နည်းပညာတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ လူသားတို့အတွက် အကျိုးရှိတဲ့ နည်းပညာမြင့် အသုံးအဆောင် ပစ္စည်းလေးတွေကိုလည်း တီထွင်ဖန်တီးလာကြပါတယ်။ ဒီနေ့မှာဆိုရင်တော့ ဈေးကွက်မှာ နည်းပညာသုံး Gadgets အမျိုးအစားအများကြီးကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် တစ်နေ့ထက် တစ်နေ့၊ တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန်ပြီး ထူးခြားတဲ့ အမိုက်စား Gadgets တွေလည်း အများကြီးရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဒီနှစ်မှာပဲ ထွက်ရှိလာတဲ့ ထူးခြားတဲ့ အမိုက်စား Gadgets လေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Dyson Zone Air-Purifying Headphones

ဒီနှစ်မှာပဲ ထွက်ရှိလာတဲ့

Photo : Digital Trend

သာမာန်ရိုးရိုး နားကြပ်တွေကို သုံးရတာ ပျင်းလာပြီလား။ ဒါဆိုရင်တော့ နည်းနည်းထူးခြားတဲ့ Air-purifying headphones တွေကို စမ်းကြည့်လို့ရပါတယ်။ ဒီနားကြပ်များမှာ ကိုယ်ပိုင်လေစစ်ဇကာပါပြီး ဒီဇိုင်းကလည်း ‌တော်တော်လေး စမ်းသစ်ပါတယ်။ သို့သော်လည်း ဒီနားကြပ်တွေက ကိုရိုနာဗိုင်းရပ်မှ ကာကွယ်ခြင်းနှင့် ဘာမှမသက်ဆိုင်ပါဘူး။ ထူးခြားတဲ့ ဒီဇိုင်းနဲ့ အမိုက်စားနားကြပ်ကို သုံးကြည့်ချင်ရင်တော့ ဒီကောင်လေးကို စမ်းကြည့်လို့ရပါတယ်။

SoloWheel`

ဒီနှစ်မှာပဲ ထွက်ရှိလာတဲ့

Photo : Upzy.com

ဒါလေးကလည် တော်တော်စိတ်ဝင်စားဖွယ်ကောင်းတဲ့ တီထွင်မှုတစ်ခု ဖြစ်ပါတယ်။ SoloWheel ကို တီထွင်တဲ့ ကုမ္ပဏီက ဟာ့ဒ်ဝဲကို လျှော့ချပြီး ဘီးတစ်ခုဖြင့်သာ ရွေ့လျားနိုင်သော ကိရိယာတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ ဒီကောင်လေးကို “people mover” လို့လည်း ခေါ်ပါတယ်။ ကွီးတို့ လမ်းမလျှောက်ချင်ဘဲ တစ်ခုခုကို စီးနင်းသွားချင်ရင်တော့ ရွေ့လျားနိုင်သည့် အမိုက်စား ဒီ SoloWheel ကို အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းကလည်း အမိုက်စားလည်းဖြင့် ထိန်းသိမ်းထားစရာ နေရာအများကြီး မလိုတာကြောင့် အဆင်ပြေတဲ့ Gadget တစ်ခုပါပဲ။

MoodMetric Smart Ring

Photo : MoodMetric

MoodMetric  စမတ်လက်စွပ်က ကွီးတို့ရဲ့ စိတ်ခံစားချက်ကို ခွဲခြားသတ်မှတ်ပြီး တိုင်းတာသည့် gadget တစ်ခုဖြစ်ပါတယ်။ ၎င်းက ကွီးတို့ရဲ့ လက်ရှိစိတ်ခံစားချက်ကို အချိန်နှင့်တစ်ပြေးညီ ခွဲခြမ်းစိတ်ဖြာမှုပေးသည့် မိုဘိုင်းအက်ပ်တစ်ခုနှင့် ချိတ်ဆက်ထားပြီး အသုံးပြုရတာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုအဆင့်ကို တိုင်းတာနိုင်ပါတယ်။ ဒီကောင်‌လေးကလည်း စိတ်ဝင်စားဖွယ် နည်းပညာသုံး အမိုက်စား Gadget လေးတစ်ခုပါပဲ။

Belty

Photo : Engadget

ကွီးတို့ရေ နည်းပညာသုံး ပစ္စည်းတွေ အများကြီးရှိခြင်း နည်းပညာတိုးတက်မှုရဲ့ ပြယုဒ်ဆိုလည်း မမှားပါဘူး။ အခုဆိုရင် ကွီးတို့ရဲ့ ခါးမှာ ဝတ်ဆင်နိုင်တဲ့ ခါးပတ်မှာပါ နည်းပညာကို အသုံးပြုပြီး တီထွင်စမ်းသစ်မှုတွေ ပြုလုပ်လာကြပါတယ်။ ဒီခါးပတ်က ဝတ်ဆင်ထားသူရဲ့ လှုပ်ရှားမှုများအလိုက် သင့်ခါးပေါ်တွင် ချိန်ညှိပေးနိုင်ပါတယ်။ ဥပမာအားဖြင့် ကွီးတို့စားနေချိန်ဖြစ်စေ၊ ထိုင်နေချိန်ဖြစ်စေ အနေအထားကို ချိန်ညှိပေးနိုင်ပါတယ်။ ၎င်းမှာ ပါဝါဘဏ် တွဲလျက်ပါရှိပြီး သင်ပြောသမျှ လုပ်ဆောင်ချက်အတိုင်း ချိန်ညှိနိုင်ပါတယ်။ ဒီကောင်လေးက နည်းနည်းတော့ ထူးဆန်းနေနိုင်ပေမယ့် တကယ်ကို မိုက်တဲ့ တီထွင်စမ်းသစ်မှုပါပဲ။

အခုဖော်ပြပေးလိုက်တာကတော့ ဒီနှစ်မှာပဲ ထွက်ရှိလာတဲ့ ထူးခြားဆန်းပြားတဲ့ အမိုက်စား Gadgets လေးတွေထဲက အချို့ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ဘယ်လို နည်းပညာဖြင့် ဘယ်လိုအမိုက်စားတွေ၊ ထူးခြားဆန်းသစ်တဲ့ ပစ္စည်းလေးတွေ ထွက်ရှိလာဦးမလဲဆိုတာတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source : Autonomous

Featured Photo : CNET