လူတစ်ယောက် အကြိုက်တစ်မျိုးစီရယ်ပါ။ အိပ်ရာထက်က လိင်မှုကိစ္စမှာလည်း လူတစ်ယောက်ချင်းစီတိုင်း အကြိုက်နဲ့မကြိုက် ကွဲပြားမှုတွေလေး ရှိနိုင်ပါတယ်။ ဒါပေမယ့် အခုပြောပြပေးမယ့် သိုင်းကွက် တွေကတော့ ယေဘုယျအားဖြင့် သိုင်းကျမ်းကျေတဲ့ အမျိုးသားတိုင်း နှစ်သက်သဘောကျ ကြပါတယ်။ ကဲဒါဆို အောက်မှာဆက်လက်ပြီး သိုင်းဆရာကြီးတွေ ဘဝင်အခိုက်တဲ့ လက်စွဲတော် သိုင်းကွက်တွေကို ဆက်လက်လေ့လာ ကြည့်လိုက်ရအောင်ပါ။
(၁) လှေလှော်
Photo : Freepik
လှေလှော် သို့မဟုတ် Missionary သိုင်းကွက် ကတော့ ချစ်တင်းနှောတဲ့အခါမှာ စတင်တဲ့အနေအထား Position တစ်ခုဖြစ်ပြီး သက်တောင့်သက်သာနဲ့ သာယာပျော့ပျောင်းတဲ့ အထိအတွေ့ ခံစားမှုကို ပေးစွမ်းပါတယ်။ အမျိုးသားက အပေါ်ကနေ စတင်ဦးဆောင်ပြီး လှုပ်ရှားရမှာပါ။ ဒီသိုင်းကွက်ဟာ အမျိုးသားရော ဆက်ဆံဖော်ပါတနာ အမျိုးသမီးအတွက်ပါ ရင်းနှီးကျွမ်းဝင်မှုနဲ့ ကောင်းမွန်တဲ့ ခံစားမှုတို့ကို ပေးစွမ်းတာကြောင့် သိုင်းဆရာကြီးတိုင်း အကြိုက်တွေ့ရတဲ့ လက်စွဲတော် သိုင်းကွက်တစ်ခုပါပဲ။
(၂) မတ်တတ်
Photo : The Times of India
မတ်တတ် သိုင်းကွက်ကတော့ ရိုးရှင်းပါတယ်။ သင်ရော သင့်ပါတနာ နှစ်ဦးစလုံး မတ်တပ်ရပ်အနေအထားနဲ့ ချစ်တင်းနှောတဲ့ ပုံစံပါ။ အမျိုးသမီးရဲ့ နောက်ကျောဘက်ကနေ နေရာယူပြီး ထိုးဖောက်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ သူမရဲ့ခါးလေးကို ကိုင်ထားပြီး လည်ဂုတ်ကို အနမ်းတွေခြွေခြင်းအားဖြင့် စိတ်လှုပ်ရှားမှုပိုမို ပေးစွမ်းနိုင်မယ့် အကောင်းဆုံး သိုင်းကွက် ဖြစ်ပါတယ်။
(၃) မြင်းစီး
Photo : Freepik
မြင်းစီး သိုင်းကွက် ဟာ အမျိုးသားတိုင်း နှစ်သက်ဘဝင်ခိုက်တဲ့ အနေအထားတစ်ခုပါပဲ။ ပါတနာကို အပေါ်ကနေ ဦးဆောင်ခိုင်းပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကို အတိုင်းသားမြင်တွေ့ခွင့်ရနေခြင်းဟာ ရင်ခုန်သံတွေကို ပိုမြန်စေမှာ ဖြစ်ပါတယ်။ အပြောင်းအလဲအနေနဲ့ ပိုပြီး ဆွဲဆောင်မှုရှိတဲ့ Position ကိုသွားချင်တယ်ဆိုရင်တော့ ပါတနာကို ပြောင်းပြန်အနေအထား ထိုင်ခိုင်းပြီး ပြောင်းပြန် မြင်းစီး သိုင်းကွက်နဲ့ နှစ်ပါးသွားလို့လည်း ရပါတယ်။
(၄) ပေါင်ပေါ်ထိုင်
Photo : YourTango
ပေါင်ပေါ်ထိုင် သိုင်းကွက် ကတော့ ဘိုလို On The Lap လို့ခေါ်ပါတယ်။ သူက ခန္ဓာကိုယ်နှစ်ခုကို ပိုနီးကပ်နေစေတဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားပိုတိုးစေမှာပါ။ ဒီ Position ဟာ သင်နဲ့သင့်ပါတနာရဲ့ ရင်းနှီးမှုကို ပိုတိုးစေပြီး အရမ်းကို Sexy ဖြစ်တဲ့ ခံစားမှုကို ရစေမှာ ဖြစ်ပါတယ်။ ဒီသိုင်းကွက်ကို သိုင်းဆရာကြီးတွေသာမက အမျိုးသမီးတွေလည်း နှစ်သက်သဘောကျ ကြပါတယ်။
(၅) ကောင်းဘွိုင်
Photo : Salon
သိုင်းဆရာကြီးတွေရဲ့ လက်စွဲတောင် သိုင်းကွက် တွေအကြောင်းပြောတဲ့အခါ ချန်ထားခဲ့လို့မရတာက ကောင်းဘွိုင် (Doggy Style Position) ပါပဲ။ ဒီသိုင်းကွက်ကို အမျိုးသားတိုင်း အားလုံးနီးပါး နှစ်သက်သဘောကျ ကြပါတယ်။ သူမရဲ့ ခါးလေးကို ကိုင်ထားတာ ၊ ဆံပင်တွေကို ဆော့ကစားတာ စသည်ဖြင့် ပါတနာရဲ့ရင်ခုန်စိတ်လှုပ်ရှားမှုကိုလည်း နည်းလမ်းမျိုးစုံနဲ့ မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး သာယာကြည်နူးစရာ အခိုက်အတန့်ကောင်းတစ်ခု ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ကွီးတို့အကြိုက်ဆုံး သိုင်းကွက် ကရော ဘာဖြစ်မလဲ ???
Featured Photo : Health – Time