Oppo ကနေ F-series ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းအသစ် Oppo F23 5G ကို အိန္ဒိယနိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဖုန်းမှာ Snapdragon 695 Chipset ၊ 120Hz LCD နဲ့ 64MP Main ကင်မရာတို့ ပါဝင်လာပါတယ်။ Oppo F23 ဖုန်းဟာ ပြီးခဲ့တဲ့အပတ်က မလေးရှားနိုင်ငံမှာ ကြေညာခဲ့တဲ့ Oppo A98 နဲ့ ဆင်တူတယ်လို့ ပြောရမှာပါ။
Photo : Gagadget.com
၆.၇၂ လက်မ IPS မျက်နှာပြင် တပ်ဆင်ထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာ 32MP ဆယ်လ်ဖီ ကင်မရာအတွက် Punch-Hole Cutout ကိုထည့်သွင်းထားပြီး ကျောဘက်မှာတော့ 64MP Main ကင်မရာနဲ့အတူ 2MP Monochrome Module နဲ့ 2MP Microscope ကင်မရာတို့ တွဲဖက်တပ်ဆင် ပေးထားပါတယ်။
Oppo F23ဖုန်းမှာ 8GB RAM နဲ့ 256GB Storage ပါရှိပြီး microSD Card Slot တစ်ခုလည်း ပါရှိပါတယ်။ ဘက်ထရီကတော့ 67W Fast Charging စနစ် ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီနဲ့ လာပါတယ်။ Software ပိုင်းမှာ Android 13 အခြေပြု ColorOS 13.1 မောင်းနှင်ထားပါတယ်။ စတီရီယိုစပီကာ ၊ နားကြပ်ပေါက်နဲ့ ဘေးဘက်မှာ Fingerprint Scanner တို့လည်း ပါဝင်ပါတယ်။
Photo : Gagadget.com
Oppo F23 5G ဖုန်းရဲ့အရောင်တွေအနေနဲ့ Cool Black နဲ့ Bold Gold ဆိုပြီး ရွေးချယ်စရာ အရောင် ၂ မျိုးပေးထားပြီး 8/256GB ဗားရှင်းအတွက် ရူးပီ ၂၄,၉၉၉ (ဒေါ်လာ ၃၀၄) ခန့်ကျသင့်မှာဖြစ်ပြီး Oppo အွန်လိုင်းစတိုးနဲ့ မိတ်ဖက်အရောင်းဆိုင်တွေမှာ Pre-order တင်နိုင်မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ လာမယ့် မေလ ၁၈ ရက်နေ့ကနေ စတင်ပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။
Featured Photo : GSMArena.com