Sex Toy လို့ခေါ်တဲ့ လူကြီးကစားစရာ တုန်တုန် တွေကနေ STIs ကူးစက်နိုင်ပါသလား? တိုတိုတုတ်တုတ်ပဲ ဖြေပေးရမယ်ဆိုရင်တော့ Yup! ပါ။ ဒါပေမယ့် သိပ်လည်းစိတ်မပူပါနဲ့။ တုန်တုန်တွေကနေ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါများ (STIs) ကို သူ့အလိုလို မကူးစက်နိုင်ပါဘူး။ အဓိကအားဖြင့် Sex Toy တွေကို သေချာသန့်စင်မှုမရှိပဲ စနစ်တကျအသုံးပြုခြင်း မရှိမှသာလျှင် ရောဂါကူးစက်နိုင်ခြေ ရှိတာဖြစ်ပါတယ်။ တကယ်တော့ Sex Toy တွေဟာ ရောဂါကူးစက်စေတဲ့ အဓိကတရားခံမဟုတ်ပဲ ရောဂါပိုးကူးစက်ခံရနိုင်ဖို့ သယ်ဆောင်လာပေးတဲ့ ကြားခံနယ်တစ်ခုသာ ဖြစ်ပါတယ်။

တုန်တုန် တွေကနေ ဘယ်လို STIs ရောဂါတွေ ကူးစက်နိုင်လဲ

Sex Toys

Photo : Woman & Home

ပြောရရင် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်တဲ့ မည်သည့် STIs ရောဂါမဆို မျှဝေသုံးစွဲခြင်းပြုထားတဲ့ Sex Toy တွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ STIs ရောဂါအများစုဟာ ခန္ဓာကိုယ်ကနေ ထွက်တဲ့အရည်တွေကနေတဆင့် ကူးစက်တတ်သလို အရေပြားချင်း ထိတွေ့မှုကနေတဆင့်လည်း ရောဂါပိုးကူးစက်နိုင်ပါတယ်။ နားလည်အောင် ပြောရရင် STIs ရောဂါရှိတဲ့ ပထမလူရဲ့ ခန္ဓာကိုယ်မှ ထွက်ရှိတဲ့ သွေး ၊ သုက် ၊ ရှေ့ပြေးသုက်ရည်ကြည် ဒါမှမဟုတ် မိန်းမကိုယ်မှ ထွက်တဲ့ အရည်များနဲ့ ထိတွေ့ထားတဲ့ တုန်တုန်ကို ဒုတိယလူက သေချာသန့်စင်မှုမပြုပဲ အသုံးပြု ထိတွေ့မိမယ်ဆိုရင် ရောဂါပိုး ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။ ဥပမာအားဖြင့် လိင်အင်္ဂါ ရေယုန်ရောဂါဖြစ်ပွားနေတဲ့ ပါတနာက Sex Toy ကို အသုံးပြုပြီးနောက် မိနစ်အနည်းငယ်အကြာမှာ တူညီတဲ့ အဆိုပါ Sex Toy ကို သင်ကအသုံးပြုမိမယ်ဆိုပါက သင့်ထံ ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ခြေရှိပါနေတာ ဖြစ်ပါတယ်။

Sex Toy တွေဟာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါများ (STIs) ကိုပဲ ကူးစက်စေနိုင်တာ မဟုတ်ပဲ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် ရောင်ရမ်းရောဂါ ၊ လိင်အင်္ဂါကူးစက် မှိုရောဂါ နဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs) စတဲ့  ရောဂါတွေလည်း ကူးစက်နိုင်ပါတယ်။ လေ့လာမှုတွေအရ တခါတရံမှာ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် ရောင်ရမ်းရောဂါနဲ့ လိင်အင်္ဂါကူးစက် မှိုရောဂါတွေဟာ Sex Toy ကို အသုံးမပြုမီ သေချာစွာ သန့်စင်ဆေးကြောခြင်းမရှိဘဲ အသုံးပြုခြင်းကြောင့် ဖြစ်လာတက်ပါတယ်။

စအိုနဲ့ ကစားခြင်းက ရောဂါပိုး ကူးစက်နိုင်ပါသလား

Sex Toys

Photo : Rapid STD Testing

စအိုနဲ့ ဆက်ဆံခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ သတိပေးထားတဲ့ အန္တရာယ်အရှိဆုံး ဆက်ဆံမှုတစ်ခုပါပဲ။ Centers for Disease Control and Prevention (CDC) ရဲ့ယုံကြည်စိတ်ချရတဲ့အရင်းအမြစ်တွေအရ မစင်ကနေတဆင့် အောက်ပါတို့ ရောဂါပိုးမွှားတွေ ကူးစက်ခံရနိုင်ပါတယ်။

အသည်းရောင်အသားဝါ (Hepatitis) A ၊ B နဲ့ C
Giardia lamblia အပါအဝင် ကပ်ပါးကောင်ရောဂါများ
အူတွင်းအမီဘားရောဂါ
Shigella ၊ Salmonella ၊ Campylobacter နဲ့ E. coli အပါအဝင် ဘက်တီးရီးယားရောဂါများ
စတဲ့ ရောဂါတွေကို စအိုနဲ့ ဆက်ဆံခြင်းကနေ ကူးစက်ခံနိုင်ပါတယ်။

ဆန့်ကျင်ဘက်ပါတနာရဲ့ စအိုကို လိင်တံ သို့မဟုတ် လက်ချောင်းတွေအစား တုန်တုန်ကို အသုံးပြုမယ်ဆိုပါကလည်း ရောဂါပိုးကူးစက်ခံရနိုင်ခြေအန္တရာယ်ဟာ အရမ်းကြီးသိသိသာသာလျော့ပါးသွားမှာမဟုတ်ပဲ အဆိုပါ Sex Toy ကနေ တဆင့် ရောဂါကူးစက်ခံရ နိုင်ပါသေးတယ်။

နောက်တစ်ချက်ကတော့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါများ (STIs) တွေက တစ်ခုထက်ပိုပြီး ကူးစက်နိုင်ခြေရှိသလို မိမိကိုယ်ကိုယ်လည်း ပြန်လည်ကူးစက်နိုင်ပါသေးတယ်။  ဥပမာအားဖြင့် မိန်းမကိုယ်ဆီးပူညောင်းကျ ရောဂါရှိသူဟာ မိန်းမကိုယ်အတွက် Sex Toy ကို အသုံးပြုထားပြီး စအိုအတွက်ပါ ပြောင်းလဲအသုံးပြုမယ်ဆိုပါက စအိုလမ်းကြောင်းဆိုင်ရာ ဆီးပူညောင်းကျရောဂါ ထပ်မံဖြစ်ပွားနိုင်ပါတယ်။

Sex Toy အသုံးပြုမယ်ဆိုရင် အရေးကြီးဆုံး လိုက်နာရမယ့် အချက်

Sex Toys

Photo : Broadsheet

လိင်မှုဆိုင်ရာ ခံစားမှုအသစ်အဆန်းတွေကို ခံစားရရှိဖို့အတွက် Sex Toy တွေ အသုံးပြုတဲ့အခါ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါများ (STIs) ကူးစက်မှုကို ကောင်းစွာကာကွယ်နိုင်ဖို့ဆိုရင် Sex Toy တွေကို အသုံးမပြုခင် နဲ့ အသုံးပြုပြီးတိုင်းမှာ လုံးဝသန့်ရှင်းမှုရှိစေဖို့ သေချာဆေးကြော သန့်စင်ပေးရမှာဖြစ်ပါတယ်။ Sex Toy ဆေးကြောသန့်စင်ရာမှာတော့ အသုံးပြုထားတဲ့ Material တွေပေါ်မူတည်ပြီး သန့်ရှင်းရေးပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ မော်တာပါ တုန်တုန် တွေဆိုရင် ရေခပ်နွေးနွေးနဲ့ ဆပ်ပြာတို့ကို အသုံးပြုဆေးကြောနိုင်ပြီး တုန်ခါမှုအတွက် မော်တာတပ်ဆင်ထားခြင်းမရှိတဲ့ Sex Toy တွေကိုတော့ ပွက်ပွက်ဆူနေတဲ့ရေနွေးကို အသုံးပြုဆေးကြောနိုင်ပါတယ်။

ဖန်နဲ့ စတိန်းလက်စတီး Material သုံး Sex Toy တွေကို ရေနွေးနွေးနဲ့ ဆပ်ပြာ သို့မဟုတ် ရေနွေးပူပူနဲ့ ဆေးကြောသန့်စင်နိုင်ပါတယ်။

Pyrex နဲ့ ABS ပလပ်စတစ်အသုံးပြုဖန်တီးထားတဲ့ Sex Toy တွေကိုတော့ ရေနွေးနွေးနဲ့ ဆပ်ပြာကို အသုံးပြုပြီး သန့်စင်ပေးနိုင်ပါတယ်။

Elastomer ၊ Latex နဲ့ Jelly ရော်ဘာသုံး Sex Toy တွေ ရိုးရိုးအခန်းအပူချိန်မှာရှိတဲ့ ရေနဲ့ ဆပ်ပြာအမြုပ်ထအောင် ပြုလုပ်ထားတဲ့ အဝတ်သန့်သန့်ကို အသုံးပြုပြီး ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။

Sex Toy တွေကို အသုံးပြုပြီး ဆေးကြောသန့်စင်ပြီးတဲ့အခါမှာလည်း ခြောက်သွေ့အောင်ပြုလုပ်ပြီး သေချာစနစ်တကျ သိမ်းဆည်းထားဖို့ အရေးကြီးပါတယ်။ ဒါမှ ဖုန်နဲ့ အညစ်အကြေးတွေ ၊ ဘက်တီးရီးယားပိုးမွှားတွေနဲ့ တိရစ္ဆာန်အမွေးအမျှင်တွေ စုပုံနိုင်ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါများ (STIs) နဲ့ ဘက်တီးရီးယား ပိုးမွှားကူးစက်ခံရနိုင်ခြင်းဟာ သင်အသုံးပြုတဲ့ တုန်တုန် တွေရဲ့ သန့်ရှင်းမှုရှိမရှိမပေါ် အများကြီး မူတည်နေတယ်ဆိုတာ မမေ့ပါနဲ့။

Featured Photo : Covington Women’s Health Specialists