ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် ပန်းတိုင်များ ချမှတ်ထားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ပန်းတိုင် ချမှတ်ထားရုံ တစ်ခုတည်းနဲ့တော့ ကွီးတို့က အောင်မြင်မှုကို သေချာပေါက် ရရှိပိုင်ဆိုင်လိမ့်မယ်လို့တော့ အာမ မခံနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပန်းတိုင် ချမှတ်ထားခြင်းသည် အောင်မြင်မှုကို အကောင်အထည်ဖော်နိုင်မယ့် ပထမခြေလှမ်းတစ်ခုသာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ် ချမှတ်ထားတဲ့ ပန်းတိုင်သည် လက်တွေ့ ကျတဲ့ ပန်းတိုင် တစ်ခုဖြစ်ဖို့ လိုအပ်ပါတယ်။

လက်တွေ့ ကျတဲ့ ပန်းတိုင် ဆိုတာ ဘယ်လိုမျိုးလဲ

goals

လက်တွေ့ကျတဲ့ ပန်းတိုင်များသည် ကွီးတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်များဆီသို့ မြန်မြန်ရောက်ရှိအောင် ကူညီပေးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်၊ ငါ လုပ်နိုင်ပါလား၊ ငါ မရ ရအောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အားမျိုးကို ပေးစွမ်းပါတယ်။ စိတ်ကူးယဥ်ဆန်တဲ့ ပန်းတိုင်တွေကတော့ စိတ်ကူးယဥ်ရုံသပ်သပ်ပဲဖြစ်ပြီး ကွီးတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ဘာအကူအညီမှ မဖြစ်စေပါဘူး။ လက်တွေ့ကျတဲ့ ပန်းတိုင်တွေကတော့ ကွီးတို့ လိုချင်တဲ့အရာတွေကို အလွယ်လေး ရယူနိုင်အောင် ကူညီပေးပါတယ်။

လက်တွေ့ကျတဲ့ ပန်းတိုင်တွေကို ဘယ်လိုချမှတ်နိုင်မလဲ။

ချရေးပါ

လက်တွေ့ ပန်းတိုင်

ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ချရေးထားခြင်းသည် ပန်းတိုင်ကို ရောက်ရှိဖို့အတွက် ကူညီပေးမယ့် ပထမဦးဆုံး အဆင့်ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ မျက်စိရှေ့မှာ မြင်နေရတဲ့အတွက်ကြောင့် ဆက်လက်ကြိုးစားရမယ် ဆိုတဲ့ စိတ်ခံစားချက်တစ်ခုကိုလည်း ရရှိမှာပဲဖြစ်ပါတယ်။ ကိုယ် ချရေးလိုက်တဲ့ ရည်မှန်းချက်က လက်တွေ့မဆန်ဘူးဆိုရင် လက်တွေ့ဆန်အောင် ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတော့ အိုင်ဒီယာတစ်ခုကိုလည်း စဥ်းစားမိမှာပဲ ဖြစ်ပါတယ်။

ထည့်သွင်း စဥ်းစားရမယ့် အရာများ

လက်တွေ့ ပန်းတိုင်

ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို ချရေးပြီးပြီဆိုတာနဲ့ ထည့်သွင်းစဥ်းစားရမယ့် အချက် (၆) ချက် ရှိပါတယ်။ ပထမအချက်ကတော့ အချိန်ပါ။

အချိန် ဘယ်လောက်ပေးမှာလဲ။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါ့မလား။ ပြီးနိုင်လောက်တယ်ဆိုမှ အချိန်ကို သတ်မှတ်ထားရမှာဖြစ်ပါတယ်။

မိုတီဗေးရှင်း ရှိရဲ့လား။

ပန်းတိုင်ဆီ အရောက်သွားသည်အထိ ပုံမှန် ကြိုးစားလုပ်ဆောင်သွားမယ်ဆိုတဲ့ စိတ်နှစ်ထားတာမျိုး ရှိရဲ့လား။ စိတ်ဓာတ်ခွန်အား မရှိဘူးဆိုရင်တော့ ကွီးတို့ရဲ့ ပန်းတိုင်ဆီ အရောင်သွားဖို့ ကြိုးစားနိုင်မှာမဟုတ်တော့ပါဘူး။

အရည်အချင်း ပြည့်မှီရဲ့လား။

ကိုယ် လိုချင်တဲ့ ပန်းတိုင်ကို အောင်မြင်စွာ ဆွတ်ခူးနိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းများ ရှိရဲ့လား။ ဥပမာအနေနဲ့ ကွီးတို့က အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုကြပါစို့။ စီးပွားရေးနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတများရော ရှိရဲ့လား။ စီးပွားရေးတစ်ခုကို လုပ်ကိုင်နိုင်တဲ့ အရည်အချင်းရော ရှိရဲ့လား။

မရှိဘူးဆိုရင်တော့ အရည်အချင်းတွေ ပြည့်သွားအောင် လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။

ပန်းတိုင်ဆီသို့ စမတ်ကျကျ ချဥ်းကပ်ပါ

လက်တွေ့ ပန်းတိုင်

ကွီးတို့ရဲ့ ပန်းတိုင်ဆီသို့ အရောက်လှမ်းတဲ့အခါမှာလည်း စမတ်ကျကျ လျှောက်လှမ်းတတ်ဖို့ လိုအပ်ပါတယ်။ ဖြတ်ထိုးဥာဏ်ရှိစွာ လုပ်ဆောင်ပါ။ ကိုယ့်ကိုယ်ကိုယ်က လွဲပြီး ဘယ်သူ့ကိုမှ ယုံကြည်ပြီး မပုံအပ်လိုက်ပါနဲ့။ လောကမှာ ကွီးတို့ကို အမှန်တကယ် ချစ်ခင်လေးစားသူသာ ကွီးတို့ရဲ့ အောင်မြင်မှုကို လိုလားတာပါ။ အခြားသူတွေကတော့ ပါးစပ်ကသာ ကွီးတို့အပေါ် ကောင်းနေတာပါ။ အမှန်တကယ် အရေးကြုံလာရင်တော့ သူတို့ကိုယ် သူတို့ပဲ ရွေးချယ်ပြီး ကွီးတို့ကို ချနင်းသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်သူ့ ဘယ်သူကိုမှ အဆုံးစွန်အထိ မယုံပါနဲ့။ ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည့်ပါ။ ကိုယ် လုပ်စရာရှိတာကို လုပ်ဆောင်ပါ။ ပွင့်လင်းတဲ့ စိတ်ထားရှိပါ။ ကိုယ့်ကို အဖက်မလုပ်ရင်လည်း ဖီးလ်မနေပါနဲ့။ ကိုယ့်ဘာသာကိုယ် နေတတ်အောင် ကြိုးစားပါ။

ဒါဆိုရင်တော့ ကွီးတို့သည် ပန်းတိုင်ဆီ လျှောက်လှမ်းတဲ့အခါ ဘာအခက်အခဲ အတားအဆီးမှရှိမှာ မဟုတ်တော့ပါဘူး။

ကွီးတို့ဆီမှာရော ဘယ်လို အိပ်မက်မျိုးတွေ ရှိပါသလဲ။ စိတ်ကူးယဥ်ဆန်တဲ့ အိပ်မက်လား။ လက်တွေ့ကျတဲ့ အိပ်မက်လား။

Source: Indeed

Featured Image: Freepik