အမျိုးသားအများစုဟာ လိင်တံအရွယ်အစားပိုကြီးတာက တစ်ဖက်သားကို ပိုပြီး သာယာမှုပေးနိုင်မယ်လို့ ထင်တတ်ကြပါတယ်။ လေ့လာမှုများအရ အမျိုးသား ၄၅ ရာခိုင်နှုန်း က ၎င်းတို့ရဲ့ လိင်တံအရွယ်အစားကို မကျေမနပ်ဖြစ်ပြီး ပိုကြီးလိုတဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ပစ္စည်းအရွယ်အစားနဲ့ ပတ်သတ်ပြီး လိင်မှုကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာမျိုး ဖြစ်နိုင်ပါတယ်။ အခုအချိန်ကစပြီး ဒီလိုအတွေးတွေကို ရပ်တန့်ပစ်လိုက်ပါ။

Photo : Indy

ယေဘုယျအားဖြင့် ဆိုရလျှင် လိင်တံအရွယ်အစားက ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ သာယာမှုကို မထိခိုက်စေပါဘူး။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ကိုယ့်ရဲ့လက်တွဲဖော်နဲ့ အတူ ပြီးပြည့်စုံတဲ့ သာယာမှုကို ရချင်တယ်ဆိုရင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်ဖို့အတွက်ပဲ အလေးပေးသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာ‌တော့ ကွီးတို့အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ

စွမ်းဆောင်ရည်

Photo : Eat This, Not That

အိပ်ရာပေါ်မှာ သက်လုံကောင်းကောင်းနဲ့ ကျေနပ်မှု အပြည့်အဝရစေဖို့အတွက် အလုံးစုံသော ကျန်းမာရေးကောင်းဖို့ လိုပါတယ်။ ကိုယ်တိုင်ကျန်းမာကြံ့ခိုင်မှ မိမိကိုယ်တိုင်ရော၊ မိမိလက်တွဲဖော်အတွက်ပါ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်မှာပါ။ ကျန်းမာကြံ့ခိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က တိုက်ရိုက်ဆက်နွယ်နေတယ်ဆိုလည်း မမှားပါဘူး။ လေ့ကျင့်ခန်း တော်တော်များများအပါအဝင် ပြေးခြင်းနှင့် ခပ်သွက်သွက် လမ်းလျှောက်ခြင်းကဲ့သို့ လှုပ်ရှားမှုများက Endorphins များကို ထုတ်လွှတ်ပေးပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ တစ်ပတ်လျှင် သုံးကြိမ်မှ လေးကြိမ်အထိ လေ့ကျင့်ခန်းလုပ်ခြင်းက ပိုမိုကောင်းမွန်သော လိင်ပိုင်းဆိုင်ရာ လိုက်လျောညီထွေမှုကို ဖြစ်စေပြီး ခံနိုင်ရည်ရှိရန် များစွာအထောက်အကူပြုပေးနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာအတွက် အထောက်အကူပြုတဲ့ အစားအစာတွေကို စားပါ

စွမ်းဆောင်ရည်

Photo : Sky News

အချို့သော အစာအစာများက သွေးစီးဆင်းမှုကို အားကောင်းစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အတွက် များစွာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေဖို့အတွက်လည်း အစားအစာတွေကလည်း ကူညီပေးနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာ အချို့မှာ ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ ဆယ်လ်မွန်၊ ကြက်ဥ၊ တူနာ စတာတွေပဲ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချခြင်း

Photo : The Movement Athlete

ကွီးတို့‌ရေ စိတ်ဖိစီးမှုတွေက ကျွန်တော်တို့ရဲ့ အလုံးစုံ‌သော ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက Libido လို့ခေါ်တဲ့ လူတစ်ဦးရဲ့ အလုံးစုံ လိင်ပိုင်းဆိုင်ရာ တွန်းအား သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအတွက် ဆန္ဒကိုလည်း ထိခိုက်စေပါတယ်။ ထို့အပြင် စိတ်ဖိစီးမှု က ကွီးတို့ရဲ့နှလုံးခုန်နှုန်းကို (ကျန်းမာရေးနှင့် မညီညွတ်သောနည်းဖြင့်) နှင့် သွေးဖိအားကို တိုးစေပါတယ်။ ထိုနှစ်မျိုးလုံးက လိင်ဆန္ဒနှင့် စွမ်းဆောင်ရည်ကို ထိခိုက်စေပါသည်။ စိတ်ဖိစိးမှုများက ခံစားမှု အထွတ်အထိပ် (Orgasm) ကိုရောက်ရှိရန်ဖို့ကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျှော့ချပါ။ စိတ်ဖိစီးမှုကို လျှော့ချဖို့ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ သီချင်းများ နားထောင်ခြင်း စတာလေးတွေ ပြလုပ်ပြီး လျှော့ချလို့ရပါတယ်။

ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကို တိုးမြင့်စေနိုင်ဖို့ ဒီ (၃) ချက်ကိုသာ ပုံမှန်ကျင့်သုံးလိုက်ဗျာ။

Source : Healthline

Featured Photo : Time of India