Weibo ကနေ အသစ်ထွက်ရှိလာတဲ့ ကောလာဟလ သတင်းတွေအရ Oppo Find N3 မှာ ပထမဆုံး ကြိုးမဲ့ Wireless အားသွင်းစနစ်  Support ပေးလာမယ်လို့ သိရပြီး အလန်းဆုံး Flagship ကင်မရာ တွေ ၊ အမိုက်စား Displays နဲ့ ဘက်ထရီတွေလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

Oppo Find N3

Photo : GSMArena.com

သို့သော်လည်း Report မှာတော့ ဖုန်းနဲ့ပတ်သတ်တဲ့ တိကျတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။ လက်ရှိအချိန်အထိ သိထားရတဲ့ သတင်းအချက်အလက်တွေ အရတော့ Oppo Find N3 မှာ 2268x2440px Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ပေးထားပြီး ၈ လက်မ အတွင်းဘက် Display ကျယ်ပါဝင်လာမှာ ဖြစ်ပါတယ်။

Cover Display ကတော့ ၆.၅ လက်မ ယူနစ်ဖြစ်မယ်လို့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။ Oppo Find N3 ဖုန်းမှာ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာဖြစ်ပြီး 16GB RAM နဲ့ 1TB Storage အထိ ပါဝင်လာနိုင်ပါတယ်။

ဘက်ထရီအနေနဲ့ ၄,၈၀၅ mAh ပါဝင်ပြီး 80W အားသွင်းကြိုးနဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာ ပိုင်းမှာတော့ 50MP IMX890 Main ကင်မရာ ၊ 48MP IMX581 Ultrawide ကင်မရာနဲ့ 32MP L07D1W22 Periscope Zoom ကင်မရာ တို့ကို ကျောဘက်မှာ တွဲဖက်တပ်ဆင်ပေးထားမယ်လို့ ယူဆရပြီး Cover Screen မှာ 32MP ဆယ်လ်ဖီကင်မရာနဲ့ အတွင်းဘက်မှာလည်း 32MP ကင်မရာ ၁ လုံး တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။

Oppo Find N3

Photo : Playfuldroid!

အသေးစိတ် အချက်အလက်တွေကိုတော့ ဆက်လက်စောင့်ကြည့် ရဦးမှာဖြစ်ပြီး Oppo အနေနဲ့ Find N3 စမတ်ဖုန်းအသစ်ကို လာမယ့် ဩဂုတ်လအစောပိုင်းမှာ မိတ်ဆက်လာနိုင်ဖွယ် ရှိနေပါတယ်။

Featured Photo : GSMArena.com