ဇာတ်လမ်း အမျိုးအစား အများကြီးထဲကမှ အတိုက်အခိုက်၊ စွန့်စားခန်းများနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရတဲ့ အက်ရှင်ဇာတ်ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။ ဒါကြောင့် အက်ရှင်မှ အက်ရှင်ဆိုတဲ့ ကွီးတို့အတွက် မကြာခင်မှာ ထွက်ရှိလာတော့မယ့် အက်ရှင် ဇာတ်ကားကောင်း တွေကို မျှဝေပေးမှာ ဖြစ်တာကြောင့် ဆက်လက်ဖတ်ရှုပေးပါဦးခင်ဗျာ။
Transformers: Rise of the Beasts
Source : Paramount Picture
Transformers ကားတွေကိုတော့ မကြိုက်နှစ်သက်တဲ့သူ မရှိသလောက်ပါပဲ။ အခုတစ်ခါမှာတော့ Transformers: Rise of the Beasts ဆိုပြီး ဒီ ၂၀၂၃ ဇွန်လ ၉ ရက်မှာ ထွက်ရှိမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ မဖြစ်မနေ စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းဖြစ်ပြီး ဘယ်လို စိတ်လှုပ်ရှားမှုတွေကို ခံစားရရှိနိုင်မလဲဆိုတာတော့ အတူတူစောင့်ကြည့်လိုက်ရအောင်ဗျာ။
Extraction 2
Source : Netflix
ဒီတစ်ခါတော့ မင်းသားကြီး Chris Hemsworth ရဲ့ အက်ရှင်ဇာတ်ကားကောင်း တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ သေဆုံးသွားပြီးလို့ ယူဆရဲ့ Chris Hemsworth ဟာ လောင်ကြေးမြင့် မစ်ရှင်တစ်ခု အတွက် ပြန်ပေါ်လာပြီးနောက် ဘာတွေ ဆက်ဖြစ်မှာလဲ၊ ဘယ်လိုစိတ်ဝင်စားဖွယ် အက်ရှင်ပြကွက်တွေကို ကြည့်ရှုခံစားရမလဲဆိုတာကို ဒီဇာတ်ကားမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဇွန်လ ၁၆ ရက်မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။
Indiana Jones and the Dial of Destiny
Source : Lucasfilm
အက်ရှင်ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် Indiana Jones ဇာတ်ကားတွေကိုတော့ စိမ်းမယ် မထင်ပါဘူး။ အခုတစ်ခါမှာတော့ ငါးကားမြောက်ဖြစ်တဲ့ Indiana Jones and the Dial of Destiny ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဘယ်လိုရင်ခုန် စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ဒီကားက ဇွန်လ ၃၀ ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။
Source : Paramount Picture
Mission Impossible ရဲ့ ထွက်သမျှ ကားတွေကို ကြိုက်တဲ့ ကွီးတို့ရှိပါသလား။ မကြာသေးမီ အချိန်အတောအတွင်းမှာပဲ နောက်ထပ်ကားသစ်ဖြစ်တဲ့ Mission: Impossible – Dead Reckoning Part One ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မင်းသားကြီး Tom Cruise ရဲ့ အမိုက်စား စတန့်တွေနဲ့ အက်ရှင်တွေကို ပြန်လည်ရှုစားရတော့မှာပဲ ဖြစ်ပါတယ်။ ဒီကားက ဇူလိုင်လ ၁၄ ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။
အက်ရှင်မှ အက်ရှင်ဆိုတဲ့ ကွီးတို့အတွက် မလွတ်တမ်း ကြည့်ရှုရမယ့် အက်ရှင်ဇာတ်ကားကောင်းတွေကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ရုပ်ရှင်ဇာတ်ကား အမျိုးစုံနဲ့ ဇာတ်ကားကောင်းတွေကို ဖော်ပြပေးပါဦးမယ်။
Source : Marie Claire
Featured Photo : Times of India