ကျွန်တော်တို့က အကြောင်းအမျိုးမျိုးကြောင့် အစားစာချိန် ကျော်လွန်သွားတဲ့ အခါ အလွန်အမင်း ဆာလောင်ခြင်းကို ခံစားရနိုင်ပါတယ်။ ဒီလိုအလွန်အမင်း ဆာလောင်တဲ့အခါမှာ ဆာလောင်ခြင်းကို တွန်းလှန်န်ဖို့ ကွီးတို့အနေနဲ့ ကြုံရာအစားအစာကို စားမိတာမျိုး ဖြစ်တတ်ပါတယ်။ ထိုအခါမှာ ဗာလာကျင်းနေသော အစာအိမ် မှာ အချို့သော အစားအစာများကြောင့် အခန့်မသင့်လျှင် အစာမကြေဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ မအီမသာ ခံစားရခြင်းတို့ ဖြစ်နိုင်ပါတယ်။ ပိုမိုပြင်းထန်လျှင် အစာအဆိပ်သင့်ခြင်းအထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ အနေနဲ့ ဘယ်လောက်ပဲ ဗိုက်အရမ်းဆာနေချိန် ဖြစ်ပါစေ လုံးဝ မစားသင့်တဲ့ အစားအစာအချို့ကို ဖော်ပြပေးသွားပါမယ်။
အနီရောင်အသား
Photo : Health Digest
အနီရောင်အသားက ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှ အစာချေဖျက်ရန် အချိန်များစွာလိုအပ်ပါတယ်။ ထို့ကြောင့် အနီရောင်အသားများကို စားသုံးခြင်းသည် အစာချေဖျက်ရန်အတွက် စနစ်များကို အလုပ်ပိုလုပ်စေပါလိမ့်မယ်။ ထိုအခါမှာ ဗိုက်အောင့်ခြင်းနဲ့ အလွန်အကျွံ ဗိုက်ပြည့်ခြင်းကို ခံစားရနိုင်ပါတယ်။
ကော်ဖီ
Photo : CNN
ကွီးတို့ရေ ဗိုက်အရမ်း ဆာနေတဲ့အချိန် အလွယ်တကူ ကော်ဖီတစ်ခွက် ဖျော်သောက်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုရင် ဗိုက်ထဲမှာ ဘာမှမရှိထဲအချိန် ကော်ဖီသောက်ခြင်းက ခန္ဓာကိုယ်ထဲမှာ ဟိုက်ဒရိုကလိုရစ်အက်ဆစ်ကို ထုတ်ပေးနိုင်ပြီး အစာခြေစနစ်အတွင်း အက်စစ်ဓာတ်ကို တိုးလာစေကာ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
Energy Bars
Photo : Experience life
Energy Bars တွေက စွမ်းအင်ကို ပေးစွမ်းနိုင်သော်လည်း ဗိုက်အရမ်းဆာနေချိန်မှာ မစားသင့်တဲ့ အစားအစာထဲမှာ ပါပါတယ်။ ၎င်းတို့က အစာချေဖျက်ရန် အချိန်ယူရတာကြောင့် ဗိုက်ထဲမှာ ပြည့်အင့်နေပြီး မအီမသာ ခံစားရနိုင်ပါတယ်။
ထောပတ်သီး
Photo : VegNews
ထောပတ်သီးမှာ အာဟာရဓာတ်မျိုးစုံပါဝင်တာကြောင့် ကိုလက်စထရောပမာဏကို လျှော့ချပေးတယ်၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်၊ မျက်လုံးကို ကာကွယ်ပေးတယ်၊ သားဖွားနိုင်တယ်၊ မှတ်ဥာဏ်စွမ်းရည်ကို မြှင့်တင်ပေးတယ်၊ အစာခြေလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးပြီး အရိုးအဆစ်ရောင်တာကို တားဆီးပေးနိုင်ပါတယ်။ သို့သော်လည်း ဗိုက်အရမ်းဆာနေချိန်၊ ဝမ်းဗိုက်ထဲမှာ ဗလာကျင်းနေချိန်မှာတော့ ထောပတ်သီးကို လုံးဝ မစားသင့်ပါဘူး။ ဘာကြောင့်လဲဆိုရင် ထောပတ်သီးမှာပါတဲ့ အဆီဓာတ်က အစာချေဖျက်ရာမှာ အလွန်နှေးကွေးပြီး မသက်မသာ ခံစားရနိုင်ပါတယ်။
ဟင်းသီးဟင်းရွက် အစိမ်း
Photo : Simply Healthy Vegan
ဟင်းသီးဟင်းရွက်များက ကျွန်တော်တို့ကျန်းမာရေးအတွက် သဘာဝအတိုင်း အကျိုးပြုတယ်ဆိုတာ မှန်ပါတယ်။ သို့သော်လည်း ဗိုက်ထဲမှာ ဘာမှမရှိတဲ့ အချိန် ဟင်းသီးဟင်းရွက်စိမ်းတွေဟာ လုံးဝရှောင်သင့်တဲ့ အရာပါ။ ၎င်းတို့ကို စားသုံးမိလျှင် ဗိုက်ပြည့်လွန်းတာကို ခံစားရစေပြီး နောက်ပိုင်းတွင် သွေးတွင်းသကြားဓာတ် ကျဆင်းသွားနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေဟာ အစာကြေဖို့ ခက်ခဲပြီး လေပွခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒါတွေအပြင် ဗိုက်အရမ်းဆာနေချိန် မစားသင့်တဲ့ အစားအစာတွေထဲမှာ ဆီကြော်တွေ၊ ချိစ့်၊ စပ်သော အစားအစာတွေ၊ လိမ္မော်ရည်၊ Protein Shakes စတာတွေလည်း ပါဝင်ပါတယ်။ ကွီးတို့အနေနဲ့ ဗိုက်အရမ်းဆာလောင်ချိန်မှာ သတိမမူမိဘဲ ဒီအရာတွေကို စားသုံးမိခြင်းမှ ရှောင်နိုင်အောင် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။
Source : Bold Sky
Featured Photo : The Time of India