ကွီးတို့က ချိုင်းလိမ်း Roll-On မသုံးတတ်တဲ့ ဂြိုလ်သား ဆိုရင်တော့ ချိုင်းနံ့ဆိုးတွေ တထောင်းထောင်းထနေလို့ ရှော်တီလေးတွေ မပြောနဲ့ ယောကျာ်းလေးအချင်းချင်းတောင် ကွီးတို့အနား ကပ်ချင်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အနံ့အသက်ကို ကွီးတို့ကိုယ်တိုင် တာဝန်ယူရမှာဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ ရည်းစား မရ ဘာမရနဲ့ လူပျိုကြီးဘဝနဲ့ပဲ တစ်ယောက်တည်း အရိုးထုတ်သွားရတော့မှာပါ။

ကွီးတို့အနေနဲ့ လူပျိုကြီးဘဝနဲ့ အရိုးမထုတ်ချင်ဘူးဆိုရင်တော့ ချိုင်းလိမ်း Roll-On ကို ပုံမှန် အသုံးပြုပေးရမှာပဲ ဖြစ်ပါတယ်။ ချိုင်းလိမ်း Roll-On ကို နေ့စဥ် အသုံးပြုခြင်းအားဖြင့် အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများ ရရှိနိုင်မှာပဲဖြစ်ပါတယ်။

ချိုင်းကြားတွင် ချွေးအလွန်အကျွံ ထွက်ခြင်းမှ ကာကွယ်ပေးခြင်း

ချွေးအလွန်အကျွံ

မနက်အိမ်က ထွက်တော့မယ်ဆိုတာနဲ့ ချိုင်းကြားထဲကို ချိုင်းလိမ်းဆီလေး သုတ်ထားပေးလိုက်ပါ။ ဒါမှမဟုတ် ရေချိုးပြီးတာနဲ့ ချက်ချင်းဆိုသလို သုတ်လိမ်းပေးနိုင်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် မခံမရပ်နိုင်အောင် ပြင်းထန်လွန်းတဲ့ ချိုင်းနံ့များ ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။ ရေရှည် ပုံမှန် အသုံးပြုပေးမယ်ဆိုရင်တော့ အရင်က ချိုင်းနံ့ ပြင်းလွန်းတဲ့သူတောင် အနံ့အသက်များ ပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ်။

အဝတ်အစားပေါ်တွင် အစွန်းအထင်းများ ထွက်ခြင်းမှ ကာကွယ်ပေးခြင်း

ချိုင်းလိမ်း ဂြိုလ်သား

ချိုင်းကြားမှာ ချွေးထွက်တဲ့အခါ အင်္ကျီပေါ်မှာလည်း ချွေးအကွက်လိုက်ကြီး တင်ကျန်ခဲ့မှာဖြစ်ပါတယ်။ Roll-On အသုံးပြုမယ်ဆိုရင် အရင်ကထက် ချွေးထွက်နည်းသွားပြီး အင်္ကျီပေါ်မှာ ချွေးအကွက်လိုက် ကျန်ခဲ့တာမျိုး၊ အဝတ်အစားပေါ်မှာ ဝါကျဥ်ကျဥ်အစွန်းအထင်းများ ကျန်ရစ်ခဲ့တာမျိုးတွေ ရှိတော့မှာမဟုတ်ပါဘူး။

ချိုင်းကြား အနံ့ဆိုးများမှ ထွက်ခြင်းမှ ကာကွယ်ပေးခြင်း

ချိုင်းလိမ်း ဂြိုလ်သား

ဒီအချက်ကတော့ အသိသာဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ဘယ်လောက်ပဲ ချွေးနံ့ ပြင်းပြင်း Roll-On နဲ့ ဖုံးဖိလို့ရပါတယ်။ တကယ်လို့ ကွီးတို့က ချွေးထွက်များတဲ့သူဆိုရင်တော့ အိတ်ဆောင် Roll-On လေးကို ရုံးသွားတဲ့အချိန်မှာ သယ်သွားသင့်ပါတယ်။ ဒါမှသာလျှင် တနေကုန် ထွက်ထားတဲ့ ချွေးတွေကြောင့် စိတ်ညစ်နေရတဲ့ အဖြစ်ကနေ ပျောက်သွားမှာပဲ ဖြစ်ပါတယ်။

သက်သောင့်သက်သာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေခြင်း

ချိုင်းလိမ်း ဂြိုလ်သား

ချွေးနံ့ဆိုးတွေနဲ့ လူကြား သူကြားထဲမှာ သွားလာနေရတာသည် ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ကျဆင်းစေပါတယ်။ Roll-On အသုံးပြုပေးမယ်ဆိုရင်တော့ ချွေးနံ့ဆိုးတွေကြောင့် စိတ်ညစ်နေရတဲ့ အဖြစ်မျိုး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းရတဲ့ အဖြစ်မျိုးမှ ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီလိုကောင်းကျိုးတွေ သိထားတာတောင်မှ ချိုင်းလိမ်း Roll-On မသုံးတဲ့ ဂြိုလ်သား တစ်ယောက်လို နေနေဦးမှာလား။

Source: Innovist

Featured Image: Freepik