ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများ စားသုံးခြင်းသည် ကွီးတို့ ညီလေး ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ညီလေးရဲ့ သွေးလည်ပတ်မှု ကောင်းမွန်စေပါသေးတယ်။ ဒါ့အပြင် သက်လုံကောင်းပြီး အမောခံ နိုင်တာကြောင့် ကွီးတို့ရဲ့ ရှော်တီ လေးနဲ့လည်း နှစ်ပါးသွား ကြာကြာ က နိုင်မှာပဲဖြစ်ပါတယ်။
ကွီးတို့ရဲ့ ညီလေးက သွေးလှည့်ပတ်မှုကောင်းပြီး တောင့်တင်းသန်မာဖို့အတွက်ဆိုရင် အခုဖော်ပြပေးမယ့် အစားအစာများကို များများစားသုံးသင့်ပါတယ်။ ဒီအစားအစာများကို ကွီးတို့က မကြိုက်ဘူးဆိုရင်တောင်မှ ခံစားချက် အထွတ်အထိပ်ရောက်ပြီး အဆုံးစွန်အထိ ကျေနပ်ချင်တယ်ဆိုရင်တော့ မဖြစ်မနေ စားသုံးရမှာပဲ ဖြစ်ပါတယ်။
ဟင်းနုနွယ်
ဟင်းနုနွယ်ထဲမှာ ဖောလိတ်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး သွေးလှည့်ပတ် စီးဆင်းမှုကို မြန်ဆန်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ယောကျာ်းသားအချို့မှာ ဖြစ်တတ်တဲ့ ပန်းသေရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။
ကော်ဖီ
ကော်ဖီ ကြိုက်တဲ့သူတွေအတွက်ကတော့ သတင်းကောင်းတစ်ခုပါပဲ။ ယောကျာ်း ၃၀၀၀ ကျော်ကို စစ်တမ်း ကောက်ယူထားကာ လေ့လာထားတဲ့ လေ့လာချက်တစ်ခုအရ တစ်နေ့လျှင် ကော်ဖီ ၁ ခွက်မှ ၃ ခွက်အထိ သောက်သုံးတဲ့ အမျိုးသားများသည် ကော်ဖီ လုံးဝ မသောက်တဲ့ အမျိုးသားများထက် ပန်းသေရောဂါ ဖြစ်ပွားနိုင်ခြေ လျော့နည်းပါတယ်။ ကွီးတို့ရော တစ်နေ့လျှင် ကော်ဖီ ဘယ်နှခွက်လောက် သောက်သုံးလေ့ရှိပါသလဲ။
ပန်းသီး
ပန်းသီး စားတဲ့အခါ ပန်းသီးကို အခွံခွာလေ့ရှိပါသလား။ ဒါဆိုရင်တော့ ထိုအလေ့အကျင့်ကို ဖျောက်ဖျက်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပန်းသီးအခွံထဲမှာ ပါဝင်တဲ့ Ursolic Acid ဒြပ်ပေါင်းတစ်မျိုးသည် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး ဆီးကျိတ်ကင်ဆာဆဲလ်များ ကြီးထွား ပြန့်ပွားလာခြင်းမှလည်း ကာကွယ်ပေးလို့ပဲ ဖြစ်ပါတယ်။
ထောပတ်သီး
ထောပတ်သီးများထဲတွင် ပါဝင်တဲ့ ဗီတာမင်အီးဓာတ်၊ ဇင့်နှင့် အခြားသော သတ္တုဓာတ်များသည် သုတ်ပိုး အကောင်အရေအတွက်ကို များပြားစေပြီး အထွက်နှုန်း တိုးစေမှာဖြစ်ပြီး အရည်အသွေး ပြည့်မှီတဲ့ အကောင်များကိုသာ ထုတ်လွှတ်ပေးမှာဖြစ်လို့ မျိုးမအောင်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
မုန်လာဥနီ
မုန်လာဥနီသည်လည်း Sperm အရေအတွက်နှင့် Sperm များ လှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေပြီး မျိုးမအောင်ခြင်းမှ ကာကွယ်ပေးပါတယ်။ ကွီးတို့အနေနဲ့ မုန်လာဥနီ မကြိုက်ဘူးဆိုရင်တောင်မှ ညီလေးရဲ့ ကျန်းမာရေးကို ထည့်စဥ်းစားပြီး များများစားသုံးပေးသင့်ပါတယ်။
ခရမ်းချဥ်သီး
ခရမ်းချဥ်သီးထဲမှာ ပါဝင်တဲ့ Lycopene ခေါ် အနီရောင် ရောင်ခြယ် Antioxidant တစ်မျိုးသည်လည်း ပိုမိုကျန်းမာတဲ့ Sperm များကို ထုတ်လုပ်ပေးပြီး ဗီတာမင်စီကတော့ Sperm အရေအတွက်ကို တိုးပွားစေပါတယ်။
အထက်ဖော်ပြပါ အစားအစာများကတော့ နှစ်ပါးသွား ကနေချိန်မှာ အမောခံ နိုင်ဖို့အတွက် ကွီးတို့ရဲ့ ရှော်တီ လေးကို ပြင်ဆင်ချက်ပြုတ် ခိုင်းသင့်တဲ့ အစားအစာများပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အခုဆက်လက်ဖော်ပြပေးမယ့် အချက်များကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့ရဲ့ ဟိုစိတ် ဒီစိတ်တွေကို ကြက်ပျောက် ငှက်ပျောက် ပျောက်သွားစေမှာမို့လို့ပဲ ဖြစ်ပါတယ်။
- ဝိတ်တက်ခြင်း
- ကျန်းမာရေးနှင့် မညီညွှတ်တဲ့ အစားအစာများ စားသုံးခြင်း
- ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ လေ့ကျင့်ခန်း မပြုလုပ်ခြင်း
- အိပ်ရေး ပျက်ခြင်း
- ခန္ဓာကိုယ်ထဲတွင် ရေဓာတ်ခမ်းခြောက်ခြင်း
အစရှိတဲ့အချက်များပဲဖြစ်ပါတယ်။
ကွီးတို့ရော သက်လုံကောင်းကာ အမောခံနိုင်ဖို့အတွက် ဘယ်လိုအချက်များနဲ့ လေ့ကျင့်လေ့ရှိပါသလဲ။
Source: Healthline
Featured Image: Freepik