ကွီးတို့ရဲ့ ခရက်ရှ်လေးက ကွီးတို့ကို ကြွေဆင်း သွားဖို့ဆိုရင် အခုဖော်ပြသွားမယ့် နည်းလမ်းများနဲ့ ဥာဏ် ကို လွှာသုံးတတ်ဖို့လိုပါလိမ့်မယ်။ ဒီနည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ခရက်ရှ်ကနေ ကွီးတို့ရဲ့ ရှော်တီလေးအဖြစ် အဆင့်တက်သွားမှာပဲ ဖြစ်ပါတယ်။
မျက်လုံးချင်း စကားပြောပါ
မျက်လုံးချင်းဆုံကာ စကားပြောခြင်းသည် ဘယ်တော့မှ ဒိတ်မအောက်သွားမယ့် နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလူက ကိုယ့်ကို စိတ်ဝင်စားနေလား၊ စိတ်မဝင်စားဘူးလားဆိုတာကို မျက်လုံးချင်းစကားပြောကြည့်ရာကနေ သိနိုင်ပါတယ်။ ဒီနည်းနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်း ဖလှယ်ရင်း စိတ်လှုပ်ရှားကာ သမီးရည်းစားအဆင့်တက်သွားကြသူတွေ တစ်ပုံကြီးပါပဲ။
မျက်လုံးချင်း စကားပြောတဲ့အခါမှာလည်း သူ(မ)ကို စိုက်ကြည့်ပြီး ကျောချမ်းစရာကောင်းလောက်တဲ့ အကြည့်မျိုးနဲ့ မကြည့်မိဖို့လိုအပ်ပါတယ်။ သူ(မ)ကို ငေးကြည့်နေရင်း ကိုယ့်ဘက်က ရှက်ပြုံးလေး ပြုံးကာ ချစ်ရိပ်သမ်းနေတဲ့ မျက်ဝန်းလေးနဲ့ ငေးကြည့်နေရမှာ ဖြစ်ပါတယ်။ ဒါမှ တစ်ဖက်မိန်းကလေးကလည်း မကြောက်တော့ဘဲ ကွီးတို့ကို စိတ်ဝင်စားမှာ မဟုတ်လား။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိခြင်းလောက် ဆွဲဆောင်မှုအားကောင်းတာ မရှိတော့ပါဘူး
မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းသည် လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို တိုးစေပါတယ်။ ကွီးတို့ ခရက်ရှ်ကို ကွီးတို့က သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ကိုယ့်ဘက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြောင်းကို ပြသမယ်ဆိုရင် ရှော်တီလေးကလည်း ကွီးတို့ကို ခိုက်သွားမှာပဲဖြစ်ပါတယ်။
တကယ်လို့ ကွီးတို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်ျက်မရှိလို့ စိတ်ညစ်နေစရာလည်း မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသယောင် ဟန်ဆောင်လို့ရပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ခရက်ရှ်နဲ့ တွေ့တယ်ဆိုရင် ကိုရီးယားကားထဲက မင်းသားနဲ့ မင်းသမီးတွေ့မယ့် ဇာတ်ဝင်ခန်းကိုသာ မြင်ယောင်ကြည့်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ကမ္ဘာ့အခန့်ညားဆုံး လူသားတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပါ။ ပြီးရင် ဆွဲဆောင်မှုရှိတဲ့ အပြုံးနဲ့ ညှို့ငင်လိုက်ပါ။ ဒီနည်းလမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် မြင့်တင်နိုင်ပါတယ်။
တစ်ခုရှိတာကတော့ အရမ်း မာန်တက်နေတဲ့ပုံစံမဖြစ်မိဖို့တော့ လိုအပ်ပါတယ်။ ကွီးတို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ဆွဲဆောင်မှု တိုးအောင် ပြုလုပ်ချင်တယ်ဆိုတာကို သတိရပါ။ အမြင်ကတ်ခံရအောင် ပြုလုပ်ချင်တာမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။
Friend Zone ထဲကို အဝင်မခံပါနဲ့
ကိုယ့်ရဲ့ ခရက်ရှ်လေးက ကိုယ့်ကို ကြွေဆင်း ချင်တယ်ဆိုရင်တော့ Friend Zone ထဲကို အဝင်မခံဖို့အတွက် ဥာဏ် ကို လွှာသုံးတတ်ရပါမယ်။ အကောင်းဆုံး Relationship သည် Friendship ပေါ်မှာ အခြေခံတယ်ဆိုတာ တကယ်တော့ ဂျင်းပါ။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ခရက်ရှ်နဲ့ အရင်ဦးဆုံး သူငယ်ချင်းဖြစ်အောင် ကြိုးစားမယ်၊ ပြီးမှ သူငယ်ချင်းကနေ အဆင့်တက်ပြီး သမီးရည်းစားဖြစ်အောင် ပြုလုပ်မယ်လို့ တွေးထားကောင်း တွေးထားပါလိမ့်မယ်။
အဲ့ဒီလို အတွေးမျိုး ယောင်လို့တောင် မတွေးလိုက်ပါနဲ့။ တကယ်ပြောတာပါ။
ကွီးတို့သာ Friend Zone ထဲ ရောက်သွားလို့ကတော့ အဲ့ထဲကနေ ပြန်ရုန်းထွက်ဖို့ အချိန်အကြာကြီး ပြန်ကြိုးစားရပါဦးမယ်။ မယုံမရှိပါနဲ့။ အချို့တွေဆို Friend Zone ထဲမှာတင် တစ်သက်လုံး ပိတ်သွားတာမျိုးတွေ ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ခရက်ရှ်ကို ချဥ်းကပ်တော့မယ်ဆိုရင် ဘယ်တော့မှ သူငယ်ချင်းဖြစ်အောင် အရင်ကြိုးစားမယ်လို့ မတွေးပါနဲ့။ တစ်ခါတည်း သမီးရည်းစားအဖြစ် အဆင့်တက်အောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။
လှည့်ဖြားမှုဂိမ်းကို မဆော့ပါနဲ့
ကိုယ့် သူငယ်ချင်းတွေက ဘယ်လောက် မြှောက်ပေးနေပါစေ၊ ဒီလိုဂိမ်းမျိုးကိုတော့ မဆော့သင့်ပါဘူး။ ကွီးတို့ရဲ့ အချိန်တွေအတွက်ရော၊ နှစ်ယောက်စလုံးရဲ့ အချိန်အတွက်ပါ မတန်ပါဘူး။ ကွီးတို့ နှစ်ယောက်စလုံးလည်း ထိခိုက်ဒဏ်ရာ ရသွားနိုင်ပါတယ်။
လှည့်ဖြားမှုဂိမ်းဆိုတာ ဘယ်လိုမျိုးလဲ။
သူ(မ) သဝန်တိုအောင်လို့ အခြားကောင်မလေးတစ်ယောက်နဲ့ တွဲသွားတွဲလာ လုပ်တာမျိုး၊ အီစီကလီ လုပ်တာမျိုး မလုပ်သင့်ပါဘူး။ သူ(မ)က ကိုယ့်ကို စိတ်ဝင်စားလာချိန်မှာ ကိုယ့်ဘက်က ခဏလောက် အဆက်ဖြတ် ပစ်လိုက်တာမျိုး၊ သူ(မ)ကို ဖုန်းဆက်လိုက်၊ မက်ဆေ့ပို့လိုက် ပြုလုပ်ပြီးမှ နှစ်ရက်၊ သုံးရက်လောက် ပစ်ထားတာမျိုးတွေ မလုပ်သင့်ပါဘူး။ ကွီးတို့ရဲ့ ခရက်ရှ်က ကွီးတို့ကို စွန့်ခွာသွားပါလိမ့်မယ်။
ကွီးတို့ရော ကိုယ့်ရဲ့ ခရက်ရှ်လေးက ကွီးတို့ကို ကြွေဆင်း သွားအောင် ဘယ်လိုနည်းလမ်းမျိုးနဲ့ ဥာဏ် ကို လွှာသုံးလေ့ရှိပါသလဲ။
Source: Hackspirit
Featured Image: Freepik