ဖုန်းစခရင်မ် ပိစိလေးနဲ့ ဖုန်းသုံးနေရတာ အားမလို အားမရဖြစ်နေပါသလား။​ ဒါဆိုရင်တော့ စခရင်မ် အကြီးကြီးရှိတဲ့ အလန်းစား စမတ်ဖုန်း များကို ပြောင်းသုံးဖို့အ ချိန်ကျလာပါပြီ။ စခရင်မ် ကြီးတဲ့ စမတ်ဖုန်း ဆိုတော့ ကွီးတို့ရဲ့ မျက်စိ ထိခိုက်မှာကိုလည်း ပူစရာမလိုတော့ပါဘူး။

လက်ရှိဈေးကွက်ထဲမှာ ဘယ်လို စခရင်မ်အကြီးကြီး စမတ်ဖုန်းတွေက ရေပန်းစားကာ ပေါ်ပြူလာဖြစ်နေသလဲဆိုတာကိုရော သိပါသလား။

Samsung Galaxy S23 Ultra

Samsung Galaxy S23 Ultra

သူ့ရဲ့ Display ကတော့ ၆.၈ လက်မရှိပြီး Super AMOLED ကို အသုံးပြုထားတာဖြစ်ပါတယ်။ CPU ကတော့ Snapdragon 8 Gen 2 ကို အသုံးပြုထားတာဖြစ်ပါတယ်။ ကင်မရာကလည်း အလန်းစားဆိုတော့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ ကွီးတို့အတွက်တော့ ကွက်တိပါပဲ။ သူ့ရဲ့ အလေးချိန်ကတော့ ၈.၃ အောင်စခန့်သာ လေးပါတယ်။ ဘက္ထရီကလည်း တစ်ခါ အားဖြည့်ထားတာနဲ့ အကြာကြီးခံတဲ့ စမတ်ဖုန်း အမျိုးအစားပဲဖြစ်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၈၉၂ ဒေါ်လာ ကုန်ကျမှာ ဖြစ်ပါတယ်။

iPhone 14 Pro Max

စခရင်မ် စမတ်ဖုန်း

Android ထဲက မကြိုက်ဘူးဆိုရင်တော့ အိုင်ဖုန်းထဲကလည်း ရွေးချယ်စရာရှိပါတယ်။ သူ့ရဲ့ Display ကတော့ စောစောက Samsung Galaxy S23 Ultra နဲ့ ယှဥ်မယ်ဆိုရင်တော့ (.၁) လက်မ လျော့သွားပါတယ်။ CPU ကတော့ A16 Bionic ကို အသုံးပြုထားတာဖြစ်ပြီး RAM ကလည်း 6GB အထိရှိပါတယ်။ သူ့ဘက္ထရီ သက်တမ်းကလည်း ကြာရှည်ခံတဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ကင်မရာကလည်း အမိုက်စားဖြစ်ပြီး Dynamic Island Screen Upgrade လည်း ပါဝင်ပါသေးတယ်။

OnePlus 11

စခရင်မ် စမတ်ဖုန်း

ဒီဖုန်းရဲ့ Display Size ကလည်း iPhone 14 Pro Max အရွယ်အစားနဲ့ အတူတူပါပဲ။ ၆.၇ လက်မရှိပါတယ်။ CPU အတွက်ကတော့ Snapdragon 8 Gen 2 ကို အသုံးပြုထားတာဖြစ်ပြီး RAM ကတော့ 8GB နဲ့ 16GB ဆိုပြီး ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၄၉ ဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။ ကင်မရာကလည်း အလန်းစားပဲဆိုတော့ ဓာတ်ဖမ်းရတာ ကြိုက်တဲ့သူတွေ ရွေးချယ်သင့်တဲ့ ဖုန်းအမျိုးအစားတစ်လုံးပဲ ဖြစ်ပါတယ်။

Google Pixel Fold

စခရင်မ် စမတ်ဖုန်း

Google ရဲ့ ပထမဦးဆုံး ခေါက်ဖုန်းလေးပဲ ဖြစ်ပါတယ်။ Display အရွယ်အစားကတော့ အပြင်ဘက်ဆိုရင် ၅.၈ လက်မ၊ အတွင်းဘက်ဆိုရင်တော့ ၇.၆ လက်မရှိပါတယ်။ CPU ကတော့ Tensor G2 ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ကင်မရာပိုင်းကလည်း ပြောစရာမလိုအောင် ကောင်းမွန်လှပါတယ်။ ခေါက်ဖုန်းရဲ့ အလေးချိန်ကတော့ ၁၀ အောင်စ လေးမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၀၉၉ ဒေါ်လာ ပေးဝယ်ရမှာပဲဖြစ်ပါတယ်။

Google Pixel 7 Pro

စခရင်မ် စမတ်ဖုန်း

နောက်ထပ် လူကြိုက်များတဲ့ စခရင်မ်ကြီးကြီး စမတ်ဖုန်းကတော့ Google Pixel 7 Pro ပဲဖြစ်ပါတယ်။ သူ့ရဲ့ Display ကတော့ ၆.၇ လက်မရှိပြီး OLED ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Google ဖုန်းရဲ့ ထုံးစ့အတိုင်း CPU ကတော့ Tensor G2 ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ RAM ကတော့ 12GB ရှိပြီး Storage ပိုင်းကတော့ ကိုယ်ထည့်စိုက်ရင် စိုက်သလောက် 512GB အထိ စိုက်ထည့်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၉၉ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

ကွီးတို့ရော စခရင်မ်အကြီးကြီးကိုကြိုက်လား၊ သေးသေးလေးကို ကြိုက်လား။

Source: Tomsguide

Featured Image: Gizchina