နည်းပညာရဲ့ ဖွံဖြိုးတိုးတက်မှုနဲ့အတူ လူသားတွေရဲ့ နေ့စဉ်ဘဝကလည်း ပိုမိုအဆင်ပြေလွယ်ကူလာတယ်ဆိုတာ အသေအချာပါပဲ။ အခုဆိုရင် ဘက်ပေါင်းစုံ နယ်ပယ်ပေါင်းစုံအတွက် နည်းပညာသုံး Gadgets လေးတွေကလည်း များပြားလာပြီ။ လုံးဝကို အသုံးဝင်ပြီးမိုက်တဲ့ Gadgets လေးတွေ ရှိသလို၊ သုံးကြည့်လိုက်တဲ့ အခါ ထင်သလောက်မဟုတ်တဲ့ Gadgets လေးတွေလည်း ရှိပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အိမ်အတွက် အသုံးဝင်ပြီး ဒါလေးတွေ ရှိရင်တော့ မိုက်တယ်လို့ ခံစားရလောက်တဲ့ နည်းပညာသုံး Gadgets လေးအချို့ကို ဖော်ပြပေးချင်ပါတယ်။
Switchbot Hub Mini

Photo : Inteligentny Dom
ဒါလေးကတော့ ကွီးတို့အိမ်မှာရှိတဲ့ မည့်သည့်စက်ပစ္စည်းနဲ့ မဆို ချိတ်ဆက်လို့ရတဲ့ အဝေးထိန်းကိရိယာတစ်ခု ဖြစ်ပါတယ်။ ဥပမာအးဖြင့် ကွီးတို့မှာ ပုံမှန်သုံးနေကျ တီဗွီ ရီမုဒ်တစ်ခု ရှိတယ်ဆိုပါတော့၊ ဒီ Switchbot Hub Mini လေးမှာ Smart Learning မုဒ်ဖြင့် လက်ရှိ အဝေးထိန်းခလုတ်မှ အချက်ပြမှုများကို ၅ စက္ကန့်အတွင်း သင်ယူနိုင်ပြီး တုပနိုင်ပါတယ်။ ကွီးတို့ အိမ်မှာရှိတဲ့ စက်စ္စည်းအားလုံးနဲ့ ချိတ်ဆက်နိုင်ပြီး Wi-Fi ချိတ်ဆက်မှုဖြင့် ကွီးတို့ရဲ့ ဖုန်းထဲကနေလည်း ထိန်းချုပ်နိုင်ပါတယ်။ ဒါဆိုရင် ရှိသမျှ စက်ပစ္စည်းတွေအတွက် ရီမုဒ်မလိုတော့ဘဲ ကွီးတို့ ဖုန်းနဲ့ ထိန်းချုပ်နိုင်ပါပြီ။
Capstone Touch Screen Smart Mirror

Photo : Amazon
ကွီးတို့ရေ ကိုယ်ကြည့်နေကျ မှန်ရဲ့ မျက်နှာပြင်မှာ YouTube ကြည့်တာ၊ ဗီဒီယုတွေ ကြည့်တာအပြင် ဘယ်အရာကို မဆို ကြည့်ရှုနိုင်ပြီး၊ ထိတွေ့မျက်နှာပြင်နဲ့ စပီကာတွေပါပါရင် မမိုက်ဘူးလား။ ဒါကတော့ အခြားသော Smart Mirrors များနှင့်မတူဘဲ၊ Android OS ကိုအသုံးပြုထားပြီး ၎င်းသည် မည်သည့် Android App ကိုမဆို ထည့်သွင်းနိုင်တဲ့ Capstone Touch Screen Smart Mirror ပဲ ဖြစ်ပါတယ်။ ဒီမှန်မှာ Android တွင်သုံးသည့် စမတ်မှန်တစ်ခု၊ Touch Display နှင့် In-built Speaker တို့ပါရှိပါတယ်။ ဒါလေးကတော့ တကယ်ကို ခံစားမှုအသစ်ကို ပေးစွမ်းနိုင်မယ့် အမိုက်စားလေးပါပဲ။ သို့သော် Gyroscope နဲ့ အခြားအာရုံခံကိရိယာများကို အသုံးပြုတဲ့ အက်ပ်/ဂိမ်းအချို့ကတော့ ဒီမှန်ပေါ်တွင် အလုပ်လုပ်မှာ မဟုတ်ပါဘူး။
Townew T1 – Smart Trash Can

Photo : PC Mag
အမှိုက်ပုံးတွေက သိပ်ပြီးထူးခြားတဲ့ အရာတော့ မဟုတ်ပါဘူး။ သို့သော်လည်း နည်းပညာခေတ်မှာ အမှိုက်ပုံးတွေကလည်း အမိုက်စားဖြစ်လာပါပြီ။ အခုဖော်ပြပေးချင်တဲ့ Townew T1 – Smart Trash Can အဓိကအားသာချက်ကတော့ Self Sealing စွမ်းရည်ပါပဲ။ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဒီစမတ်အမှိုက်ပုံးက အိတ်ကို အလိုအလျောက်ပိတ်ပြီး စွန့်ပစ်ရန် အဆင်သင့်ဖြစ်စေတာပဲ ဖြစ်ပါတယ်။ ကွီးတို့လုပ်ရာမှာ ကောက်ယူပြီး ပစ်လိုက်ရုံပါပဲ။
Govee Glide Smart LED Wall Light Bar

Photo : Digital Trend
အခုခေတ်က ကိုယ့်ရဲ့ အိပ်ခန်းထဲမှာ LED Room Lights တွေခေတ်စားလာပြီး လူငယ်တော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။ ၎င်းတို့က စျေးပေါတယ်၊ ဆွဲဆောင်မှုရှိပြီးပျော်စရာကောင်းတယ်။ ဒီကောင်လေးက မတူညီတဲ့ ပုံစံတွေ ဖန်တီးနိုင်ပြီး Alexa နှင့် Google Assistant မှတစ်ဆင့်လည်း အလက်းနဲ့ တောက်ပမှုများ၊ မြင်ကွင်းသက်ရောက်မှုများကို ထိန်းချုပ်နိုင်ပါတယ်။ ကွီးတို့အနေနဲ့ အိမ်ကို အလှဆင်ဖို့အတွက် ဒီကောင်လေးကို အသုံးပြုနိုင်ပါတယ်။
ကွီးတို့ရေ ဒါလေးတွေ ကတော့ အိမ်အတွက် အသုံးဝင်တဲ့ အမိုက်စား Gadgets လေးအချို့ပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ Gadgets လေးတွေရှိသေးတာကြောင့် ဆက်လက်ပြီး ဖော်ပြပေးပါဦးမယ်။
Source : G for Gadgets
Featured Photo : Amazon
