Oppo ကနေ A78 4G လို့ နာမည်ပေးထားတဲ့ နောက်ဆုံးထွက် စမတ်ဖုန်းအသစ်ကို အင်ဒိုနီးရှားနိုင်ငံမှာ တရားဝင် ကြေညာလိုက်ပါပြီ။ Oppo A78 4G ဖုန်းဟာ 5G ဗားရှင်းနဲ့ နှိုင်းယှဉ်ပါက မတူညီတဲ့ အပြောင်းအလဲများစွာကို ယူဆောင်လာပြီး ပိုသေးတဲ့ ၆.၄၃ လက်မ AMOLED မျက်နှာပြင် (FHD+ 90Hz) ၊ Punch Hole Cutout တစ်ခု ၊ Snapdragon 680 Chipset နဲ့ ပိုမိုမြန်ဆန်တဲ့ 67W အားသွင်းစနစ် တို့ ထည့်သွင်းပေး လာပါတယ်။

Oppo A78 4G

Photo : GSMArena.com

Oppo A78 4G ဖုန်းရဲ့ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 50MP Main ကင်မရာနဲ့ 2MP Depth Module ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင်ပေးထားပြီး ရှေ့ဘက်မှာတော့ 8MP ဆယ်လ်ဖီကင်မရာ ၁ လုံး ထည့်သွင်းပေးထားပါတယ်။ Software ပိုင်းမှာ Android 13 အခြေခံ ColorOS 13.1 မောင်းနှင်ထားပြီး ဘက်ထရီကိုတော့ 5,000 mAh တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

Oppo A78 4G

Photo : Playfuldroid!

Oppo A78 4G ဖုန်းကို Sea Green နဲ့ Black Mist ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်စရာပေးထားပြီး 8GB RAM ၊ 256GB Storage နဲ့ လာမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ အင်ဒိုနီးရှားရူပီယာ ၃,၅၉၉,၀၀၀ ( ဒေါ်လာ ၂၃၆ ) ခန့် သတ်မှတ်ထားပြီး Oppo ရဲ့တရားဝင်အွန်လိုင်းစတိုးကနေ ဝယ်ယူမယ့်သူတွေအနေနဲ့ အဖြူရောင် Enco Buds2 တစ်စုံကိုလည်း လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။

Featured Photo : Gadgets 360