လူတော်တော်များများက ခရီးသွားခြင်း ကို ကြိုက်နှစ်သက်ကြပါတယ်။ ခရီးသွားခြင်းကနေ စိတ်လှုပ်ရှားမှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ အသစ်သစ်သောခံစားမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ခရီးသွားခြင်းက ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း များစွာ အထောက် အကူပြုစေပါတယ်။ ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ အမှတ်တရတွေ၊ ကြည်နူးမှုအခိုက်အတန့်တွေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ခရီးသွားခြင်းက စိတ်ကူးကောင်းပါပဲ။ ထို့အတူ ကိုယ်ချစ်ရတဲ့ စကီလေးနဲ့ နေရာအနှံ့ ခြေဆန့်ပြီး ခရီးသွားရင်း ရိုမန့်တစ်ဆန့်တဲ့ အမှတ်တရတွေ၊ ကြည်နူးပျော်ရွှင်မှုတွေကို ဖန်တီးနိုင်ပါတယ်။
သို့သော်လည်း စကီလေးနဲ့ အတူတူ အဆင်ပြေချောမွေ့စွာ ခြေဆန့်ပြီး ခရီးထွက်နိုင်ဖို့ သိထားရမယ့် အချက်တွေ၊ ပြင်ဆင်ရမယ့် အချက်လေးတွေ ရှိပါတယ်။
အရာရာကို ကြိုတင်စီစဉ်ပါ
Photo : Rappler
ကွီးတို့ စကီလေးနဲ့ နေရာအနှံ့ ခြေဆန့်ရင်း ခရီးသွားဖို့ စဉ်းစားနေတယ်ဆိုရင် ကြိုတင်စီစဉ်စရာတွေ အများကြီးရှိပါတယ်။ အရင်ဆုံး ကွီးတို့ အသုံးပြုမယ့် ငွေကြေးပမာဏနဲ့ သွားရောက်မယ့်နေရာကို ဆုံးဖြတ်ပါ။ နှစ်ဦးနှစ်ဖက် ညှိညှိနှိုင်းနှိုင်းနဲ့ ကိုယ်သွားချင်တဲ့နေရာ၊ တစ်ဖက်လူသွားချင်တဲ့နေရာများကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး ကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ထားပါ။ ထို့နောက် သင့်လျော်သော ငွေကြေးပမာဏတစ်ခု ကိုဆုံးဖြတ်ပါ။ သတ်မှတ်လိုက်တဲ့ ငွေကြေးပမာဏနဲ့ နေရာကို ကွီးတို့နှစ်ဦးစလုံး သဘောတူကြောင်း သေချာပါစေ။
အရေးကြီးသော အရာများကို ပြင်ဆင်ပါ
Photo : Hindustan Times
နောက်တစ်ချက် အနေနဲ့ကတော့ ခရီးတစ်ခုထွက်မယ်ဆိုရင် လေယာဉ်လက်မှတ်၊ ကားလက်မှတ်စတာတွေနဲ့ ကွီးတို့ ခရီးစဉ်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ရပါမယ်။ နိုင်ငံရပ်ခြား ခရီးသွားမယ်ဆိုပါက ဒီအချက်က ပိုပြီး အရေးကြီးပါတယ်။ ကွီးတို့ သွားမည့်နိုင်ငံအတွက် ပတ်စ်ပို့၊ ဗီဇာများ၊ ဆိုက်ရောက်အခွန်၊ လိုအပ်သော ခရီးသွားစာရွက်စာတမ်းများ စတာတွေကို ပြင်ဆင်ပါ။ ထိုစာရွက်စာတမ်းများကို ဓာတ်ပုံရိုက်ယူပြီး သိမ်းဆည်းထားသင့်တဲ့ အပြင် အပို မိတ္တူများလည်း ကူးယူထားသင့်ပါတယ်။ ကွီးတို့ နှစ်ဦးတတ်ကြွကြွနဲ့ အတူတကွလုပ်ဆောင်ပါ။
ခရီးသွားမယ့် နေရာအလိုက် လိုအပ်တာများ ပြင်ဆင်ပါ
Photo : Tripdolist
ကွီးတို့ သွားမဲ့နေရာဒေသအလိုက် လိုအပ်သော ပစ္စည်းများကို သေချာထုတ်ပိုးဖို့ လိုပါတယ်။ သွားမဲ့နေရာ ဒေသက ရာသီဥတု၊ ကွီးတို့ သွားရောက် လည်ပတ်မဲ့နေရာဒေသက ဘယ်လိုနေရာများမှာ လည်ပတ်မလဲဆိုတာ ရွေးချယ်ပြီး သေချာထုတ်ပိုးပါ။ နှစ်ဦးညှိနှိုင်းကာ လိုအပ်တာများ မကျန်ခဲ့အောင်လည်း ဂရုပြုပါ။
တစ်ဦးနဲ့တစ်ဦး ဖေးမကူညီပါ
Photo : Stocky
ခရီးစဉ်အတွင်း ကိစ္စတော်တော်တော်များများကို အချင်းချင်း တိုင်ပင်ညှိနှိုင်းဖို့ လိုအပ်ပါတယ်။ ကိုယ်တစ်ဦးတစ်ယောက်တည်း လှုပ်ရှားတာ၊ တစ်ယောက်ကိုတစ်ယောက် အသိမပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်ဆောင်တာမျိုး ရှောင်ရပါမယ်။ ကိုယ့်ရဲ့ ချစ်သူလေးနဲ့ ခရီးသွားခြင်းက အမှတ်တရတွေ စိတ်လှုပ်ရှားပျော်ရွှင်စရာတွေ ဖန်တီးဖို့ဆိုတာ မှန်ပါတယ်။ သိုသော်လည်း ရင်းနှီးမှုမရှိသေးတဲ့ ဒေသစိမ်းမှာ မမျှော်လင့်တဲ့အန္တရာယ်တွေ မဖြစ်လာစေရန်နဲ့ ဘေးကင်းလုံခြုံစေရန် တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ဂရုစိုက်မှုနဲ့ ဖေးမကူညီမှု လိုအပ်တာကြောင့် ဖြစ်ပါတယ်။
ပြုလုပ်ချင်တဲ့ အရာလေးများအတွက် ညှိနှိုင်းထားပါ
Photo : World Packers
ခရီးစဉ်မှာ ကွီးတို့က ဘယ်လိုပုံစံနဲ့ ဖြတ်သန်းချင်ပါသလဲ၊ ကွီးတို့ ချစ်သူလေး ပြုလုပ်ချင်တဲ့ အမှတ်တရလေးတွေ ရှိလားဆိုတာ တိုင်ပင်ပြီး ကွီးတို့ရဲ့ ခရီးစဉ်လေးကို ပိုပြီး ရင်ခုန်ကြည်နူး ပျော်စရာကောင်းအောင် ပြင်ဆင်လို့ ရပါတယ်။ ကွီးတို့ရဲ့ ခရီးစဉ်အတွင်းမှာ လူနှစ်ယောက်ပိုပြီး ရင်းနှီးစေမဲ့ အရာလေးတွေ ပြုလုပ်ပါ။ အမှတ်တရ ဓာတ်ပုံတွေ အများကြီးရိုက်တာ၊ စခန်းချတာ၊ တောင်တက်တာ၊ အတူတူစွန့်စားရတဲ့ လှုပ်ရှားမှုလေးတွေကို ပြုလုပ်ပါ။ ရယ်မောပျော်ရွှင်ရင်းနဲ့ ချစ်ခြင်းတရားတွေ ပိုတိုးလာစေမှာပါ။
ကွီးတို့ချစ်သူလေးနဲ့ အဆင်ပြေချောမွေ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးဖြစ်ဖို့ သိထားသင့်တဲ့ အချက်အချို့ပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခရီးစဉ်လေးအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။
Source : Oneika Traveler
Featured Photo : Travel Off Path