ဝေဟင်မှာ လေယာဉ်စီးပြီး ခရီးနှင်မယ့် ကွီးတို့ရှိပါသလား။ ဒီတစ်ခါမှာတော့ အခုမှ လေယာဉ် စစီးပြီး နိုင်ငံရပ်ခြားကို ခရီးသွားမယ့် ကွီးတို့အတွက် သိထားရမယ့် အချက်လေးတွေကို ဒီဆောင်းလေးကနေ ဝေမျှသွားမှာ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခရီးစဉ် တတ်နိုင်သမျှ အဆင်ပြေချောမွေ့စေရန် ကြိုတင်ပြင်ဆင်ရမယ့် အချက်လေးတွေကို ကြည့်လိုက်ရအောင်။
အရေးကြီး စာရွက်စာတမ်းများ
Photo : Confused
ကွီးတို့ရေ နိုင်ငံရပ်ခြားကို ခရီးသွားမယ်ဆိုရင် အရေးကြီးဆုံးကတော့ ပတ်စ်ပို့ပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ပတ်စ်ပို့က သက်တမ်းကုန်ဆုံးခါနီးတာမျိုး မဖြစ်စေရန် သတိပြုပါ။ ထို့နောက် ကွီးတို့သွားရောက်မယ့် နိုင်ငံအတွက် လေယာဉ်လက်မှတ်ကိုလည်း ကြိုတင်ဝယ်ယူဖို့ အရေးကြီးပါတယ်။ ဗီဇာလိုအပ်ပါက ဗီဇာနဲ့ အခြားသော လိုအပ်တဲ့ စာရွက်စာတမ်းများကို ပြင်ဆင်ဖို့ အရေးကြီးပါတယ်။ ကွီးတို့အနေနဲ့ အရေးကြီး စာရွက်စာတမ်းအားလုံးကိုလည်း မိတ္တူဆွဲထားပါ။ ဒါ့အပြင် ဖုန်းထဲမှာလည်း သိမ်းထားဖို့ လိုပါတယ်။
ခရီးဆောင်အိတ်များ
Photo : Jetestter
ကွီးတို့ဝယ်ယူထားတဲ့ လေကြောင်းလိုင်းရဲ့ ခရီးဆောင်အိတ် ကန့်သတ်ချက်များကို စစ်ဆေးပြီး အလေးချိန်မည်မျှခွင့်ပြုမည်ကို သိထားရန် လိုအပ်ပါတယ်။ ဒါ့အပြင် ခရီးဆောင်အိတ်ထဲမှာ သယ်ဆောင်လို့မရတဲ့ အရာတွေ၊ လက်ဆွဲအိတ်ထဲမှာ သယ်ဆောင်လို့မရတဲ့ အရာတွေကိုလည်း သိရှိဖို့လိုပါတယ်။ ဒီအရာတွေကို သိရှိထားပြီးမှသာ ခရီးဆောင်အိတ်ကို ထုတ်ပိုးပါ။ ဥပဒေနှင့်မညီသော တားမြစ်ပစ္စည်းများကို သယ်ဆောင်မိခြင်း မရှိစေရန် သေချာပါစေ။ လေကြောင်းလိုင်းရဲ့ သက်ဆိုင်ရာ ဝဘ်ဆိုက်တွင် ခွင့်ပြု (သို့) တားမြစ်ထားသော အရာများကို ကြိုတင်လေ့လာပါ။
လေဆိပ်ကို စောစောသွားပါ
Photo : Airfarewatch
လေယာဉ် ထွက်ခွာချိန်မတိုင်မီ ကွီးတို့အနေနဲ့ လေဆိပ်ကို စောရောက်နေဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ လေယာဉ်ထွက်ခွာချိန်ထက် အချိန် ၂ နာရီ သို့မဟုတ် ၃ နာရီခန့်စောရောက်နေတာ အကောင်းဆုံးပါပဲ။ နောက်တစ်ချက်အနေနဲ့ကတော့ ထွက်ခွာချိန် သို့မဟုတ် ဂိတ်နံပါတ်အပြောင်းအလဲများနဲ့ ပတ်သက်ပြီး ကွီးတို့ စီးမယ့်လေကြောင်းလိုင်းနဲ့ သေချာစစ်ဆေးရန် ဖြစ်ပါတယ်။ ဒါကြောင့် အချိန်လုံလောက်မှုရှိစေရန် စောရောက်နေတာက အကောင်းဆုံးပါပဲ။
Airplane Mode ကို On ထားပါ
Photo : The Mirror
ကွီးတို့ရေ လေယာဉ်ပေါ်မှာ မိုဘိုင်းလ်ဖုန်းကို အသုံးပြုနိုင်သော်လည်းပဲ Airplane Mode ကို On ထားဖို့ လိုပါတယ်။
အပြုအမူကို သတိထားပါ
Photo : The Wall Street Journal
ကွီးတို့အနေနဲ့ လေယာဉ်ပေါ်ရောက်ဆိုရင်လည်း ကိုယ့်အပြုအမူကို သတိထားပါ။ မယဉ်ကျေးတဲ့ အပြုအမူမျိုးကို ရှောင်ပါ။ နံရံ သို့မဟုတ် ခရီးသည်များရဲ့ ထိုင်ခုံပေါ် ခြေထောက် တင်ခြင်း၊ စကားကို ကျယ်လောင်စွာ ပြောဆိုခြင်း၊ ဖုန်းကို အသံကျယ်ကျယ်ဖြင့် အသုံးပြုခြင်းစတဲ့ အခြားသူများကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူမျိုးကို ရှောင်ကြဉ်ဖို့လိုပါတယ်။
အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေကို သိရှိထားဖြင်းဖြင့် ပထမဆုံးအကြိမ်အဖြစ် ဝေဟင်မှာ လေယာဉ်စီးပြီး ခရီးနှင်မယ့် ကွီးတို့အတွက် အထောက်အကူပြုပါလိမ့်မယ်။
Source : Her Zindagi
Featured Photo : Nerdwallet