လူသားတွေရဲ့ နေစဉ်ဘဝမှာ ဘက်ပေါင်းစုံကနေ စိတ်ဖိစီးမှုတွေ ရနေတယ်ဆိုသော်လည်းပဲ များသောအားဖြင့် လုပ်ငန်းခွင်မှာ ကြုံတွေရတဲ့ စိတ်ဖိစီးမှုတွေက ပိုများတတ်ပါတယ်။ လူတိုင်းလိုလိုမှာ လုပ်ငန်းခွင်နဲ့ ပတ်သတ်တဲ့ စိတ်ဖိစီးမှု တစ်ခုခုတော့ ရှိနိုင်ပါတယ်။ ကိုယ်လုပ်ရတဲ့ အလုပ်ကြောင့်ဖြစ်စေ၊ ကိုယ့်အလုပ်စားပွဲ အနေအထားနဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်တွေကြောင့် ဖြစ်စေ၊ ကိုယ့်အထက်လူကြီးကြောင့် ဖြစ်စေ စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေကို မကျော်လွှားဘဲ နေ့စဉ်ရက်ဆက် ခံစားနေရင် ကိုယ့်ရဲ့လုပ်ငန်းဆောင်တာနဲ့ တာဝန်ဝတ္တရားများကို ထိခိုက်လာနိုင်သည်သာမက ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေ ကျော်လွှားနိုင်ဖို့ကို ကွီးတို့ကိုယ်တိုင် လုပ်ဆောင်ရမှာပါ။ ဒီဆောင်ပါးလေးမှာတော့ ကွီးတို့ရဲ့ လုပ်ငန်းခွင်ကို စိတ်ဖိစီးမှု ကင်းမဲ့ဇုန် အဖြစ် ပြောင်းလဲနိုင်မယ့် နည်းလမ်းကောင်းများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ကွီးတို့ အလုပ်စားပွဲက သန့်ရှင်းသပ်ရပ်ပြီး စနစ်ကျမှု ရှိပါစေ

စိတ်ဖိစီးမှု ကင်းမဲ့ဇုန်

Photo : Nolt’s Funiture

တစ်ခါတစ်လေ ကျွန်တော်တို့ စိတ်ရှုတ်ထွေးပြီး မကြည်လင်ရတဲ့ အကြောင်းအရင်းတစ်ခုက ကျွန်တော်တို့ရဲ့ အလုပ်နေရာက ရှုတ်ပွပြီး အစီအစဉ်တကျ မဖြစ်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ ရှုတ်ပွနေတဲ့ အလုပ်စားပွဲက ကွီးတို့ရဲ့ စိတ်ဖိစီးမှုတွေကို ပိုပြီး တိုးစေနိုင်ပါတယ်။ ဒါ့အပြင် အစီအစဉ်တကျ မရှိတဲ့ အလုပ်နေရာကြောင့် ကိုယ်လိုချင်တဲ့ စာရွက်စာတမ်း စတာတွေကို ရှာဖို့ခက်နိုင်တာကြောင့် ပိုပြီးစိတ်ညစ်ညူးနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ အလုပ်စားပွဲပေါ်က ရှုတ်ပွနေသော အရာများကြောင့် အလုပ်ကို အာရုံစိုက်ဖို့ ခက်နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ အလုပ်စားပွဲကို သေချာသပ်ရပ်စွာ ထားပြီး စနစ်တကျထားရှိပါ။

လျစ်လျူရှုလိုက်ပါ

စိတ်ဖိစီးမှု ကင်းမဲ့ဇုန်

Photo : HR Connect

ကွီးတို့ရေ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်မပြေတာ ဒါမှမဟုတ် ကိုယ့်ကို အနှောင့်အယှက်ပေးနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိတာကလည်း တကယ်ကို စိတ်ဖိစီးစရာပါ။ ကိုယ့်ကို စိတ်အနှောင့်အယှက်ပေးနေသူကို ဘယ်လိုအခြေအနေမျိုး မဆိုဖြစ်စေ၊ ဘယ်လို အပြုအမူမျိုးကိုဖြစ်စေ ဘာမှတုံ့ပြန့်မှု မပေးဘဲနေလိုက်ပါ။ ဘယ်လိုပဲ ကိုယ့်ကို အနှောင့်အယှက်ပေးနေပါစေ တုံ့ပြန်မှုမပေးဘဲ လျစ်လျူရှုလိုက်ပါ။

ခဏ အနားယူလိုက်ပါ

စိတ်ဖိစီးမှု ကင်းမဲ့ဇုန်

Photo: Forbes

ကွီးတို့ အလုပ်တွေကြောင့် အရမ်းစိတ်ဖိစီးနေပါသလား။ ဒါဆိုရင် စိတ်ဖိစီးမှုတွေကို ဖြစ်စေတဲ့ အလုပ်တွေကို ခဏ မေ့ထားလိုက်ပြီး မျက်ခွံများကို ဖြေလျော့ထားကာ မျက်လုံးလေးများကိုမှိတ်ပြီး အမြန်အနားပေးလိုက်ပါ။ ထိုသို့ လုပ်ခြင်းအားဖြင့် စိတ်တည်ငြိမ်မှုနှင့် အာရုံစူးစိုက်မှုကို ပြန်လည်ရရှိစေပါတယ်။ နောက်တစ်မျိုး အနေနဲ့ ဂဏာန်းတွေကို ဖြည်းဖြည်းချင်း ၁၀ ကနေ ၁ အထိ နောက်ပြန် ရေတွက်ကြည့်ပါ။ ဒီနည်းလမ်းလေးကလည်း စိတ်ဖိစီးမှုကို လျော့ကျပြီး စိတ်ကို ပြန်လည်တည်ငြိမ်စေပါတယ်။ နောက်တစ်နည်း အနေနဲ့ ကွီးတို့ ရုံးခန်း ဝရံတာကဖြစ်စေ နေရောင် ဖျော့ဖျော့လေး ခံတာမျိုး၊ ကိုယ်အလုပ်လုပ်တဲ့ နေရာ၊  ကိုယ့်ကို စိတ်ဖိစီးမှု ဖြစ်စေတဲ့ အလုပ်စားပွဲမှ ခဏထပြီး အပြင်မှာ လမ်းလျှောက်တာမျိုး လုပ်ပေးပါ။

လုပ်ငန်းခွင်ကို အနည်းငယ် ပြောင်းလဲပါ

Photo : Online Flooring Store

ကွီးတို့ လုပ်ငန်းခွင်ကို အနည်းငယ်ပြောင်းလဲလိုက်ရုံနဲ့ ကွီးတို့စိတ်ဖိစီးမှုများ လျော့ကျနိုင်အောင် ကူညီပေးပါလိမ့်မယ်။ ကွီးတို့ အလုပ်စားပွဲမှာ သို့မဟုတ် ကိုယ့်အလုပ်နေရာမှာ အပင်လေး‌တွေထားတာ၊ ဓာတ်ပုံတွေလေးတွေ၊ ပန်းချီကားတွေထားတာမျိုး ပြုလုပ်ပါ။ ဒါမှမဟုတ် လုပ်ငန်းခွင် အနေအထား၊ အလုပ်စားပွဲ အနေအထားကို အနည်းငယ် ပြောင်းလဲလိုက်ပါ။ ဒီလိုပြောင်းလဲလိုက်ခြင်းက အပြုသဘောဆောင်သော ခံစားချက်ကို ရရှိစေပြီး စိတ်ဖိစီးမှုကို သက်သာစေပါတယ်။

သီချင်းလေးတွေ နားထောင်ပါ

Photo : Vista Create

လုပ်ငန်းခွင်ထဲမှာ စိတ်ဖိစီးမှုတွေ လျှော့ကျစေဖို့ နောက်ထပ် နည်းလမ်းတစ်ခုကတော့ သီချင်းနားထောင်တာပဲ ဖြစ်ပါတယ်။ သီချင်းတွေ၊ ဂီတ သံစဉ်တွေက လူ့စိတ်ကိုလွှမ်းမိုးနိုင်ပါတယ်။ ကိုယ့်အကြိုက်ဆုံးသီချင်း ဒါမှမဟုတ် စိတ်ပျော်ရွှင်စေမယ့် သီချင်းကို ခေတ္တနားထောင်နေလိုက်ပါ။ တကယ်ကို ထိရောက်တာ တွေ့ရပါလိမ့်မယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ နည်းလမ်းကောင်းလေးတွေက ကွီးတို့ရဲ့ လုပ်ငန်းခွင်ကို စိတ်ဖိစီးမှု ကင်းမဲ့ဇုန် အဖြစ် ပြောင်းလဲဖို့ ထိရောက်စွာ ကူညီပေးပါလိမ့်မယ်။

Source : Forbes

Featured Photo : Lifewire