ဆံပင်တွေ ကျွတ်ပြီး ထိပ်ပြောင်နေတာဟာ ကွီးတို့ရဲ့ ဆွဲဆောင်မှုကို လျော့ကျစေတဲ့ အချက်တစ်ခုပဲ မဟုတ်လား။ ဆံပင်ကျွတ်တဲ့ ပြဿနာ ကို ဖြေရှင်းဖို့ ကွီးတို့ ပုံမှန် Hair Salon သွားပြီး Treatments တွေ ခံယူဖို့ဆိုတာ မလွယ်ပါဘူး။ အချိန်ပေးရတာရော ငွေကုန်တာရောကြောင့်ပါ။ ဒါကြောင့် ဒီတစ်ခေါက်တော့ အချိန်မကုန် ငွေအများကြီး မကုန်ပဲ ဆံပင်ကျွတ်တဲ့ ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် အိမ်တွင်းသုံး Hair Mask ပြုလုပ်နည်းလေးတွေကို မျှဝေပေးပါမယ်။

(၁) ကြက်ဥ Hair Mask

Egg Mask For Hair

Photo : HealthKart

ကြက်ဥမှာ ဆံကေသာကျန်းမာရေးအတွက် အကျိုးပြုတဲ့ ပရိုတင်းနဲ့ ဗီတာမင် B လို အာဟာရဓာတ်တွေ ပေါပေါများများ ပါရှိပါတယ်။ ဒီအာဟာရဓာတ်တွေက ဘယ်လို ဆံပင်အမျိုးအစားကိုမဆို ကောင်းမွန်စွာ အကျိုးပြုပေးနိုင်ပြီး ဦးရေပြားအတွက် အာဟာရဖြစ်စေတဲ့ ဒြပ်စင်တွေကို ပေးစွမ်းပါတယ်။ ဆံသားကို တောက်ပြောင်စေတာ ၊ ဆံပင်ရှည်မြန်စေတာ ၊ ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးကို အားဖြည့်ပေးတာအပြင် ဆံပင်ကျွတ်တဲ့ ပြဿနာ ကိုလည်း သိသိသာသာ လျော့ကျစေနိုင်ပါတယ်။

ကြက်ဥ Hair Mask ပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းများ

  • ကြက်ဥ ၁ လုံး
  • နွားနို့ ၁ ခွက်
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

အသုံးပြုနည်းအဆင့်ဆင့်

အရင်ဆုံး ကြက်ဥကို ကောင်းစွာကျေအောင်မွှေပြီး ကျန်ပါဝင်ပစ္စည်းတွေပါ ရောထည့်မွှေပေးပါ။

ရလာတဲ့ ကြက်ဥ Hair Mask အရောအနှောကို ဆံပင်နဲ့ ဦးရေပြားအနှံ့ လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။

ခေါင်းကို Shower Cap စွပ်ပြီး မိနစ် ၂၀ လောက် ထားလိုက်ပါ။

အချိန်ပြည့်ရင် ရေအေးနဲ့ ခေါင်းလျော်လိုက်လို့ ရပါပြီ။

(၂) ငှက်ပျောသီး Hair Mask

banana hair mask

Photo : Treehugger

ငှက်ပျောသီးမှာ ပိုတက်စီယမ် ၊ Antioxidants ၊ သဘာဝအဆီနဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်ကျွတ်တဲ့ ပြဿနာ အတွက် အကောင်းဆုံး သဘာဝဆေးတစ်လက်လို့ ပြောရမှာပါပဲ။ ငှက်ပျောသီးဟာ ဗောက်ထတာ ၊ ဆံသားပျက်စီး ကြမ်းတမ်းတာတွေကို လျော့ကျသက်သာစေနိုင်ပြီး ဆံပင်ကို နူးညံ့ပျော့ပျောင်းကာ တောက်ပြောင်နေစေဖို့ ကူညီပေးနိုင်ပါတယ်။

ငှက်ပျောသီး Hair Mask ပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းများ

  • ငှက်ပျောသီးအမှည့် ၂ လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

အသုံးပြုနည်းအဆင့်ဆင့်

ပန်းကန်လုံးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေအားလုံးကို သမအောင် ရောမွှေပါ။

မွှေထားတဲ့ အရောအနှောကို ဆံပင်နဲ့ ဦးရေပြားအနှံ့ သေချာစွာ လိမ်းကျံပေးပါ။

ထို့နောက် ၅ မိနစ်လောက် ထားလိုက်ပါ။

ပြီးရင်တော့ ရေခပ်နွေးနွေးလေးနဲ့ ခေါင်းလျော်လိုက်ပါ။

(၃) ဒိန်ချဉ် Hair Mask

Yogurt Hair Mask

Photo : Hairfinity

ဒိန်ချဉ်ဟာ ဆံပင်ကျွတ်တဲ့ ပြဿနာ ကိုဖြေရှင်းနိုင်ပြီး ဆံသားပျက်စီးခြင်းနဲ့ ထိပ်ပြောင်ခြင်းတွေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဆံသားရဲ့အရောင်ကို တောက်ပြောင်စေပြီး သဘာဝအတိုင်း ဆံသားကို နူးညံ့ပျော့ပျောင်း စေပါတယ်။ ဒိန်ချဉ် Hair Mask အသုံးပြုပေးခြင်းဖြင့် ဆံပင်ရဲ့အစိုဓာတ်ကို ထိန်းပေးပြီး ဆံသားနဲ့ ဦးရေပြား အာဟာရဓာတ်ကို ဖြည့်တင်းပေးကာ ဆံသား ကွဲအက်ပျက်စီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

ငှက်ပျောသီး Hair Mask ပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းများ

  • ဒိန်ချဉ် ပန်းကန်လုံး ၁ လုံး
  • ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

အသုံးပြုနည်းအဆင့်ဆင့်

ပါဝင်ပစ္စည်းတွေအားလုံးကို ဇလုံတစ်ခုထဲမှာ ရောမွှေပါ။

ရလာတဲ့ အရောအနှောကို ဆံပင်အရင်းကနေ အဖျားအထိ သေချာလိမ်းပေးပါ။

၁၅ မိနစ်လောက် ထားပြီးရင်တော့ ရေအေးနဲ့ ခေါင်းလျော်လိုက်လို့ရပါပြီ။

အထက်ပါ DIY Hair Mask တွေကတော့ ကွီးတို့အနီးအနားမှာ အလွယ်တကူရနိုင်တဲ့ ရိုးရိုးရှင်းရှင်း ပါဝင်ပစ္စည်းတွေနဲ့ပဲ ပြုလုပ်နိုင်တဲ့အပြင်  ဆံပင်ကျွတ်တဲ့ ပြဿနာ ကိုလည်း အထိရောက်ဆုံး ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

Featured Photo : Banner Health