကြည့်ဗျာ။

Source : Private Gym

Featured Photo : The Sun