ကွီးတို့ရဲ့ ခန္ဓာကိုယ်ပေါ်ကနေ ဟိုနား ယား ဒီနားယားနဲ့ ကုတ်ဖဲ့ နေရလို့ စိတ်ညစ်နေပါသလား။ လူရှေ့ သူရှေ့ပါ မရှောင်၊ တစ်ချိန်လုံး မနားတမ်း ကုတ်ဖဲ့နေရတယ်ဆိုရင်တော့ လူမြင်လို့ကောင်းမှာ မဟုတ်တာ အမှန်ပါပဲ။ ဒီလိုမျိုး ဟိုနား ယား ဒီနားယားနဲ့ ကုတ်ဖဲ့ နေရတာကတော့ ကွီးတို့သည် တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းနေလို့ပဲဖြစ်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းလို့ကတော့ ကွီးတို့ရဲ့ အနားကနေ ရှော်တီလေးတွေက ဝေါင်ဝေါင်ရှေးသွားမှာပဲဖြစ်ပါတယ်။ ရှော်တီလေးတွေ ကိုယ့်အနားကနေ ဝေါင်ဝေါင်ရှေးသွားတာကို မလိုချင်ဘူးဆိုရင်တော့ အခုဖော်ပြမယ့် အချက်များကို လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

ရေ ပုံမှန် ချိုးပါ

ရေ ပုံမှန် ချိုးပါ

ကွီးတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ဆံပင်ကို ပုံမှန် သန့်ရှင်းရေး ပြုလုပ်ဖို့ လိုအပ်ပါတယ်။ နေ့တိုင်းကြီး ရေချိုး၊ ခေါင်းလျှော်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်နှင့် နေ့စဥ် သွားလာလှုပ်ရှားရတဲ့အပေါ် မူတည်ပြီး ကွီးတို့ရဲ့ ရေချိုးခြင်းနှင့် ခေါင်းလျှော်ခြင်း အချိန်တို့ကို ပုံမှန် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာအနေနဲ့ ကွီးတို့က နေ့စဥ် လေ့ကျင့်ခန်း ပြုလုပ်ရတယ်ဆိုရင် နေ့စဥ် ရေချိုးပေးဖို့ လိုအပ်ပြီး ကွီးတို့ ဦးရေပြားက အဆီပြန်တတ်တယ်ဆိုရင်တော့ တစ်ပတ်လျှင် တစ်ခါတည်း ခေါင်းလျှော်ရုံနဲ့ လုံလောက်မှာမဟုတ်ပါဘူး။

လက်သည်း ခြေသည်းများ ရှည်နေရင် ညှပ်ပါ

ယား ကုတ်ဖဲ့

လက်သည်း ခြေသည်းများကို ရှည်နေပါက အရေပြား ယားယံတဲ့အချိန်မှာ ကုတ်မိမယ်ဆိုရင် ပိုးဝင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခြေဖဝါးတွေက ခြောက်ခြောက်သွေ့သွေ့မထားဘဲ စိုစွတ်ပြီး ညစ်ပတ်နေမယ်ဆိုရင် ဘက်တီးရီးယားများ ခိုအောင်းနိုင်ပြီး ခြေထောက် အနံ့ နံနိုင်ပါသေးတယ်။ ဒါ့ကြောင့် လက်သည်း၊ ခြေသည်းများကို ပုံမှန် ညှပ်ကာ သန့်ရှင်းအောင် ပြုလုပ်ထားသင့်ပါတယ်။

သွားကျန်းမာရေးကို ဂရုစိုက်ပါ

ယား ကုတ်ဖဲ့

ကွီးတို့ သွားကျန်းမာရေးသည်လည်း အင်မတန်မှ အရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ တစ်နေ့လျှင် နှစ်ကြိမ်ခန့် ပုံမှန် သွားတိုက်သင့်ပြီး အစား စားပြီးတဲ့အခါမှာလည်း သေချာ ပလုတ်ကျင်းကာ အစား အကြွင်းအကျန်များ ကပ်ကျန်မနေအောင် ဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သွားဆရာဝန်ထံ တစ်နှစ်လျှင် အနည်းဆုံး ၂ ကြိမ်ခန့် (၆ လလျှင် တစ်ကြိမ်) စစ်ဆေး ကုသမှု ခံယူရမှာပဲ ဖြစ်ပါတယ်။

လက်များကို ဆေးကြောဖို့ မမေ့ပါနဲ့

ယား ကုတ်ဖဲ့

အစားအစာများ မပြင်ဆင်ခင်နှင့် အစား မစားခင်မှာလည်း လက်များကို သေချာ ဆေးကြောသင့်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ရေအိမ် အသုံးပြုပြီးတဲ့နောက်၊ ချောင်းဆိုး၊ နှချောင်းပြီးတဲ့နောက်၊ အမှိုက်များ ကိုင်တွယ်ပြီးတဲ့နောက်မှာ ကွီးတို့ရဲ့ လက်ကို သေချာ ဆေးကြောသင့်ပါတယ်။ နို့မဟုတ်ရင် ဘတ်တီးရီးယားများသည် ကွီးတို့ရဲ့ အသက်ရှူလမ်းကြောင်းကနေတဆင့် (သို့) ပါးစပ်ထဲကနေတဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားမှာပဲ ဖြစ်ပါတယ်။

အိပ်ရေး ဝဝ အိပ်စက် အနားယူပါ

ယား ကုတ်ဖဲ့

တစ်ညလျှင် ၈ နာရီမှ ၁၀ နာရီအထိ နှစ်ခြိုက်စွာ အိပ်စက် အနားယူသင့်ပါတယ်။ ဒါမှသာလျှင် နောက်တနေ့ မနက်မိုးလင်းလာတဲ့အခါ နေ့သစ်တစ်နေ့အတွက် တက်ကြွလန်းဆန်းနေကာ ရယ်ဒီဖြစ်နေမှာပဲ ဖြစ်ပါတယ်။ အိပ်ရေး ဝဝ မအိပ်ရတဲ့အခါ ကွီးတို့ရဲ့ ခန္ဓာကိုယ်သည် နုန်းချိနေပြီး ခြေမသယ်ချင် လက်မသယ်ချင်ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ကြုံတွေ့ရမယ့် ရောဂါတွေကလည်း မနည်းမနောပါပဲ။

ကွီးတို့ရော ဟိုနား ယား ၊ ဒီနားယားနဲ့ ကုတ်ဖဲ့ နေရတယ်ဆိုရင် ဘယ်လို နည်းလမ်းမျိုးတွေနဲ့ ဖြေရှင်းလေ့ရှိပါသလဲ။

Source: Everydayhealth

Featured Image: Freepik