ဒီဆောင်းပါးလေးကတော့ ချစ်သူကောင်လေးကို စပရိုက်တိုက်ဖို့ စဉ်းစားနေတဲ့ လေဒီတို့ရော ဘော်ဒါအချင်းချင်း လက်ဆောင်ပေးဖို့ တွေးနေတဲ့ ညီအစ်ကိုတို့အတွက်ပါ ရည်ရွယ်ပါတယ်။ များသောအားဖြင့် လက်ဆောင်ဆိုတာ ချစ်ခင်ရသူတွေကပေးတဲ့ ဘာလေးပဲဖြစ်ဖြစ် တန်ဖိုးအရှိဆုံးပါ။ ငွေကြေးတန်ဖိုး နည်းသည်များသည်က ပဓာနမကျပဲ စေတနာကသာ အဓိကဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ယောကျာ်းလေးတစ်ယောက်ကို လက်ဆောင် ပေးဖို့ တွေးကြတဲ့အခါ အဝတ်အစား ၊ ပိုက်ဆံအိတ် ၊ ဖိနပ်နဲ့ နာရီတွေကသာ အများဆုံး စဉ်းစားမိကြတဲ့အရာတွေပါ။ အခုပြောပြမှာကတော့ ဒီလို လူတိုင်းပေးနေကျ ရိုးရှင်းတဲ့ လက်ဆောင်တွေ မဟုတ်ပဲ အမိုက်စား နည်းပညာ Gadgets အိုင်ဒီယာလေးတွေ ဖြစ်ပါတယ်။
(၁) PC Gamer တွေအတွက် Wireless Gaming Keyboard

Photo : TechRadar
လက်ဆောင်ပေးရမယ့် သူက PC Gamer တစ်ယောက်ဆိုရင်တော့ Wireless Gaming Keyboard က လုံးဝကိုသေချာပေါက် ခုန်ပေါက်ပျော်ရွှင်သွားစေမယ့် လက်ဆောင်အိုင်ဒီယာလေးတစ်ခုပါပဲ။ PC Game တွေ ဆော့တဲ့အခါ Keyboard ကောင်းကောင်းတစ်လုံးကတော့ မရှိမဖြစ် လိုပါတယ်။ ဈေးနှုန်းကလည်း အစားအစားရှိတာမို့ အဆင်ပြေတဲ့ အမျိုးအစား ၊ ဈေးတန်းထဲက ရွေးချယ်ဝယ်ယူပြီး လက်ဆောင် ပေးနိုင်ပါတယ်။
(၂) Music Lover တွေအတွက် Bluetooth Speaker

Photo : Good Housekeeping
အမြဲလိုလို ဂီတသံစဉ်တွေနဲ့ လွင့်မြောနေတက်သူတွေ အတွက်ကတော့ Speaker ကောင်းကောင်းလေး တစ်လုံးရှိရင်ပဲ ပြည့်စုံတယ်လို့ ခံစားရမှာ သေချာပါတယ်။ ဒီလို Music Lover တွေအတွက် လက်ဆောင် ပေးဖို့စဉ်းစားတဲ့အခါ အများကြီး လိုက်မတွေးပါနဲ့ မောမယ်။ Bluetooth Speaker လေးတစ်လုံးသာ လက်ဆောင်အဖြစ်ပေးလိုက်ပါ။
(၃) Reader တွေအတွက် Amazon Kindle

Photo : Expert Reviews
စာပေချစ်မြတ်နိုးတဲ့ စာဂျပိုး Reader တွေအတွက် Amazon Kindle လေးက လုံးဝ သဘောကျမယ့် လက်ဆောင် တစ်ခုပါပဲ။ ဘယ်နေရာသွားသွား အလွယ်တကူ အိတ်ထဲထည့်သယ်သွားလို့ ရသလို စာအုပ်တွေအများကြီးကိုလည်း တစ်နေရာတည်းမှာ ဖတ်နိုင်မှာပါ။ ဖုန်းတွေ Tablet တွေပေါ်မှာ စာဖတ်ရသလို ဖီလင်မျိုးနဲ့ လုံးဝ ကွဲပြားတဲ့အတွက် Reader တွေကတော့ တကယ်ကို သဘောကျနေမှာ ဖြစ်ပါတယ်။
(၄) Phone ချစ်သူတွေအတွက် Portable Charger

Photo : PC World
ဂိမ်းဆော့လို့ပဲဖြစ်ဖြစ် ၊ ရုပ်ရှင်ကြည့်လို့ပဲဖြစ်ဖြစ် Phone အမြဲတမ်း သုံးနေတက်တဲ့ ကောင်လေးကို လက်ဆောင် ပေးမယ်ဆိုရင် Portable Charger လေးတွေက အသင့်တော်ဆုံးပါပဲ။ အခုလို မကြာမကြာ မီးပျက်တက်တဲ့ ကာလမှာ Portable Charger လေးတွေက တကယ်ကိုပဲ အသုံးဝင်ပါတယ်။ Phone ချစ်သူတွေအတွက်တော့ ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူ ကိုယ်နဲ့မကွာသယ်သွားလို့ရတဲ့ Portable Charger လေးက ရှိကိုရှိသင့်တဲ့ Gadget တစ်ခုဆိုလည်း မမှားပါဘူး။
(၅) Coffee ကြိုက်သူတွေအတွက် Smart Coffee Maker
Photo : LB Tech Reviews
ကာဖီသောက်တိုင်း ကိုယ့်ကို သတိရနေစေချင်တယ်ဆိုရင် Smart Coffee Maker လေးသာ လက်ဆောင်ပေးလိုက်ပါ။ ဒါက Coffee ကြိုက်သူတိုင်း မငြင်းရက်နိုင်တဲ့ လက်ဆောင် တစ်ခုဆိုလည်း မမှားပါဘူး။ လုံးဝကိုလည်း အထာကျတဲ့ Tech Gift အိုင်ဒီယာလေးတစ်ခုလည်း ဖြစ်ပါတယ်။
Featured Photo : Modephone

