ဂျင်းတွေက ပေါ့ပါးလွတ်လပ်မှုနဲ့ စတိုလ်ကျမှုကို ပေးစွမ်းနိုင်ပြီး Blazer တွေကတော့ လေးနက်မှုကို ဖော်ဆောင်နိုင်ပါတယ်။ မကြာခင်မှာ မိုးလည်း ရွာလာတော့မှာဆိုတော့ Blazer တွေနဲ့ စတိုင်လ်ကျရမယ့် အချိန်ရောက်လာပါပြီ။ ဒီလို လေးနက်တဲ့ Blazer နဲ့ ဂျင်း ကို ပေါင်းစပ်ပြီး အထာကျကျ ဂေါ်နိုင်ဖို့ ဖက်ရှင်အိုင်ဒီယာကောင်းလေးတွေကို ကွီးတို့အတွက် ဝေမျှပေးမှာ ဖြစ်ပါတယ်။

ကွီးတို့ဝတ်ဆင်မယ့် Blazer အရောင်က ကွီးတို့ရဲ့ အသွင်အပြင်၊ စတိုင်လ်နဲ့ စိတ်ခံစားချက်အပေါ် သိသိသာသာ သက်ရောက်စေပါတယ်။ Blazer နဲ့ တွဲဖက်ဝတ်ဆင်မယ့် ဂျင်းဘောင်းဘီ အမျိုးအစားနဲ့ အရောင်ကလည်း သက်ရောက်မှု ရှိတာကြောင့် သေချာစွာ ရွေးချယ်ဝတ်ဆင်ဖို့ လိုပါတယ်။

မီးခိုးရောင် Blazer နဲ့ ဂျင်းဘောင်းဘီ

Blazer နဲ့ ဂျင်း

Photo : The Trend Spotter

မီးခိုးရောင်က အနည်းငယ် ရိုးရှင်းတယ်လို့ ထင်ရသော်လည်းပဲ အရောင်တော်တော်များများနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ပိုမိုစတိုင်လ်ကျပြီး ဆန်းသစ်ချင်ရင် မီးခိုးရောင် Blazer ကို အပြာရောင် ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ နေ့စဉ်ဝတ်ဆင်နိုင်တဲ့ ရုံးတတ်ဖက်ရှင်လည်း ဖြစ်ပါတယ်။ နောက်တစ်မျိုးအနေနဲ့ အမဲရောင်ဂျင်းဘောင်းဘီတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ နက်ကတိုင် တစ်ခုထပ်ပေါင်း ဝတ်ဆင်ခြင်းဖြင့် လေးနက်ပြီး ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

အနက်ရောင် Blazer နဲ့ ဂျင်းဘောင်းဘီ

Blazer နဲ့ ဂျင်း

Photo : The Trend Spotter

အနက်ရောင်ဟာ လူတိုင်းနဲ့ လိုက်ဖက်တဲ့ အရောင်ဖြစ်ပါတယ်။ ဒါ့အပြင် အနက်ရောင်ဟာ လေးနက်တဲ့ အသွင်အပြင်ရှိပြီး ဘယ်အရောင်နဲ့မဆို တွဲဖက်ဝတ်ဆင်လိုရတဲ့အတွက် ကြားနေအရောင်လို့ သတ်မှတ်လို့ရပါတယ်။ အသားအရောင်မရွေး ဝတ်ဆင်လို့ရပြီး ပိန်သူနဲ့ဖြစ်စေ၊ ဝသူနဲ့ဖြစ်စေ လိုက်ဖက်တဲ့အရောင်ပါ။ ဖက်ရှင်ပိုင်းနဲ့ ပတ်သတ်လာရင်တော့ အနက်ရောင်ဟာ ကွီးတို့ကို လုံးဝစိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူငယ်ဆန်ချင်တယ်၊ အထာကျချင်တယ်ဆိုရင် အများကြီး မစဉ်းစားပါနဲ့ အနက်ရောင် Blazer နဲ့ အနက်ရောင် ဂျင်းဘောင်းဘီကိုသာ တွဲဖက်ဝတ်ဆင်ပြီး အထာကျကျ ဂေါ်လိုက်ပါ။

အပြာရောင် Blazer နဲ့ ဂျင်းဘောင်းဘီ

Blazer နဲ့ ဂျင်း

Photo : The Trend Spotter

ကွီးတို့အနေနဲ့ လူကြီးလူကောင်းဆန်တဲ့ အသွင်အပြင်ကို ဖော်ဆောင်ချင်ရင်တော့ အပြာရောင် Blazer နဲ့ ဂျင်းဘောင်းဘီ ကို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီလို တွဲဖက်ဝတ်ဆင်မှုက အမျိုးသား တော်တော်များများနဲ့ လိုက်ဖက်ပြီး ဘယ်တော့မှ မမှားစေမယ့် ဝတ်စားဆင်ယင်မှု ပုံစံဖြစ်ပါတယ်။ ဒါ့အပြင် ပေါ့ပေါ့ပါးပါးတတ်ရမယ့် ပွဲအခမ်းအနားတွေနဲ့လည်း လိုက်ဖက်ပါတယ်။

Blazer နဲ့ ဂျင်းအပြဲ

Blazer နဲ့ ဂျင်း

Photo : The Trend Spotter

ကွီးတို့အနေနဲ့ အမိုက်စားလည်းဖြစ်၊ ပေါ့ပေါ့ပါးပါး စတိုင်လ်နဲ့ ဂေါ်ချင်ရင်တော့ ဂျင်းအပြဲဘောင်းဘီနဲ့ ကွီးတို့ စိတ်ကြိုက် Blazer ကိုသာ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ဂျင်းဘောင်းဘီက မီးခိုးရောင်ဖြစ်နေတယ်ဆိုရင်တော့ ထူးခြားတဲ့ စတိုင်လ်ကျမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

ဆက်လက်ပြီးတော့ Blazer နဲ့ ဂျင်း ပေါင်းစပ်ပြီး အထာကျကျ ဝတ်ဆင်နိုင်တဲ့ စတိုင်လ်အချို့ကို ကြည့်လိုက်ရအောင်။

Photo : The Trend Spotter

Photo : The Trend Spotter

ကဲ ကွီးတို့ရေ Blazer နဲ့ ကွီးတို့မှာရှိတဲ့ ဂျင်းဘောင်းဘီတစ်ထည်ထည်ကို တွဲဖက်ဝတ်ဆင်ပြီး အမိုက်စားဂေါ်လိုက်တော့ဗျို့။

Source : The Trend Spotter

Featured Photo : Top Trend Guide