အချစ်မရှိလို့ရတယ်၊ ဖုန်းမရှိလို့ မဖြစ်ဘူးဆိုတဲ့ ညိုကီတို့ ရှိပါသလား။ ယနေ့နည်းပညာခေတ်မှာ စမတ်ဖုန်း တွေက ဆက်သွယ်ပြောဆိုဖို့အတွက်သာ မဟုတ်ပဲ လူတွေအတွက် မရှိမဖြစ် ပစ္စည်းတစ်ခုလို အရေးပါလာပါတယ်။ ဒါ့အပြင် စျေးကွက်ထဲမှာလည်း စမတ်ဖုန်းတွေကို ဈေးအမျိုးမျိုး၊ မော်ဒယ်လ်အမျိုးမျိုး တွေ့နိုင်ပါတယ်။ ထုတ်လုပ်သူတွေကလည်း စွမ်းဆောင်ရည်မြင့် ဖုန်းတွေကို တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်အောင် အပြိုင်အဆိုင် ထုတ်နေကြပါတယ်။ ဒါကြောင့် ရွေးချယ်စရာတွေကလည်း အများအပြားပါပဲ။ ဒီနေ့မှာတော့ ဖုန်းလဲချင်လို့ ဖြစ်စေ၊ ဖုန်းအသစ်ဝယ်လို့ ဖြစ်စေ ဖုန်းတွေကို လေ့လာရွေးချယ်နေတဲ့ ညိုကီတို့အတွက် ဒီနှစ်အတွက် အကောင်းဆုံး Android ဖုန်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Samsung Galaxy S23 Ultra

Photo : Vulcan Post
Android ဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်းကို ပြောပါဆိုရင် Samsung ရဲ့ Galaxy S23 Ultra ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Display က ၆.၈ လက်မရှိတဲ့အတွက် မျက်နှာပြင်ကြီးကြီး ကြိုက်တဲ့သူတွေ အတွက် အဆင်ပြေပါတယ်။ Storage အနေနဲ့ 256GB ၊ 512GB ၊ 1TB ဆိုပြီး (၃) မျိုးရှိတဲ့အတွက် ကိုယ်နဲ့ ကိုက်ညီတာကို ရွေးချယ်နိုင်ပါတယ်။ အရောင်အနေနဲ့ ရွေးချယ်စရာ လေးမျိုး ရှိပါတယ်။ အကောင်းဆုံး စမတ်ဖုန်းတစ်လုံး ဖြစ်သော်လည်း အခြား Android ဖုန်းမျာနဲ့ ယှဉ်ရင်တော့ စျေးများပါတယ်။
Motorola Razr Plus

Photo : BGR
ဒီဖုန်းလေးက ကျစ်လစ်ပြီး အသုံးပြုရ လွယ်ကူတဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ၎င်းရဲ့ တည်ဆောက်မှုနဲ့ အရည်အသွေးကလည်း ကောင်းမွန်ပါတယ်။ ဒါ့အပြင် ဖုန်မှုန့်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ပထမဆုံး ခေါက်ဖုန်းပါ။ မျက်နှာပြင်အရွယ်အစား အနေနဲ့ကတော့ အပြင်ဘက်က ၃.၆ လက်မ ရှိပြီး အတွင်းဘက်ကတော့ ၆.၉ လက်မ ရှိပါတယ်။ သူ့မှာ Storage အနေနဲ့ 256GB တစ်မျိုးတည်းသာ ထွက်ရှိပါတယ်။ ခေါက်နိုင်တဲ့ ဖုန်းတွေ ခေတ်စားလာတဲ့အချိန်မှာ ဒီ Motorola Razr Plus ကလည်း ရွေးချယ်စရာတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။
Google Pixel 7 Pro

Photo : Soya Cincau
ရွေးချယ်စရာ အကောင်းဆုံး Android ဖုန်းတွေထဲမှာ Google Pixel 7 Pro ကလည်း အပါအဝင် ဖြစ်ပါတယ်။ ၎င်းရဲ့ တည်ဆောက်ပုံက ကောင်းမွန်ပြီး ဒီဇိုင်းကလည်း လူငယ်တွေ အကြိုက်ပါပဲ။ မျက်နှာပြင် အရွယ်အစားက ၆.၇ လက်မရှိပြီး Storage အနေနဲ့ ရွေးချယ်စရာကတော့ 128GB ၊ 256GB ၊ 512GB ဆိုပြီး ရွေးချယ်စရာ (၃) မျိုးရှိပါတယ်။ ဒါ့အပြင် အချိန်နဲ့ တစ်ပြေးညီ အပ်ဒိပ်များ ရနိုင်ပါတယ်။
One Plus 11

Photo : One Plus
ပေါ့ပါးပြီး ချော့မွေ့တဲ့ စွမ်းဆောင်ရည်နဲ့ အားအမြန်သွင်းနိုင်တဲ့ စမတ်ဖုန်းကို ရှာနေတယ်ဆိုရင်တော့ One Plus 11 ရှိပါတယ်။ ဈေးနှုန်းသင့်တင်ပြီး ပရီမီယံအရည်အသွေး ဓာတ်ပုံများအတွက် ပင်မကင်မရာ ပါရှိပါတယ်။ မျက်နှာပြင်အရွယ်အစား: ၆.၇ လက်မ ဖြစ်ပြီး Storage အနေနဲ့ ရွေးချယ်စရာကတော့ 128GB နဲ့ 256GB နှစ်မျိုးသာ ပါရှိပါတယ်။ သူ့ရဲ့ ကောင်းမွန်ပြီး ခေတ်မှီသော ဒီဇိုင်းကလည်း ရွေးချယ်ချင်းရာ အကြောင်းအရင်းတစ်ခုပါပဲ။
ဖုန်းမရှိလို့ မဖြစ်ဘူးဆိုတဲ့ ညိုကီတို့အတွက် ရွေးချယ်နိုင်ဖို့ ဒီနှစ်အတွက်အကောင်းဆုံး Android ဖုန်းတွေကို တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီထဲမှာ ညိုကီတို့ အကြိုက်ရောပါရဲ့လား။
Source : ZDNET
Featured Photo : 91 MOBILE
