စူပါဟီးရိုးရုပ်ရှင်တွေ ဖန်တီးနေတဲ့ DC ကတော့ Marvel နဲ့အပြိုင် သူ့ထက်ငါ လူကြိုက်များအောင် ကြိုးစားနေကြတာ ကာလအတော်အတန်ကြာခဲ့ပါပြီ။ ကောင်းတဲ့ ရုပ်ရှင်တွေလည်း ရှိသလို အလွန်အမင်း ဝေဖန်ခံရတဲ့ ရုပ်ရှင်တွေကလည်း မနည်းမနောပါပဲ။ အချို့ DC ဖန်တွေကတော့ သူတို့အကြိုက်ဆုံး ဇာတ်ကောင်တွေကို မိုဘိုင်းလ် ဂိမ်း အဖြစ်နဲ့ ပြောင်းလဲမြင်ချင်နေကြပါတယ်။ ကွီးတို့လည်း DC ရုပ်ရှင်တွေအစား ဂိမ်း တွေကို ဆော့ကစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဂိမ်းများကို ဆော့ကစားနိုင်ပါတယ်။

ဒါပေမဲ့ ဒီဂိမ်းတွေက ဂိမ်းစက်နဲ့ ဆော့ရတဲ့ ဖီလင်လိုမျိုးတော့ ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။ မိုဘိုင်းလ်ဂိမ်း ဆိုတဲ့အတိုင်းပဲ သတ်မှတ်ထားတဲ့ အကန့်အသတ်မျိုးကိုသာ ပေးစွမ်းမှာပဲဖြစ်ပါတယ်။ ဘာပဲပြောပြော ကိုယ့်စိတ်ကြိုက် စူပါဟီးရိုးတွေနဲ့ စိတ်ကြိုက် ဆော့ကစားရမှာဆိုတော့ အတော်လေးကို တန်တယ်လို့ ပြောရမှာပါပဲ။

Batman – The Telltale Series

ဒီဂိမ်းကတော့ ပဟေဠိနဲ့ စွန့်စားခန်းတို့ကို ရောပြွမ်းထားတဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ဂိမ်းဆော့မယ့်သူအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှသာ ဂိမ်းကစားပွဲမှာ အနိုင်ရရှိမှာဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ ပထမအပိုင်း ငါးပိုင်းတည်းကို ဖရီး ဆော့ကစားနိုင်တာပဲ ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းဆက်တွေကို ဆက်လက်ဆော့ကစားချင်တယ်ဆိုရင်တော့ ပိုက်ဆံပေးချေပြီးမှ ဆော့ကစားနိုင်မှာပါ။

DC Legends: Battle for Justice

ဒီဂိမ်းကတော့ ရှယ်မိုက်ပါတယ်။ ကာရိုက်တာ ပေါင်းစုံကို ကွီးတို့ စုဆောင်းထားနိုင်ပြီး သူတို့ကို Level တက်လာအောင် ဆော့ကစားကာ လူဆိုးတွေနဲ့ တစ်ပွဲတစ်လမ်း အပီအပြင် နွှဲရမှာဖြစ်ပါတယ်။ Events မျိုးစုံလည်း ထည့်ပေးထားတာဆိုတော့ ထို Events တွေကို လက်မလွှတ်အောင်လို့ ဆော့ကစားဖို့ လိုပါတယ်။ ဒီဂိမ်းလေးက ဖရီး ဆော့ကစားနိုင်တာဆိုတော့ ပိုက်ဆံ ကုန်မှ စိုးရိမ်စရာမလိုပါဘူး။

Injustice 2

Injustice 2 က DC မိုဘိုင်းလ် ဂိမ်း တွေထဲမှာ ပေါ်ပြူလာအဖြစ်ဆုံး ဂိမ်းလို့တောင် ပြောလို့ရပါတယ်။ Comics မျိုးစုံထဲက ဟီးရိုးတွေရော၊ လူဆိုးတွေရာ ပါဝင်တာဆိုတော့ ကာရိုက်တာအမျိုးအစား စုံလင်ပါတယ်။ ၃ ယောက်တစ်ဖွဲ့စီ ဆော့ကစားလို့လည်း ရပါတယ်။ ဟီးရိုးတွေကို စုဆောင်းပြီး Level မြှင့်တင်ကာ ဆော့ကစားနိုင်ပါတယ်။ ဟီးရိုးတစ်ယောက်ချင်းစီမှလည်း အားသာချက်၊ အားနည်းချက်တွေ ရှိကြပါတယ်။ ဂိမ်းစက်နဲ့ ဆော့ရတဲ့ ဗားရှင်းကတော့ ပိုအသက်ဝင်တယ်ဆိုပေမယ့် မိုဘိုင်းလ်ဂိမ်းနဲ့ ဆော့တာကလည်း အပျင်းလည်း ပြေစေတဲ့အပြင်ပိုက်ဆံလည်း မကုန်ပါဘူး။

Teen Titans Go and Teen Titians Go Figure

DC မိုဘိုင်းလ် ဂိမ်း

ဒီယူနီဗာ့စ်ကျတော့ နောက်ထပ် ဒီဇိုင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ Teen Titans ယူနီဗာ့စ်ထဲကပဲ ဖြစ်ပါတယ်။ ဂိမ်းကစားမယ့်သူက ကာရိုက်တာပေါင်းစုံကို စုဆောင်းနိုင်ပြီး လူဆိုးတွေကို နှိမ်နင်းနိုင်ပါတယ်။ ဝယ်ပြီး ဆော့ကစားချင်တယ်ဆိုရင်တော့ ၄ ဒေါ်လာလောက် အကုန်အကျခံပြီး ဆော့ကစားနိုင်ပါတယ်။

Teeny Titans

ဒီဂိမ်းလည်း စောစောက ဂိမ်းအမျိုးအစားနဲ့ ဆင်တူပါတယ်။ အထူးမစ်ရှင်တွေ ပေးပြီး ဆော့ကစားရမှာဆိုတော့ စိတ်ဝင်စားဖို့ ပိုကောင်းပါတယ်။ သူ့ကိုလည်း ၄ ဒေါ်လာလောက် ပေးပြီး ဆော့ကစားရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့က ပိုက်ဆံအကုန်အကျမခံချင်ဘူးဆိုရင်တော့ DC ရဲ့ ဖရီး ဂိမ်း တွေကို ဆော့ပြီး လူဆိုးတွေကို အပီအပြင် နှိမ်နင်းလို့ရပါတယ်။

Source: Androidauthority

Featured Image: Ranker