စမ်းသပ်မှုတွေကို စိတ်ဝင်စားတာ လူတွေရဲ့သဘောသဘာဝပါပဲ။ လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီးလည်း ထို့အတူပဲလို့ ပြောလို့ရပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေဟာ စိတ်ကူးယဉ်မှုနဲ့ စပ်သပ်စူးစမ်း လိုစိတ်တွေကြောင့်ပဲ ပုံမှန်မဟုတ်တဲ့ အရာတွေကို လုပ်ဆောင်တက်ကြပါတယ်။ စစ်တမ်းတွေအရ အချို့သော လူတွေရဲ့ ဆန်းကြယ်တဲ့ စမ်းသပ်မှုတွေကြောင့် အရေးပေါ်ခန်းကို ရောက်သွားရသူတွေ ထုနဲ့ဒေး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကွီးတို့ရဲ့ ညီလေး ကို ပုံမှန်မဟုတ်တဲ့ စမ်းသပ်မှုတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် မလုပ်မိစေဖို့ ဒီဆောင်းပါးလေးကနေ ရှောင်ရှားရမယ့် အချက်တွေ ပြောပြပေးပါမယ်။

(၁) ပလပ်စတစ်ဘူး / ဖန်ပုလင်း

Bottle

Photo : Wine Enthusiast

ပလပ်စတစ်ဘူး ဒါမှမဟုတ် ဖန်ပုလင်း ပုလင်းအဝတွေကို ညီလေး ထည့်ပြီး အာသာဖြေတာမျိုး လုံးဝမလုပ်မိဖို့ အကြံပြု ချင်ပါတယ်။ ဒါဟာ အခန့်မသင့်ရင် ဆရာဝန်ဆီ ရောက်သွားနိုင်တဲ့ စိတ်ကူးယဉ်ဆန်ဆန် စမ်းသပ်မှုမျိုးပါ။ လိင်တံကို ထိခိုက်ဒဏ်ရာနဲ့ ပွန်းပဲ့နာတွေ ဖြစ်စေနိုင်သလို ပြန်ထုတ်မရတဲ့ အဆိုးဆုံး အခြေအနေထိလည်း ရောက်သွားနိုင်ပါတယ်။

(၂) တိတ်အခွေ

Roll Of Tape

Photo : Tape University

မီးတိတ်ခွေ / ဒဘယ်တိတ်ခွေတွေကလည်း အလားတူပါပဲ။ မီးတိတ်အလိပ်ပေါက်ထဲ ညီလေး သွားထည့်တာမျိုး လုပ်ရင် အရေးပေါ်လူနာတင်ယာဉ် ခေါ်ရဖို့က သေချာသလောက် ရှိပါတယ်။ မီးတိတ်ခွေက တင်းကျပ်ပြီး လိင်တံအပေါ်  ဖိအားသက်ရောက်စေတဲ့အတွက် ဒီလိုစမ်းသပ်မှုမျိုးဟာ ကွီးတို့ရဲ့ ညီလေးကို ဒဏ်ရာအနာတရ သွားစေနိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။

(၃) သံကွင်း

Curtain Ring

Photo : Blinds.com

အနီးစပ်ဆုံးပြောရရင် လိုက်ကာတွေ တပ်ဆင်တဲ့ နေရာမှာ အသုံးပြုတဲ့ သံကွင်းတွေပါ။ ဒီလို ကွင်းတွေကို ကွီးတို့ ညီလေး မှာ ယောင်လို့ဖြစ်ဖြစ် ၊ စမ်းသပ်စူးစမ်းလိုရင်ပဲ ဖြစ်ဖြစ် သွားမစွပ်မိပါစေနဲ့။ မတော်တဆ ပြန်ချွတ်ရခက်နိုင်သလို ဆရာဝန်စီရောက်ရင်လည်း သံကွင်းကို လွှနဲ့ဖြတ်တောက် ပစ်ရုံမှတပါး တခြားနည်းလမ်း မရှိနိုင်ပါဘူး။

(၄) လူကြီးကစားစရာ

Sex Toy

Photo : Attitude Magazine

လူကြီးကစားစရာ တွေက လိင်မှုကိစ္စအတွက် သုံးဖို့မဟုတ်ဘူးလား မေးစရာရှိပါတယ်။ မှန်ပါတယ် Sex Toy လို့ခေါ်တဲ့ လူကြီးကစားစရာတွေက တစ်ကိုယ်ရည် အာသာဖြေခြင်း အပါအဝင် လိင်မှုဆိုင်ရာ ကိစ္စအတွက်မှာ အသုံးပြုတဲ့ ပစ္စည်းတစ်ခုပါ။ သို့သော် ကိုယ်ပိုင်တစ်ယောက်တည်း သီးသန့် တစ်ကိုယ်ရည်အသုံးပြုတာမျိုး ဖြစ်ရပါမယ်။ တခြားသူတွေနဲ့ Share ပြီးသုံးတာ သို့မဟုတ် တခြားသူတစ်ယောက်ရဲ့ ပစ္စည်းကို စမ်းသပ်လုပ်ဆောင်တာမျိုး မလုပ်မိစေပါနဲ့။ ဒါဟာ ရောဂါပိုး ကူးစက်ခံရနိုင်ခြေ ရာခိုင်နှုန်းအများကြီး ရှိနေပါတယ်။ လူကြီးကစားစရာ Sex Toy တွေသုံးတဲ့အခါ သန့်ရှင်းမှုရှိမရှိစစ်ဆေးသင့်သလို အသုံးပြုပြီးပါကလည်း သေချာပြန်လည် သန့်စင်ပေးဖို့လိုပါတယ်။ နောက်ပြီး အသုံးပြုနည်းမှန်မှန်ကန်ကန် ရှိစေဖို့ လမ်းညွှန်ချက်နဲ့ ဆောင်ရန်ရှောင်ရန်တွေကို မသုံးခင်မှာ သေချာဖတ်ပါ။ ဒါမှ ကွီးတို့ရဲ့ ညီလေး ကို လုံခြုံစိတ်ချမှု ရှိစေမှာ ဖြစ်ပါတယ်။

ကဲဒါဆို ကွီးတို့ ကိုယ်တိုင်ရော ဘော်ဒါတွေထဲမှာပါ အခုလို ညီလေး ကို ပုံမှန်မဟုတ်တဲ့ စိတ်ကူးယဉ်ဆန်ဆန် စမ်းသပ်မှုတွေ လုပ်တက်တဲ့ အထီးကျန် (အထန်ကြီး) တွေရှိရင် မန့်ရှင်းခေါ်ပြီး သတိပေးလိုက်ပါဦး။

Featured Photo : Sassy Hong Kong