Infinix ကနေ လာမယ့် သြဂုတ်လ ပထမပတ်ထဲမှာ Infinix GT 10 Pro လို့နာမည်ပေးထားတဲ့ Gaming အသားပေး စမတ်ဖုန်းအသစ်ကို အိန္ဒိယနိုင်ငံမှာ စတင်မိတ်ဆက်သွားဖို့ ပြင်ဆင်နေပါတယ်။

Infinix GT 10 Pro

Photo : GSMArena.com

Infinix GT 10 Pro ဖုန်းဟာ ဈေးသက်သက်သာသာနဲ့ အမြင့်ဆုံး Gaming Features တွေကို ယူဆောင်လာပေးမယ်လို့ ဆိုထားပါတယ်။ ဖုန်းရဲ့ကျောဘက်မှာ Nothing-Like Semi-Transparent ဒီဇိုင်းကို သုံးထားပုံရပြီး ဒီ, ဒီဇိုင်းက Nothing ဖုန်းတွေနဲ့ အတော်လေးကွဲပြားနေတာကို တွေ့ရမှာပါ။ အထူးသဖြင့် ကင်မရာတပ်ဆင်ပုံမှာ တော်တော်လေး သိသာကွဲပြားမှုကို မြင်တွေ့ရမှာဖြစ်ပြီး ထူးခြားလှပတဲ့ ဒီဇိုင်းနဲ့ ကင်မရာ ၃ လုံးကို LED Flash ၁ လုံးနဲ့ တွဲဖက် တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။

Infinix GT 10 Pro

Photo : GSMArena.com

Main ကင်မရာကတော့ 108 MP Resolution ရှိမှာဖြစ်ပြီး ကင်မရာ Island ရဲ့ ထောင့်ဖြတ်အစင်းမှာ တည်ရှိမှာဖြစ်ပါတယ်။ SoC အနေနဲ့ Dimensity Chipset ကို သုံးထားမယ်လို့ သိရပေမယ့် အတိအကျတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် Infinix GT 10 Pro ဖုန်းမှာ PUBG ၊ MLBB နဲ့ Free Fire တို့လို ဂိမ်းတွေကို စွဲမက်ဖွယ်ကောင်းတဲ့ Frame Rates ၊ အမိုက်စား ရုပ်ထွက်တွေနဲ့ ဆော့ကစားနိုင်မယ်လို့ ဆိုထားပါတယ်။

Infinix GT 10 Pro ဖုန်းမှာ Android 13 အခြေခံ XOS 13 ကို မောင်းနှင်ထားမှာဖြစ်ပြီး အရောင်အားဖြင့်တော့ အနက်နဲ့ အဖြူရောင်ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ GT စီးရီး မျိုးဆက်အားလုံး ကဲ့သို့ပဲ GT 10 Pro ဖုန်းဟာလည်း Android Update နဲ့ Security Updates ၂ နှစ်ရရှိမှာ ဖြစ်ပါတယ်။

Infinix GT 10 Pro

Photo : GSMArena.com

Infinix GT 10 Pro ဖုန်းကို မိတ်ဆက်ဖို့ ရက်သတ္တပတ်အနည်းငယ်သာ ကျန်ရှိတော့တာကြောင့် အသေးစိတ်အချက်အလက်တွေကို မကြာခင်မှာ သိရဖို့ မျှော်လင့်ရပါတယ်။

Featured Photo : GSMArena.com