လူသားတစ်ယောက်သည် လူပျိုဖော်၊ အပျိုဖော် ဝင်လာတဲ့အခါ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်တဲ့ သဘောလက္ခဏာကို တွေ့မြင်ရတတ်ပါတယ်။ လူငယ်သဘာဝ စူးစမ်းလိုစိတ်ရှိခြင်းသည်လည်း သဘာဝတရားတစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ စူးစမ်းလိုစိတ်ကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာများနှင့် ဘဝ ထိခိုက်စေမယ့် အဖြစ်မျိုး မကြုံတွေ့ရဖို့အတွက် Sex Education ကို နောကျေနေအောင် သိထားဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ပါတနာနဲ့ နှစ်ယောက်သား ချစ်ကြည်နူး တစ်တီတူးကာ သိုင်းကွက်မျိုးစုံ၊ အကမျိုးစုံနဲ့ ကခုန်ခြင်းသည်လည်း စွဲမက်ဖွယ်ကောင်းတဲ့ အရာတစ်ခုလိုပါပဲ။ သောက်လေ သောက်လေ ငတ်မပြေ တဲ့ ပင်လယ်ရေတော့မဟုတ်၊ အချစ်ရေစင် ပဲ ဆိုကြပါစို့။

လိင်စိတ်တပ်မက်ခြင်းသည် အရွယ်ရောက်ပြီးသားလူတိုင်းမှာ အနည်းနဲ့ အများတော့ ရှိတတ်ကြပါတယ်။ ကိုယ့်ရဲ့ တပ်မက်မှုကို ကိုယ်ကျင့်တရားနဲ့ သိက္ခာ၊ အသိတရားတို့က အလွန်အကျွံမဖြစ်အောင် ထိန်းချုပ်ထားတာပဲဖြစ်ပါတယ်။ သို့သော် ထိုအရာများက လိင်စိတ်တပ်မက်မှု အတွေးကို မထိန်းချုပ်ထားနိုင်တော့ဘူးဆိုရင်တော့ စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိလာပြီပဲဖြစ်ပါတယ်။

ကိုယ်က ထိုအရာကို အလွန်အမင်း စွဲလမ်းနေကြောင်း ဘယ်လိုအချက်တွေက ဖော်ပြနေသလဲ။

သောက်လေ အချစ်ရေစင်

လိင်စိတ်တပ်မက်ခြင်း အတွေးများ၊ အပြုအမူများကြောင့် တစ်ညလုံး အိပ်ရေး ပျက်နေပြီလား။

ထိုအရာတစ်ခုတည်းကိုသာ တပ်မက်နေခြင်းကြောင့် အခြားသော လုပ်ငန်းဆောင်တာများ၊ တစ်နေ့တာ လုပ်ငန်းစဥ်များကိုပါ လျစ်လျူရှုထားနေမိပြီလား။

ကိုယ့်ဘက်က ရပ်ဖို့ ကြိုးစားနေပေမယ့် ထိုအတွေးတွေကို ဘယ်လိုမှ ထိန်းချုပ်မရဖြစ်နေပြီလား။

တစ်နေ့တည်းနဲ့ ကြိမ်ဖန်များစွာ Masturbate ပြုလုပ်နေမိပြီလား။

လူကြီးဇာတ်ကားများကို ကြိမ်ဖန်များစွာ ကြည့်နေမိပြီလား။

ဒီလိုအချက်များက မိမိသည် လိင်စိတ်တပ်မက်မှုကို လိုအပ်သည်ထက် အလွန်အကျွံ စွဲလန်းနေပြီဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာများပဲဖြစ်ပါတယ်။

ဒီလိုမျိုး မကြာခဏဖြစ်လာနေပြီဆိုရင်တော့ ကွီးတို့ရဲ့ လူမှုဘဝကိုပါ ထိခိုက်လာနိုင်ပြီး တစ်ချိန်ချိန်မှာ အရှက်ရစရာ အခြေအနေမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားလေးအတိုင်းပါပဲ။

မိမိရဲ့ လိုအင်ဆန္ဒကို ကျန်းမာရေးနဲ့အညီ လုပ်ဆောင်နိုင်ဖို့ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းဖို့ လိုအပ်ပါလိမ့်မယ်။

ကိုယ့်စိတ်ကို လှုံဆော်နေတဲ့ အရာတွေကို ပိတ်ပင်ထားပါ

သောက်လေ အချစ်ရေစင်

ကွီးတို့ရဲ့ လိင်စိတ်တပ်မက်မှုကို လှုံ့ဆော်ပေးတဲ့ အရာတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးနေပါ။ ယနေ့ခေတ်က အိုင်တီခေတ်ဖြစ်တဲ့အားလျော်စွာ ဘာမဆို အလွယ်ရနေတာဖြစ်ပါတယ်။ 18+ ရုပ်ရှင်တွေကို အင်တာနက်ပေါ်ကပဲ ကြည့်မလား၊ တယ်လီဂရမ်ကပဲ ကြည့်မလား ကြည့်လို့ရပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ လိုအပ်သည်ထက် ပိုမိုစွဲလန်းတပ်မက်နေပြီလို့ သံသယရှိရင်တော့ ကိုယ့်စိတ်ကိုယ် နိုင်အောင် ထိန်းရမှာပဲဖြစ်ပါတယ်။

အင်တာနက်ပေါ်က ၁၈ အပေါင်း ဝက်ဆိုဒ်တွေကို ဘလော့ထားပါ။ ကိုယ့်ရဲ့ ကွန်ပျူတာပေါ်မှာ၊ ဖုန်းပေါ်မှာလည်း ထိုအရာတွေ ပေါ်မလာအောင် ဘလော့လုပ်ထားပါ။ နိုက်ကလပ်တွေ၊ ဘားတွေလည်း အချိန်တစ်ခုကြာသည်အထိ မသွားပါနဲ့ဦး။ ကိုယ့်ရဲ့ Lifestyle ကို အပြောင်းအလဲဖြစ်အောင် ပြုလုပ်လိုက်ပါ။

အခြားသော ကျန်းမာရေး အခြေအနေတွေကိုလည်း ကောင်းမွန်အောင် ထိန်းထားပါ

သောက်လေ အချစ်ရေစင်

တကယ်လို့ ကွီးတို့မှာ အခြားသော ကျန်းမာရေး ပြဿနာများ ရှိတယ်ဆိုရင်လည်း ထိုကျန်းမာရေး ပြဿနာများကိုပါ ထပ်ပေါင်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဥပမာ စိတ်ကျရောဂါ၊ စိတ်အပြောင်းအလဲ အတက်အကျမြန်တဲ့ Bipolar Disorder ၊ စိတ်လှုပ်ရှားမှု ပြင်းထန်တဲ့ ရောဂါ အစရှိတဲ့ ရောဂါအခြေအနေများကြောင့် ဆေးဝါးများ မှီဝဲနေရတယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ လိုအပ်ပါတယ်။ တကယ်လို့ တစ်စုံတစ်ခု မူမှန်တာကို သတိပြုမိတယ်ဆိုရင် ဆရာဝန်ထံ ကုသမှု အမြန်ဆုံး ခံယူသင့်ပါတယ်။​

ကျန်းမာရေးနှင့် ညီညွှတ်သော အပြုအမူကောင်းများကို ကျင့်သုံးပါ

ကျန်းမာရေး

ကိုယ့်ရဲ့ Lifestyle ကို ပြောင်းလဲပစ်ခြင်းသည် ကိုယ့်ရဲ့ စိတ်ကိုလဲ အပြောင်းအလဲဖြစ်စေပြီး စိတ်ထဲမှာ ကာမတပ်မက်စိတ်တစ်ခုတည်း ကြီးစိုးမနေအောင် ကူညီပေးပါတယ်။ ကိုယ့်ရဲ့ Lifestyle ကို ပြောင်းလဲပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အပြုအမူများ ပြုလုပ်ဖို့ရန်အတွက် ကြိုးစားပါ။ လေ့ကျင့်ခန်းများများ ပြုလုပ်ပါ။ အားကစားတစ်ခု လိုက်စားပါ။ လုပ်အားပေး အလုပ်များ လုပ်ကိုင်ပါ။ တရားထိုင်ပါ။ ယောဂ ကျင့်ပါ။

ကျန်းမာတဲ့ အလေ့အကျင့်များကို ပြုမူကျင့်သုံးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဘဝသည်လည်း အရင်လိုပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော သောက်လေ သောက်လေ ငတ်မပြေတဲ့ အချစ်ရေစင် ကို ဘယ်လိုမျိုး ထိန်းချုပ်လေ့ရှိပါသလဲ။

Source: Cevelandclinic

Featured Image: Freepik