လူသားတိုင်းမှာ လိုချင်တပ်မက်တဲ့စိတ်တွေ တစ်ယောက်တစ်မျိုးစီ ရှိတတ်ကြပါတယ်။ အချို့ကလည်း ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို ပြည့်မြောက်စေချင်တဲ့ တပ်မက်စိတ်၊ အချို့ကလည်း ငွေကြေးချမ်းသာ ကြွယ်ဝမှုကို လိုချင်တဲ့စိတ် စသည်ဖြင့် ပုံစံအမျိုးမျိုး ရှိကြပါတယ်။ ဒီလိုမျိုး ကိုယ် လိုချင်တဲ့အရာကို ရအောင် ယူနိုင်ဖို့ဆိုရင် အမှန်တကယ် ပြင်းပြ တဲ့ စိတ်ဓာတ် မျိုးရှိရမှာပဲ ဖြစ်ပါတယ်။ စိတ်အားထက်သန်မှု မရှိတဲ့အခါ၊ ပြင်းပြ တဲ့ စိတ်ဓာတ် မျိုး မရှိတဲ့အခါမှာတော့ ကိုယ်လိုချင်တဲ့အရာကို ရအောင် ယူနိုင်မှာမဟုတ်ပါဘူး။

ကျွန်တော်တို့လူသားတွေသည် အလေ့အကျင့်ရဲ့ သားကောင်တွေပဲဖြစ်ပါတယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိတဲ့သူတွေသည် ကြိုးစားမှု အလေ့အကျင့်ရဲ့ သားကောင်တွေဖြစ်ကြပြီး၊ ပျင်းရိတတ်တဲ့အလေ့အကျင့်ရှိသူတွေကတော့ ပျင်းရိခြင်းရဲ့ သားကောင်တွေ ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတိထားမိခြင်းသည် ကိုယ့်ကိုယ်ကိုယ် နွံထဲကနေ ပြန်လည်ရုန်းထွက်ဖို့ ကူညီပေးမယ့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ကိုယ် လိုချင်တဲ့အရာကို အရယူနိုင်ဖို့အတွက် ပြင်းပြ တဲ့ စိတ်ဓာတ် မျိုး မရှိဘူးလို့ ယူဆရင်တော့ အခုဖော်ပြပေးမယ့် အချက်များနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်လိုက်ပါ။

ကိုယ် ဘာလိုချင်သလဲဆိုတာကို သိရှိအောင် လုပ်ပါ

Goals

  • ကွီးတို့ဘဝမှာ အဖြစ်ချင်ဆုံးအရာတစ်ခုက ဘာဖြစ်မလဲ။
  • အိမ်မှာပဲ Freelance အဖြစ် အလုပ်လုပ်နေရတဲ့ ဘဝကြီးနေက လွတ်မြောက်ချင်ပါသလား။
  • အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကို ဦးဆောင် ဦးရွက်ပြုချင်ပါသလား။
  • ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ်၊ အလှအပအကြောင့်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်အချိုးအစား တောင့်တင်းချင်ပါသလား။
  • ပိုမိုပျော်ရွှင်ဖွယ်ကောင်းပြီး ချမ်းသာ ကြွယ်ဝဲ့ ဘဝမျိုးကို လိုချင်ပါသလား။

ကွီးတို့ရဲ့ လိုချင်တဲ့အရာကို အသေးစိတ်ကျအောင် သိရှိဖို့ လိုအပ်ပါတယ်။ အသေးစိတ်မကျဘဲ တောင်စဥ် ရေမရဖြစ်နေတဲ့ ရည်မှန်းချက် ပန်းတိုင်တွေသည် ဘယ်လိုမှ အောင်မြင်အောင် ဖြည့်ဆည်းနိုင်မှာ မဟုတ်ပါဘူး။

စကားလုံး (၅) လုံး

စကားလုံး (၅) လုံး

ကွီးတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို S.M.A.R.T ဆိုတဲ့ စကားလုံး (၅) လုံးနဲ့ တိုင်းတာကြည့်လိုက်ပါ။ ထိုစကား (၅) လုံးစလုံးနဲ့ အံဝင်ခွင်ကျဖြစ်တယ်ဆိုရင်တော့ ကွီးတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်သည် သတ်မှတ်ချိန်အတွင်း ဖြစ်မြောက်လာမှာပဲ ဖြစ်ပါတယ်။

S ဆိုတာကတော့ Specific ကို ဆိုလိုတာဖြစ်ပြီး ကွီးတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်သည် ကျယ်ပြန့်မနေဘဲ အသေးစိတ်ကျရမှာ ဖြစ်ပါတယ်။

M ဆိုတာကတော့ Measurable တိုင်းတာလို့ ရရပါမယ်။ တကယ်လို့ ကိုယ့်ရဲ့ ရည်မှန်းချက်က ပိုက်ဆံစုဖို့ဆိုရင် ပိုက်ဆံ ဘယ်လောက် စုမိနေသလဲဆိုတာကို တိုင်းတာကြည့်လိုက်ရရမှာ ဖြစ်ပါတယ်။

Achievable ကတော့ A ရဲ့ အရှည်ကောက်ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်သည် ကိုယ်ကိုယ်တိုင် ရယူနိုင်တဲ့အရာြဖစ်ရပါမယ်။

R ကတော့ Realistic ဖြစ်ပြီး လက်တွေ့ကျတဲ့ ရည်မှန်းချက် ဖြစ်ရပါမယ်။ စိတ်ကူးယဥ်ဆန်တဲ့ ပန်းတိုင်တွေကတော့ လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ခဲပါလိမ့်မယ်။

T ကတော့ Timely ပါ။ အချိန်တစ်ခုသတ်မှတ်ထားပြီး ကိုယ့်ရဲ့ ရည်မှန်းချက်များကို ထိုအချိန်အတွင်း အကောင်အထည် ဖော်နိုင်အောင် ကြိုးစားရပါမယ်။

ဘာ့ကြောင့် လိုချင်သလဲဆိုတာကို သိအောင် လုပ်ပါ

ပြင်းပြ စိတ်ဓာတ်

ကိုယ်က ဘာလိုချင်သလဲဆိုတာကိုလဲ သိပြီ။ S.M.A.R.T ဆိုတဲ့ စကားလုံးနဲ့လည်း ကိုက်ညီပြီဆိုရင် ဘာ့ကြောင့် လိုချင်သလဲဆိုတဲ့ အကြောင်းအရင်းကိုလည်း သိရှိဖို့ လိုအပ်ပါတယ်။ ကိုယ်က ဘာ့ကြောင့် လိုချင်သလဲဆိုတဲ့ အကြောင်းအရင်းကို သိပြီဆိုရင်တော့ တစ်ချိန်ချိန်မှာ ခြေကုန်လက်ပန်းကျပြီး လက်မြှောက်အရှုံးပေးချင်တဲ့အခါ ပြန်သတိကပ်ထားလို့ရအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

အခက်အခဲတွေ ရှိမယ်ဆိုတာကိုလည်း နှလုံးသွင်းထားပါ

ပြင်းပြ စိတ်ဓာတ်

အခက်အခဲတွေဆိုတာကတော့ ရှိမှာပါပဲ။ ထိုအခက်အခဲတွေကို တွေးကြောက်နေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အခက်အခဲတွေဆိုတာက ကြီးကြီးမားမားလည်း ဖြစ်နိုင်သလို အသေးအဖွဲလေးတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ ကွီးတို့ကိုယ်တိုင် ဖန်တီးတဲ့ အခက်အခဲတွေတောင် ရှိနိုင်ပါတယ်။ ဥပမာ ကွီးတို့က ကိုယ့်ရဲ့ အချိန်တွေကို ဖေ့ဘွတ်ခ်သုံးရင်းပဲ ကုန်ဆုံးနေမယ်ဆိုရင် ထိုစက်ကွင်းထဲမှာ ပိတ်မိနေခြင်းသည်လည်း ကွီးတို့ရဲ့ အခက်အခဲတစ်ခုပဲ မဟုတ်လား။ ထိုစက်ကွင်းထဲကနေ လွန်မြောက်နိုင်မှ အခက်အခဲတစ်ခုကို ကျော်လွန်နိုင်မှာ ဖြစ်ပါတယ်။

မကောင်းတဲ့ အလေ့အကျင့်များကို ဖယ်ရှားပါ

ပြင်းပြ စိတ်ဓာတ်

ကိုယ်ကိုယ်တိုင်ရဲ့ မကောင်းတဲ့ အလေ့အကျင့်တွေကို ကိုယ်တိုင် သိကြပါတယ်။ မသိချင် ယောင်ဆောင်ထားကြတာဖြစ်ပါတယ်။ ဒါမှလည်း စိတ်ထဲမှာ နေလို့ကောင်းနေမှာကိုး။

မကောင်းတဲ့ အလေ့အကျင့်များကလည်း လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ အချို့ကတော့ အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးရှိကြပြီး၊ အချို့ကလည်း ကိုယ့်ရဲ့အရည်အချင်းကို အထင်သေးတတ်တဲ့ မကောင်းတဲ့အကျင့်ဆိုးတွေ ရှိပါတယ်။ ကွီးတို့အနေနဲ့ ထိုအကျင့်ဆိုးများအားလုံးကို ဖျောက်ဖျက်ပစ်ပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အရောက်သွားဖို့ လိုအပ်ပါတယ်။

ကွီးတို့ဆီမှာရော ကိုယ် လိုချင်တဲ့အရာကို ရအောင် ယူမယ့် ပြင်းပြ တဲ့ စိတ်ဓာတ် မျိုးရှိရဲ့လား။

Source: Coachscottyrussell

Featured Image: Freepik