ပေါင်းသင်းဆက်ဆံရေးဟာ လူ့အသိုင်းအဝိုင်းမှာ ကျင်လည်နေတဲ့ လူတွေအတွက်တော့ အခြေခံလိုအပ်ချက် Skill တစ်ခုပါပဲ။ ကျောင်းမှာဖြစ်ဖြစ် ၊ လုပ်ငန်းခွင် ရောက်ချိန်မှာပဲဖြစ်ဖြစ် လူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ တက်နိုင်သမျှ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ အားလုံးနဲ့အဆင်ပြေအောင် ပြောဆိုဆက်ဆံတက်ဖို့ လိုပါတယ်။ ဒီနေရာမှာ လူတစ်ယောက်ရဲ့ အမူအကျင့်စရိုက်တွေက အများကြီး စကားပြောပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်ကိုယ်တိုင်တောင် သတိမထားမိတဲ့ အနုတ်သဘောဆောင်တဲ့ အကျင့်စရိုက်တွေက ပေါင်းသင်းဆက်ဆံရေးအပေါ် အများကြီး ထိခိုက်မှု ရှိစေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူတွေ သင့်ကို အပေါင်းအသင်း မလုပ်ချင်လောက်အောင် စိတ်ပျက်စေနိုင်တဲ့ ဆိုးရွားတဲ့ အကျင့်စရိုက် တွေ အကြောင်းပြောပြ ပေးပါမယ်။
(၁) ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်လွန်းခြင်း
Photo : Pinterest
လူတိုင်းကတော့ ကိုယ့်ရဲ့ကောင်းကွက်လေးတွေကို ထုတ်ဖော်ပြောရတာ နှစ်သက်ကြတာ သဘာဝပါ။ သို့သော်လည်း ကိုယ့်ကိုယ်ကိုယ် အရမ်းဂုဏ်တင်ပြီး ကိုယ့်အကြောင်းကိုယ် တခြားသူထက် ကိုယ်တိုင်က ချီးမွမ်းပြောဆို နေမယ်ဆိုရင်တော့ မျက်စိဆံပင်မွှေးစူးစရာ ဖြစ်တက်ပါတယ်။ ဒါကြောင့် မလိုအပ်ပဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးမွမ်းတဲ့ အကျင့်စရိုက် ကိုသတိထား ရှောင်ရှားစေလိုပါတယ်။
(၂) ညီးတွားလွန်းခြင်း
Photo : Unsplash
လူတိုင်းတိုင်းမှာ အနည်းနဲ့အများ အခက်အခဲကိုယ်စီ ရှိကြတာပါပဲ။ ထုတ်ပြောတက်တဲ့သူနဲ့ ထုတ်မပြောတက်တဲ့သူပဲ ကွာသွားတာပါ။ အချို့ ပေါင်းသင်းဆက်ဆံရေးမှာ ပါးနပ်မှုမရှိတဲ့သူ တွေကတော့ ကိုယ့်အခက်အခဲတွေ ၊ အဆင်မပြေမှုတွေအကြောင်းကို အမြဲတစေ ညီးတွားပြနေတက်ပါတယ်။ ဒီလိုအမြဲ ညီးတွားနေသူကို ဘယ်သူကမှ ရေရှည်ပေါင်းသင်းဆက်ဆံချင်မှာ မဟုတ်ပါဘူး။ ဒီလို အကျင့်စရိုက် ရှိတယ်ဆိုရင်လည်း ပြင်ဆင်လိုက်ဖို့ အကြံပေးချင်ပါတယ်။
(၃) အဆိုးမြင်လွန်းခြင်း
Photo : The Male Hug
အဆိုးမြင် ဝါဒီသမားတွေကိုလည်း တော်ရုံဘယ်သူမှ အပေါင်းအသင်း မလုပ်ချင်ကြပါဘူး။ ကိစ္စတိုင်းကို အဆိုးဘက်ပဲ အမြဲမြင်နေတက်သူဟာ သူတို့ကိုယ်တိုင်လည်း ပူလောင်ရသလို အနီးအနားပတ်ဝန်းကျင်က လူတွေကိုလည်း အပူဟပ်စေတက်ပါတယ်။ လူတိုင်းရှင်သန်ရတဲ့ ဘဝကိုယ်စီမှာ အကောင်းနဲ့အဆိုးက အမြဲတလှည့်စီ ဒွန်တွဲဖြစ်တည်နေတာပါ။ အဆိုးတွေပဲမြင်ပြီး အရာရာကို မကောင်းဘက်က ကြည့်နေတက်ရင်တော့ ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်။
(၄) တစ်ကိုယ်ကောင်းဆန်ခြင်း
Photo : The Balance
တစ်ကိုယ်ကောင်းဆန်တဲ့ အကျင့်စရိုက် ဟာ လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာတော့ ပြင်ရမယ့် အချက်တစ်ခုပါပဲ။ အမြဲတမ်းကိုယ့်အတွက်ကိုယ်ပဲ ကြည့်ပြီး တစ်ခြားသူတွေအပေါ် ထည့်မတွေးပေးတက်ရင် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအကုန် အနှေးနဲ့အမြန် သင့်အနားကနေ ဖယ်ခွာသွားကြ ပါလိမ့်မယ်။ ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာတရားကိုရှေ့ထားပြီး တဖက်လူတွေ အပေါ်လည်း အလေးအနက်ထား ထည့်သွင်းစဉ်းစားပေးတက်တဲ့ အကျင့်လေးကို မွေးမြူသင့်ပါတယ်။
Featured Photo : Salon.com