တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှခြင်း၊ နားလည်မှုရှိခြင်းသည် Relationship တစ်ခုမှာ မရှိမဖြစ်လိုအပ်ပါတယ်။ အထူးသဖြင့် အိမ်ထောင်ဘက်နှစ်ဦးကြား လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ လက်တွေ့ဘဝမှာလည်း အပေးအယူမျှဖို့ လိုအပ်သလို ဖဲမွေ့ယာထက်မှာလည်း အပေးအယူမျှဖို့ လိုအပ်ပါတယ်။ ဒါမှသာ အိမ်ထောင်ရေး သုခနဲ့ ပြီးပြည့်စုံပြီး သာယာကြည်နူးဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကွီးတို့ရဲ့ အသည်းကျော် ပဲလှော်လေး စိတ်ကျနပ်အောင် အကွက်ဆန်း တွေ ထုတ်သုံးတတ်ဖို့လည်း လိုအပ်ပါတယ်။
ကွီးတို့ရဲ့ အသည်းကျော် ပဲလှော်လေးက အကွက်ဆန်း ဆန်းတွေကို လိုလားတောင့်တတယ်ဆိုရင် ကွီးတို့ဘက်က အတင်းအကြပ်လုပ်ယူစရာမလိုတော့ပါဘူး။ အချိန်တန်တာနဲ့ စိုက်ကြည့်ရင် အလိုက်သိသွားမှာပါ။
ဒီလိုမျိုး အကွက်ဆန်းဆန်းတွေ တတ်မြောက်ထားဖို့ဆိုရင် ဘယ်လိုသင်ယူနိုင်မလဲ။
ရိုမန့်တစ်ဆန်တဲ့ အချစ်ဇာတ်ကားများကနေ သင်ယူပါ
ရိုမန့်တစ်ဆန်တဲ့ အချစ်ဇာတ်ကားထဲကနေ သင်ယူခြင်းကတော့ ပထမနည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းထဲမှာဆိုရင် ကွီးတို့သည် ကိုယ့်ရဲ့ ချစ်သူကောင်မလေးကို ရိုမန့်တစ်ဆန်ဆန် ဘယ်လို ဆွဲဆောင်နိုင်မလဲဆိုတာ သိသွားမှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ချစ်သူကို ရိုမန့်တစ်ဆန်ဆန် ပြုမူပေးမှသာလျှင် တစ်ဖက်ကလည်း ကိုယ့်ရဲ့ အပြုအမူတွေအောက်မှာ အရည်ပျော်သွားမှာ ဖြစ်ပါတယ်။
လူကြီး ဇာတ်ကားတွေထဲကနေ သင်ယူပါ
လူကြီး ဇာတ်ကားတွေကတော့ စောစောက ရိုမန့်တစ် အချစ်ဇာတ်ကားတွေထက် သိုင်းကွက်ပိုစုံပြီး သင်ယူစရာ ပိုများပါတယ်။ ကွီးတို့အနေနဲ့ လူကြီး ဇာတ်ကားတွေထဲက သိုင်းကွက်တွေကို စုဆောင်းထားပြီး ကိုယ့်ရဲ့ စကီလေးနဲ့ နှစ်ပါးသွားကတဲ့အခါ လက်တွေ့အသုံးချနိုင်ပါတယ်။ ပုံမှန်သုံးနေကျ အကွက်တွေပဲ သုံးမယ့်အစား တစ်ခေါက် တစ်မျိုး မရိုးရအောင် ပြောင်းလဲမယ်ဆိုရင်တော့ နှစ်ဦးသားစလုံး အတွေ့အကြုံသစ်ကို ခံစားရမှာပဲ ဖြစ်ပါတယ်။
အရှိန်လျော့ပါ
စလာတာနဲ့ ဂူအောင်းသိုင်း ကျင့်မယ်ဆိုတဲ့ ဘီးကျဲတို့က ဟိုးထားပါ။ မလောပါနဲ့။ ကိုယ့်ဘက်က လောလိုက်တဲ့အခါ တစ်ဖက်က နာကျင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဘော်ဒါတိုင်း ရှောင်ကြဥ်သင့်တဲ့ အမှားတစ်ခုပဲဖြစ်ပါတယ်။ အမျိုးသားထုကြီးရဲ့ မဟာအမှားကတော့ ဇာတ်လမ်းစတာနဲ့ ဂူအောင်းသိုင်းကျင့်တာပဲဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်မယ့်အစား Foreplay အရင်လုပ်ရမှာ ဖြစ်ပါတယ်။ Foreplay လုပ်တဲ့အခါ လက်သိုင်းကျမ်း၊ လျှာသိုင်းကျမ်းအပြင် အရုပ်သိုင်းကျမ်းတို့နဲ့လည်း ပြုလုပ်နိုင်ပါတယ်။ သူ(မ) စိတ်ကျေနပ်လာပြီးဆိုရင်တော့ ကွီးတို့ရဲ့ အကွက်ဆန်းတွေနဲ့ ဂူအောင်းသိုင်း လေ့ကျင့်နိုင်ပါပြီ။
ဒါဆိုရင်တော့ ကွီးတို့ရဲ့ အသည်းကျော် ပဲလှော်လေးက ကွီးတို့ရဲ့ အကွက်ဆန်း တွေအောက်မှာ ဝပ်တွားခယသွားမှာပဲဖြစ်ပါတယ်။ ဒီလိုမျိုး သိုင်းကွက်မျိုးစုံ တတ်ထားမယ်ဆိုရင်ကွီးတို့ရဲ့ စကီလေးကရော ညစာ မစားဘဲ နေနိုင်မတဲ့လားဗျာ။
Source: Kamalifestyles
Featured Image: Freepik