ကမ္ဘာပေါ်မှာ နည်းပညာ ကုမ္ပဏီကြီးတွေ အများအပြားရှိကြပြီး ဒိတ်ဒိတ်ကြဲနှင့် အကြမ်းတကာ့ အကြမ်းဆုံး ဘီးကျဲ တွေက ထိုကုမ္ပဏီတွေကို ဦးဆောင်နေတာပဲဖြစ်ပါတယ်။ ထို အကြမ်းတကာ့ အကြမ်းဆုံး ဘီးကျဲ တွေထဲမှာ ကွီးတို့ရဲ့ အချစ်တော်ကြီးလည်း ပါပါတယ်။ ဘယ်သူလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ပါ။
Bill Gates

Bill Gates လို့ ပြောလိုက်တာနဲ့ Microsoft ကြီးကို ပြေးမြင်မိကြမယ်ဆိုတာ အသေအချာပါပဲ။ ယနေ့ခေတ်မှာ Microsoft မသုံးရတဲ့ ရုံးအလုပ်တွေကတော့ ခပ်ရှားရှားရယ်ပါ။ Microsoft သာ မရှိဘူးဆိုရင် Amazon တို့လို ကုမ္ပဏီတွေဆိုတာသည်လည်း ဖြစ်လာမှာမဟုတ်သလို လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကနေ တဟုန်ထိုး တိုးတက်လာတဲ့ အင်တာနက်ဆိုတာသည်လည်း အခုလိုမျိုး မြန်ဆန်နေမှာမဟုတ်တာတော့ အမှန်ပါပဲ။
Jeff Bezos

Jeff Bezos ကတော့ နည်းပညာပိုင်းမှာ ခေါင်းဆောင်ဆိုတာထက်ကို ပိုပါတယ်။ သူသည် ယနေ့ခေတ်မှာ ကမ္ဘာပေါ်ရှိ လူတော်တော်များများရဲ့ နေ့စဥ်ဘဝကို အပြောင်းလဲကြီး ပြောင်းလဲအောင် ဖန်တီးနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ တီထွင်မှုကြောင့်ပဲ ကွီးတို့ရဲ့ အိမ်က စမတ်အိမ်တစ်လုံးအဖြစ် ပြောင်းလဲသွားပြီး မီးချောင်းများ၊ တံခါးများ၊ ပြတင်းပေါက်များ၊ အခန်းအပူချိန် အစရှိသည်တို့ကို နေရာကနေ တစ်ဖဝါးမှ မရွေ့ဘဲ အပြောင်းအလဲပြုလုပ်နိုင်ပါတယ်။
Elon Musk

နည်းပညာနဲ့ ပတ်သက်ရင် အကြမ်းတကာ့ အကြမ်းဆုံး ဘီးကျဲ တွေထဲမှာ Elon Musk ကိုလည်း မေ့ထားလို့မရပါဘူး။ သူသည် AI ပိုင်းမှာရော ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့ချဖို့အတွက် နည်းပညာများကို အချိန်နဲ့ တပြေးညီ တီထွင် ဆန်းသစ်နေတဲ့သူပဲဖြစ်ပါတယ်။ လျှပ်စစ်ကားကို တွင်ကျယ်စွာ အသုံးပြုနိုင်ခြင်းက သူ့ကြောင့်ဆိုလည်း မမှားပါဘူး။
Steve Jobs

Gen Z လူငယ်တွေကို iPhone မရှိဘဲ နေနိုင်လားလို့ မေးကြည့်လိုက်ပါ။ ဒီလောက်ဆိုရင်တော့ Steve Jobs က ဘယ်လောက်တောင် တော်သလဲဆိုတာ သိသွားလောက်ပါပြီ။ ယနေ့ခေတ်မှာ စမတ်ဖုန်းတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ခဲ့ခြင်းက Steve Jobs က အရှေ့ကနေ ဦးဆောင်လမ်းပြသွားခဲ့လို့ ဆိုရင် ငြင်းဆိုဖွယ်ရာမရှိပါဘူး။ ၂၀၁၁ ခုနှစ်မှာ ပန်ကရိယကင်ဆာကြောင့် ကြွေလွှင့်သွားခဲ့ရတာကတော့ နည်းပညာလောကအတွက် တကယ့်ကို ဝမ်းနည်းစရာပါပဲ။
Mark Zuckerberg

ဒီတစ်ခါမှာတော့ ကွီးတို့ရဲ့ အချစ်တော်ကြီး ဇူဇူ့အလှည့် ရောက်လာခဲ့ပြန်ပါပြီ။ ကွီးတို့က သူ့ကို ဘယ်လောက်ပဲ အမြင်ကတ်နေပါစေ၊ တစ်ရက်လောက် ဖေ့ဘွတ်ခ် မသုံးဘဲ မနေနိုင်ဘူး ဟုတ်။
ဇူဇူကတော့ Facebook ကိုသာမကဘဲ အင်စတာဂရမ်၊ WhatsApp ၊ Oculus VR အပြင် အခြားသော ကုမ္ပဏီများလည်း ပိုင်ဆိုင်ထားပါတယ်။ နည်းပညာနဲ့ ပတ်သက်ပြီး ရှေ့လျှောက် ဘယ်လိုတွေ ဆန်းသစ်တီထွင်ရဦးမလဲဆိုတာကို အမြဲတမ်း စဥ်းစားနေသူတစ်ယောက်ပဲဖြစ်ပါတယ်။
Andrew Jassy

Andrew Jassy ကတော့ Amazon Web Services နောက်ကွယ်က ဖန်တီးရှင်ပဲဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲ ကုမ္ပဏီများအားလုံးကလည်း Amazon နဲ့ လွတ်ကင်းတဲ့ ကုမ္ပဏီရယ်လို့ မရှိပါဘူး။ သူ့ရဲ့ တစ်နှစ် တစ်နှစ်ဝင်ငွေကလည်း ကွီးတို့ ခန့်မှန်းထားတာထက်ကို များနေမှာပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း AI နဲ့အပြိုင် သူ့ရဲ့ Cloud Service ကို အဆင့်မြင့်လျက်ရှိနေပါတယ်။
ကွီးတို့ရော Tech နဲ့ ပတ်သက်ရင် ဘယ်ဘီးကျဲတွေကို သဘောအကျဆုံးပါလဲ။
Source: Forbes
Featured Image: Abc7chicago
