ဟောင်း နေတဲ့ ပစ္စည်းတစ်ခုကို စိတ်အညစ်ခံပြီး သုံးနေမယ့်အစား ဝဲပစ် လိုက်ပြီး မော်ဒယ်အသစ်တစ်မျိုး ဝယ်သုံးမယ်ဆိုရင် ပိုက်ဆံကုန်ရကျိုးလည်းနပ်ပြီး သုံးရတာလည်း ပိုစိတ်ချမ်းသာတဲ့ အတွေ့အကြုံကို ခံစားရပါတယ်။
ကွီးတို့က လျှပ်စစ်ပစ္စည်းအသစ်တွေကို ဝယ်ရတာ နှစ်သက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပစ္စည်းများကိုလည်း နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ့်ရဲ့ ဘတ်ဂျက်နဲ့ ချိန်ပြီး ဝယ်လို့ရအောင် အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ်။
Sony Linkbuds
နားကြပ်ပစ္စည်းများရဲ့ လမ်းပြရှေ့ဆောင်တစ်ဦးဖြစ်တဲ့ Sony ကလည်း သူ့ရဲ့ နောက်ဆုံးပေါ် နည်းပညာကို အသုံးချကာ အမိုက်စား Linkbuds တစ်ခု ထုတ်လုပ်လာခဲ့ပါတယ်။ နားကြပ်ရဲ့ ဒီဇိုင်းကို ကြည့်လိုက်မယ်ဆိုရင် တစ်မူထူးခြားပြီး ဆန်းသစ်နေတာကို တွေ့မြင်ရပါလိမ့်မယ်။ ဈေးနှုန်းအားဖြင့်တော့ ၁၄၉ ပေါင် ပေးချေရမှာပဲ ဖြစ်ပါတယ်။
Apple Airpods Gen 2
ပန်းသီးဖန်တွေ အတွက်ကတော့ ဒီအသုံးအဆောင်ပစ္စည်းက အမိုက်တကာ့ အမိုက်စားလို့တောင် ပြောလို့ရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀ ကျော်၊ ၃၀၀ ဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။ သူ့ထဲမှာ H2 Chip ကို ထည့်သွင်း အသုံးပြုထားတာဖြစ်ပြီး ထိုနည်းပညာက နောက်ခံဆူညံသံများကို ဖယ်ရှားပေးပါတယ်။ ဘက္ထရီကလည်း ၆ နာရီကြာ အသုံးခံတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
iRobot Roomba J7+
တံမြက်စည်းနဲ့ အိမ်သန့်ရှင်းရေး လုပ်ရတာ၊ ကြမ်းတိုက်ဝတ်နဲ့ အချိန်ကုန်၊ လူပင်ပန်းခံပြီး အိမ်အလုပ်လုပ်ရတာ ငြီးငွေ့နေပြီလား။ ဒါဆိုရင်တော့ တံမြက်စည်း အ ဟောင်း နဲ့ ကြမ်းတိုက်ဝတ်တွေကို ဝဲပစ် လိုက်ပါတော့။ ထိုပစ္စည်းများအစား iRobot Roomba J7+ ကို ရွေးချယ်လိုက်ပါ။ ဈေးနှုန်းကတော့ ၉၉၉ ပေါင် ပေးချေရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပေးဝယ်ရတဲ့ ဈေးနဲ့ အသုံးပြုရတာလည်း တန်ပြီး၊ အချိန်ကုန်၊ လူပင်ပန်း သက်သာတာကြောင့် ကွီးတို့ရဲ့ အိမ်က ညစ်ပတ်ပေရေနေမှာကို စိတ်ပူစရာမလိုအောင် သူ့ဆီမှာ ပုံအပ်ထားလို့ရပါတယ်။
Apple Watch Ultra
Apple နာရီတွေကတော့ တစ်နှစ်တစ်မျိုး မရိုးရအောင် ဒီဇိုင်းအသစ်များကို ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အားလုံးသိတဲ့အတိုင်းပဲ ဈေးမသက်သာပါဘူး။ ပေးရတဲ့ ဈေးနဲ့တန်အောင် သူ့ရဲ့ ဘက္ထရီသက်တမ်းကလည်း တစ်ခါ အားသွင်းပြီးတာနဲ့ ၃၆ နာရီ အသုံးခံပါတယ်။ အားကစားသမားများရဲ့ လက်စွဲ အသုံးတော်ခံပဲ ဖြစ်ပါတယ်။
MacBook Pro with M2 Chip
လက်ပ်တော့ အသစ်တစ်လုံး ပြောင်းဖို့ စဥ်းစားနေပါသလား။ ဒါဆိုရင်တော့ MacBook Pro M2 Chip အမျိုးအစားကို ထည့်သွင်းစဥ်းစားလိုက်ပါ။ ဒီဇိုင်းကတော့ ပြောစရာမလိုအောင် မိမိုက်နေပြီး Video Editing ပိုင်းတွေ အသုံးပြုရမယ့်သူတွေအတွက် အမိုက်စား အတွေ့အကြုံကို ခံစားရစေမှာပဲ ဖြစ်ပါတယ်။ အမိုက်စားနဲ့ Powerful အဖြစ်ဆုံး လက်ပ်တော့တစ်လုံးဖြစ်တဲ့ အားလျော်စွာ ဈေးနှုန်းကလည်း ဒေါ်လာ ၁၀၀၀ အထက်မှာပဲ ရှိပါတယ်။
KODAK Luma 150 Pocket Projector
သေးသေးကွေးကွေးနဲ့ သယ်ဆောင်သွားလို့ရတဲ့ ပရိုဂျက်တာတစ်လုံးကို ဝယ်ယူချင်ပါသလား။ ဒါဆိုရင်တော့ KODAK Luma 150 Pocket Projector လေးကို ရွေးချယ် ဝယ်ယူလိုက်ပါ။ စခရင်မ်ကို ၁၅၀ လက်မအထိ ချဲ့နိုင်ပြီး ဘက္ထရီကလည်း ၂ နာရီခွဲကြာ အသုံးခံပါတယ်။ ရုပ်ရှင်ပဲကြည့်ကြည့်၊ Presentation အတွက်ပဲလုပ်လုပ် သင့်တော်ပါတယ်။ ဈေးနှုန်းကတော့ ဒေါလာ ၂၂၀ ဝန်းကျင်ရှိပါတယ်။
ကွီးတို့ရော ဟောင်း နေတာတွေ ဝဲပစ် ပြီး အသစ်တွေ ဝယ်ယူဖို့အတွက် အစီအစဥ်ရှိပါသလား။ ဘယ်အမျိုးအစား၊ မော်ဒယ်တွေကို ဝယ်ယူဖို့ စဥ်းစားထားပါသလဲ။
Source: Sciencefocus
Featured Image: Indiaexpress