လူသားများရဲ့ စိတ်ခံစားချက်သည် အခြေအနေ အကြောင်းအရင်းပေါင်းများစွာပေါ် မူတည်ပြီး ပြောင်းလဲသွားတတ်ပါတယ်။ ကောင်းမွန်တဲ့ အတွေ့အကြုံများကို ခံစားနေရပါက ပျော်ရွှင်ကြည်နူးမှုများကို ခံစားရပြီး ကိုယ့်ရဲ့ ခံနိုင်ရည်အားထက် ကျော်လွန်တဲ့ ကိစ္စရပ်များ၊ တာဝန်များကို လုပ်ဆောင်နေရပါက စိတ်ဖိစီးမှုများကို ခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှုသည် ကွီးတို့ရဲ့ စိတ်ကျန်းမာရေးသာမက ကွီးတို့ရဲ့ ဖွားဖက်တော် ညီလေး ကိုပါ ဆိုးကျိုး များ သက်ရောက်စေပါတယ်။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ မျိုးဆက်သစ်များအတွက် အန္တရာယ်များလာပြီပဲ ဖြစ်ပါတယ်။
စိတ်ဖိစီးမှုများသည် ကွီးတို့ရဲ့ ညီလေး ကို ဘယ်လို ဆိုးကျိုး များ သက်ရောက်စေသလဲ
ကွီးတို့ရဲ့ ညီလေး တက်ကြွနိုးထလာရခြင်း အခြေအနေ (၃) မျိုး ရှိပါတယ်။ ပထမအခြေအနေကတော့ ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကြောင့် ဖြစ်ပါတယ်။ ဒုတိယအခြေအနေကတော့ အမြင်အာရုံနှင့် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကြောင့်ဖြစ်ပြီး နောက်ဆုံး အခြေအနေကတော့ အိပ်ပျော်နေစဥ်အတွင်းမှာ သဘာဝအရ နိုးထလာခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေ သုံးမျိုးစလုံးသည် ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းများရဲ့ လုပ်ငန်းတာဝန်များ၊ ဖြစ်စဥ်များနှင့် သက်ဆိုင်ပါတယ်။ အသက်အရွယ် အပိုင်းအခြားပေါ် မူတည်ပြီး ရွှေပန်း မပွင့်လန်းရခြင်း အကြောင်းအရင်းများသည် ကွဲပြားသွားနိုင်ပါတယ်။
ဥပမာအားဖြင့် ဆယ်ကျော်သက်များနှင့် လူငယ်များသည် ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု အားနည်းခြင်းကြောင့် ဖွားဖက်တော် မနိုးထလာခြင်းကို ကြုံတွေ့ရပြီး လုပ်ငန်းခွင် ဝင်နေရတဲ့ သက်လတ်ပိုင်း အမျိုးသားများကတော့ ဒုတိယအခြေအနေဖြစ်တဲ့ အမြင်အာရုံနှင့် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု အားနည်းသွားတဲ့အခါ ဖွားဖက်တော်က မလှုပ်ရှားနိုင်တော့ပါဘူး။ နောက်ဆုံးအခြေအနေကတော့ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသားများထံတွင် အဖြစ်များပါတယ်။
တရားခံ (၅) ဦး
ထိုအခြေအနေ (၃) မျိုးကို ထိခိုက်ပျက်စီးစေတဲ့ အကြောင်းအရင်း (၅) မျိုး ရှိပါတယ်။ ထိုအရာများကတော့ …
အာရုံကြောစနစ် ထိခိုက်ခြင်း၊ သွေးလှည့်ပတ် စီးဆင်းမှု မကောင်းခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ဟော်မုန်း အပြောင်းအလဲနှင့် စိတ်ခံစားချက်တို့ပဲ ဖြစ်ပါတယ်။ ထိုတရားခံ (၅) မျိုးထဲက တစ်မျိုးမျိုးက တစ်ခုခု ချွတ်ချော်သွားတာနဲ့ ကွီးတို့ရဲ့ ရွှေပန်းက ပွင့်လန်းနိုင်တော့မှာမဟုတ်ပါဘူး။
ဖွားဖက်တော်နဲ့ စိတ်ဖိစီးမှုတို့က ဘယ်လို ဆက်နွယ်နေသလဲ။
စိတ်ကျန်းမာရေး ချို့တဲ့ခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းစဥ်များ နှေးကွေးသွားပြီး ဦးနှောက်ကတဆင့် ခန္ဓာကိုယ် တုန့်ပြန်မှုများသည်လည်း ထိခိုက်လာတတ်ပါတယ်။ ကွီးတို့ရဲ့ ရွှေပန်း နိုးထလာဖို့အတွက် ပုံမှန်ဆိုရင် ဦးနှောက်ကတဆင့် ဖွားဖက်တော်ဆီသို့ သတင်းအချက်အလက် ပေးပို့ပြီး ထိုမှဆင့် ဖွားဖက်တော်ဆီသို့ သွေးလှည့်ပတ် စီးဆင်းကာ ရွေပန်းလေး ပွင့်လန်းလာတာ ဖြစ်ပါတယ်။
အခုဖော်ပြပေးမယ့် အချက်များကလည်း ကွီးတို့ရဲ့ ရွှေပန်းကို ညှိုးနွမ်းသွားစေနိုင်ပါသေးတယ်
- Relationship ပြဿနာများ
- အလုပ်အကိုင်ကြောင့် စိတ်ဖိစီးရခြင်း
- ကိုယ် ချစ်ခင်ရသူ တစ်ယောက်ယောက်က နာမကျန်းဖြစ်ခြင်း (သို့) ချစ်ခင်ရသူ တစ်ယောက်ယောက်ကို ဆုံးရှုံးသွားရခြင်း
- ကိုယ့်ရဲ့ ကျန်းမာရေးတွင် အပြောင်းအလဲ တစ်ခုခုရှိခြင်းနှင့်
- ငွေရေးကြေးရေး ပြဿနာများ အစရှိတဲ့ အချက်များပဲဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ စိတ်ဖိစီးမှုက ဘယ်ကနေ အရင်းခံဖြစ်တည်လာသလဲဆိုတာကို သိရှိအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် အဖြေရှာနိုင်မှာဖြစ်ပြီး စိတ်ဖိစီးမှုများကိုလည်း လျော့ချနိုင်မှာပဲဖြစ်ပါတယ်။
စိတ်ဖိစီးမှုက ကွီးတို့ရဲ့ ညီလေး ကို ဘယ်လောက်ထိတောင် ဆိုးကျိုး ဖြစ်သွားစေနိုင်သလဲဆိုတာ သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။ ကိုယ် ကြုံတွေ့နေရတဲ့ အခြေအနေပေါ် မူတည်ပြီး စိတ်ဖိစီးမှုများကို လျော့ချဖို့ရော ရယ်ဒီဖြစ်ပြီလား။
Source: Healthline
Featured Image: Inverse