လူ့ ဦးနှောက် သည် မှတ်ဥာဏ်ခန်းထဲတွင် သိုလှောင်ထားသော မှတ်ဥာဏ်များပေါ် မူတည်ပြီး ကိစ္စရပ်များကို ဖြေရှင်းလေ့ရှိပြီး AI ကတော့ သူ့ထဲတွင် ထည့်သွင်းထားသော ဒေတာများ၊ လမ်းညွှန်ချက်များပေါ် မူတည်ပြီး အလုပ်လုပ်ဆောင်လေ့ရှိပါတယ်။ လူ့ ဦးနှောက် နဲ့ AI တို့ ယှဥ်ပြိုင်စရာ အကြောင်းမရှိပေမယ့် အနာဂတ်မှာ လူသားတွေကို AI တွေက ချုပ်ကိုင်ခြယ်လှယ်တော့မှာလားဆိုပြီး မေးခွန်းထုတ်စရာရှိလာကြပါတယ်။
ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ AI ဆိုတာ
AI ဆိုတာကတော့ Artificial Intelligence ရဲ့ အတိုကောက် ဖြစ်ပါတယ်။ Artificial Intelligence ဆိုတာ အသိဥာဏ်မြင့်မားသော ဒေတာများကို စာရင်းပြုစုထားကာ လူသားတွေရဲ့ အကျိုးအတွက် ထုတ်လုပ်ထားခြင်းပဲဖြစ်ပါတယ်။ AI ကို ပြုလုပ်နိုင်ဖို့အတွက် Computer Science ၊ စိတ်ပညာ၊ အတွေးအခေါ်ပညာ၊ ဦးနှောက်နှင့် အာရုံကြော သိပ္ပံပညာ၊ မှတ်ဥာဏ်ပိုင်းဆိုင်ရာ သိပ္ပံပညာ၊ ဘာသာစကားပညာရပ်၊ သုတေသန နည်းနာများ၊ စီးပွားရေးပညာ အစရှိသည်တို့ကို ပေါင်းစပ်ကာ တီထွင်ထားခြင်းပဲဖြစ်ပါတယ်။ AI ထဲတွင် စက်ရုပ်များ၊ ထိန်းချုပ်မှုများ၊ ဒေတာများ၊ အသံပိုင်းဆိုင်ရာ မှတ်ဥာဏ်၊ မျက်နှာပိုင်းဆိုင်ရာ မှတ်ဥာဏ် အစရှိသည်တို့ကို ထည့်သွင်းကာ ဒီဇိုင်းရေးဆွဲထားခြင်းပဲ ဖြစ်ပါတယ်။
လူ့ဦးနှောက်မှာတော့
လူသားတွေရဲ့ ဦးနှောက်ကတော့ ကိုယ့်ရဲ့ အတွေ့အကြုံများပေါ် မူတည်ပြီး အသိပညာများ တိုးပွားလာခြင်း၊ အခြေအနေသစ်ပေါ် မူတည်ပြီး ပြောင်းလဲခြင်း၊ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး တွေးခေါ် ဖြေရှင်းနိုင်စွမ်းများ ပြောင်းလဲသွားတတ်ပါတယ်။ ဒါ့အပြင် စိတ်ခံစားချက်များပေါ် မူတည်ပြီး လုပ်ဆောင်မှုများလည်း ကွာခြားသွားတတ်ပါတယ်။
AI နှင့် လူ့ဦးနှောက်တို့တွင် မည်သည့်အရာက ပိုအစွမ်းထက်သလဲ
လျင်မြန်မှုပိုင်းနဲ့ ပတ်သက်လာလျှင် ကျွမ်းကျင်ဆရာဝန်တစ်ယောက်သည် ရောဂါတစ်ခုရှာဖွေရာတွင် ပျမ်းမျှအားဖြင့် ၁၀ မိနစ်ခန့် ကြာတတ်ပြီး AI စနစ်ကတော့ ၁၀ မိနစ်အတွင်းမှာတင် ရောဂါပေါင်း သန်းနဲ့ချီပြီး ရှာဖွေပေးနိုင်ပါတယ်။
ဒါ့အပြင် AI တွေသည် စက်ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့် ခံစားချက်ပိုင်းဆိုင်ရာ ဘက်လိုက်မှုများလည်း မရှိပါဘူး။ ဒါတင်မကသေးပါဘူး။ အကြောင်းအရာ အမျိုးမျိုးကြောင့် အချိန်နှောင့်နှေးကြန့်ကြာခြင်းလည်း မရှိတတ်ပါဘူး။ တိကျမှုပိုင်းနဲ့ ပတ်သက်လာလျှင်လည်း AI က ပိုသာပါတယ်။ ဒါ့အပြင် AI က ဘယ်အချိန်ပဲဖြစ်ဖြစ် တူညီတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်စွမ်းရှိပါတယ်။
အကြီးမားဆုံး ကွာခြားချက်
လူသားတွေကသည် တစ်ယောက်နဲ့တစ်ယောက် မတူညီဘဲ တီထွင်ဖန်တီးနိုင်မှုစွမ်းအား ပိုမြင့်တဲ့ သက်ရှိတွေဖြစ်ပြီး AI တွေကတော့ လူသားတွေကို တုပကာ တီထွင်ဖန်တီးထားတဲ့ စက်ပစ္စည်းပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ AI တွေက တိကျပါတယ်ပြောပြော လူသားတွေအတွက် အကျိုးဖြစ်ထွန်းစေရန် တီထွင်ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။ လူသားများကို ကျော်လွန်သွားနိုင်ဖွယ်ရာ အကြောင်းမရှိပါဘူး။
ကွီးတို့ရော ဘယ်လိုထင်မြင်ယူဆပါသလဲ။
Source: Educba
Featured Image: Mygreatlearning