ဘဝမှာ စစ်မှန်တဲ့ ပျော်ရွှင်မှု ကို ရရှိခံစားနေရသူတွေဟာ ကံအကောင်းဆုံး လူသားတွေလို့ ပြောရမှာပါ။ ဒါပေမယ့် သူတို့ရဲ့ အကောင်းမြင်နိုင်တဲ့စိတ်ဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတာတော့ မဟုတ်ပါဘူး။ အဓိကအားဖြင့် စိတ်ထားတက်အောင် ပြုပြင်နေထိုင်ကြခြင်းကသာ အကောင်းမြင်စိတ်နဲ့ ပျော်ရွှင်မှုကို တိုးစေတာ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကျွန်တော်တို့ ရှင်သန်ရာ ဘဝတစ်လျှောက်လုံးမှာ အပြုသဘောဆောင်တဲ့ ကောင်းခြင်းတွေ များစွာပေးစွမ်းမှာ ဖြစ်တာကြောင့် ဒီတစ်ခေါက်တော့ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ကောင်းကောင်းကြီး စားသုံးနေကြသူတွေရဲ့ လျို့ဝှက်ချက် အချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ကျေးဇူးတင်တက်တဲ့ အကျင့်ကို ပျိုးထောင်ကြတယ်

Cultivating gratitude

Photo : a little dose of happy

စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရရှိခံစားကြသူတိုင်းဟာ သူတို့ရဲ့ဘဝမှာ ကျေးဇူးတင်တက်တဲ့ အလေ့အကျင့်ကို သေချာပြုစု ပျိုးထောင်ကြပါတယ်။ ကိစ္စတိုင်းကို အပြုသဘောဆောင်တဲ့ ရှုထောင့်ကနေ ရှုမြင်ပြီး ကျေးဇူးတင်စရာကောင်းကွက်ကို ရှာမယ်ဆိုရင် ဘယ်ကိစ္စမဆို လွယ်သည်ဖြစ်စေ ၊ ခက်သည်ဖြစ်စေ ကောင်းမွန်စွာ ကျော်လွှားဖြေရှင်းသွားနိုင်မှာပါ။ ကျေးဇူးတင်တက်တဲ့ အလေ့အကျင့်ဟာ ပျော်ရွှင်မှုကို မြှင့်တင်ပေးရုံသာမက အပြုသဘောဆောင်တဲ့ စိတ်သဘောထားကိုလည်း မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။

(၂) မိမိကိုယ်ကို ဂရုစိုက်တက်ကြတယ်

Photo : BetterHelp

မိမိဘဝမှာ စစ်မှန်တဲ့ ပျော်ရွှင်မှု ကို ခံစားရလိုချင်တယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တက်ဖို့တော့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းအားဖြင့် ကိုယ့်အကြောင်းကို ပိုမိုနားလည်ပြီး ကိုယ့်ကိုယ်ကိုယ် အပြည့်အဝပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဘဝတစ်ခုကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်ကို ဂရုစိုက်တက်တဲ့ နေရာမှာ ကောင်းမွန်စွာ အိပ်စက်တာ ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်တာ ၊ ဝါသနာပါတဲ့ အရာတွေကို အချိန်ပေးတာ ၊ ကိုယ့်အတွက် လုံလောက်တဲ့ အားချိန်ပေးတာ စတဲ့ အချက်တွေ ပါပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေထိုင်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ကောင်းကောင်းကြီး ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

(၃) ကိုယ်ချင်းစာတရားနဲ့ ကြင်နာမှုကို မွေးမြူကြတယ်

Cultivating empathy and kindness

Photo : Healthline

အမြဲတမ်း ပျော်ပျော်နေထိုင်နိုင်ဖို့ဆိုရင် တစ်ကိုယ်ကောင်းဆန်ခြင်းနဲ့ အတ္တအစွဲတွေကို ချန်ခဲ့မှ ရပါလိမ့်မယ်။ ဘဝမှာ စစ်မှန်တဲ့ ပျော်ရွှင်မှု ကို ခံစားကြရသူတိုင်းဟာ ကိုယ်ချင်းစာတရားနဲ့ ကြင်နာမှုကို လက်ကိုင်ထား ကျင့်သုံးကြသူတွေပါ။ ကိုယ်ချင်းစာတရားနဲ့ ကြင်နာမှုဟာတွေကို အခြေခံပြီး လူအချင်းချင်း အပြန်အလှန်ဖေးမကူညီမယ် ၊ ကိုယ့်ထက်အားနည်းသူတွေကို စာနာနားလည်ပေးမယ်ဆိုရင် အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ဖြစ်ပေါ်စေပြီး ပျော်ရွှင်ကျေနပ်ဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

(၄) တစ်ကိုယ်ရည် တိုးတက်မှုကို ရှာဖွေကြတယ်

Pursuing personal growth

Photo : Seth J. Gillihan, PhD

လူတိုင်းဟာ အခုလက်ရှိထက် ပိုကောင်းတဲ့ဘဝတွေကို လိုချင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲတိုးတက်အောင် ကြိုးစားနေကြသူတွေသာလျှင် စစ်မှန်တဲ့ ပျော်ရွှင်မှု ကို ရရှိကြတာ ဖြစ်ပါတယ်။ Comfort Zone ထဲမှာ နေထိုင်နေခြင်းဟာ ဘဝရဲ့ တက်လမ်းတွေကို ပိတ်ဆို့နေတာ ဖြစ်သလို စိန်ခေါ်မှုတွေမရှိတဲ့ တသတ်မှတ်တည်း ဘဝကြီးဟာလည်း ပျင်းစရာကောင်းတာ အမှန်ပါပဲ။ ဒါကြောင့် ပိုမိုအဓိပ္ပါယ်ရှိပြီး မြင့်မားတဲ့ ပန်းတိုင်တွေကို ချမှတ်ကာ ကိုယ့်ကိုယ်ကို တိုးတက်တဲ့ လူတစ်ယောက် ဖြစ်အောင် အမြဲ ကြိုးစားလုပ်ကိုင်နေမယ်ဆိုရင် ကောင်းမွန်တဲ့ အနာဂတ် အခွင့်အလမ်းတွေနဲ့ ဘဝရဲ့ ရှင်သန်ရခြင်း အဓိပ္ပါယ်ကို ရှာတွေ့ပြီး ပျော်ရွှင်မှုစစ်စစ်ကို ခံစားကြရမှာ ဖြစ်ပါတယ်။

Featured Photo : Porter Insights