စိတ်ညစ် လို့ ဂိမ်းဆော့ ပါတယ်ဆိုမှ ဂိမ်းရှုံးလို့ ဘူပြီး ပိုဒေါသထွက်နေရတယ်ဆိုရင် ဘယ်ပျော်ဖို့ ကောင်းတော့မလဲ။ စိတ်ဖိစီးမှုများကို ပျောက်ကွယ်သွားအောင် လုပ်ချင်တယ်ဆိုရင် ဒေါသထွက်စေမယ့် ဂိမ်းတွေကို ရှောင်ကြဥ်သင့်ပါတယ်။ ဒေါသထွက်စေမယ့် ဂိမ်းတွေကို ရှောင်ပြီး အခုဖော်ပြပေးမယ့် ဂိမ်းတွေကို ဦးစားပေး ဆော့ကစားနိုင်ပါတယ်။

Pigment

စိတ်ညစ် ဂိမ်းဆော့

iOS ရော Android မှာပါ ဆော့ကစားနိုင်ပါတယ်။ အနုပညာ ဝါသနာပါသူများ ဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခုပါ။ ဂိမ်းဆော့ရတာလည်း လွယ်လွယ်လေးပါပဲ။ ကိုယ် ကြိုက်နှစ်သက်ရာ အရောင်ကို ရွေးချယ်ကာ အရောင်ခြယ်နိုင်ပါတယ်။ ပိုလှတဲ့ ပုံတွေကို ခြယ်ချင်တယ်ဆိုရင်တော့ ပိုက်ပိုက် အနည်းငယ် အကုန်အကျခံပြီး ဆော့ကစားဖို့ လိုအပ်ပါတယ်။

Hearthstone

စိတ်ညစ် ဂိမ်းဆော့

ဒီဂိမ်းကတော့ Android ရော iOS မှာပါ ဆော့ကစားနိုင်တဲ့အပြင် PC မှာလည်း ဆော့ကစားနိုင်ပါတယ်။ ကတ်တွေကို စုဆောင်းပြီး ဒြပ်စင်များ စုံအောင် စုဆောင်းရမှာပဲ ဖြစ်ပါတယ်။ ဆော့ကစားရတာ ပျော်ဖို့ကောင်းပြီး ကွီးတို့ကို ဒေါသပိုထွက်အောင် ပြုလုပ်မှာ မဟုတ်လို့ ပူစရာမလိုပါဘူး။

Pokemon Go

စိတ်ညစ် ဂိမ်းဆော့

ဒီဂိမ်းလေးနဲ့လည်း ကွီးတို့ ရင်းနှီးပြီးသွားဖြစ်မှာပါ။ iOS မှာရော Android မှာပါ ဖရီး ဆော့ကစားနိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။ ကွီးတို့ကို အိမ်မှာပဲ ပိတ်ပြီး လှုပ်ရှားမှု မရှိမှာစိုးတာကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင် အိမ်အပြင်ထွက်ပြီး ဆော့ခိုင်းမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းဆော့ရင်းနဲ့ ကျန်းမာရေးလည်း လုပ်ဖြစ်တာကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။

Jigsaw Puzzle

စိတ်ညစ် ဂိမ်းဆော့

ပဟေဠိဂိမ်းတွေ ဆော့ကစားရတာ ဝါသနာပါတယ်ဆိုရင်တော့ ဒီလိုမျိုး Puzzle ဂိမ်းတွေကို ရွေးချယ် ဆော့ကစားသင့်ပါတယ်။​ ကွီးတို့ရဲ့ လျှပ်တစ်ပြက် တွေးခေါ်နိုင်စွမ်းကို မြင့်မားလာအောင် ကူညီပေးမယ့် ဂိမ်းတစ်ခုဖြစ်ပြီး အပန်းလည်း ပြေစေမှာပါ။

Neko Astume

Neko Astume

ဒီဂိမ်းကလည်း ကွီးတို့ကို မလောင်စေဘဲ စိတ်အပန်းပြေစေမှာ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခြံဝန်းထဲမှာ စားစရာများ၊ ကစားစရာများ ချထားပြီး အခြားကြောင်လေးတွေက ထိုကစားစရာများနဲ့ လာဆော့နေတဲ့အချိန်၊ စားစရာများကို လာစားတဲ့အချိန်မှာ သူတို့နဲ့အတူတူ ဆော့ကစားနိုင်ပါတယ်။ ဒီလောက် ရိုးရှင်းတဲ့ ဂိမ်းက ဘယ်လိုလုပ် ဆော့လို့ ကောင်းပါ့မလဲဆိုပြီး မေးခွန်းထုတ်စရာ ရှိပါတယ်။

ကွီးတို့ကိုယ်တိုင် ဆော့ကစားကြည့်မှ သိပါလိမ့်မယ်။

ကွီးတို့ရော စိတ်ညစ် ပြီး လောင်တဲ့ ဂိမ်းဆော့ အချိန်တွေ ဖြုန်းနေတုန်းလား။ စိတ်အပန်းပြေစေမယ့် ဂိမ်းတွေကို မဆော့ချင်ဘူးလား။

Source: Buzzfeed

Featured Image: Freepik