လူသားတိုင်းသည် ဘဝမှာ အောင်မြင်မှု အနှစ်သာရကို ခံစားချင်ကြသူတွေချည်းပါပဲ။ ကြိုးစားမှုရဲ့ အသီးအပွင့်ကို ရရှိပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မဆုတ်မနစ်တဲ့ ဇွဲနဲ့ လုံ့လ ဝီရိယ စိုက်ထုတ်တတ်ရမှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ လမ်းတစ်ဝက်မှာ အရှုံးပေးလိုက်မယ်ဆိုရင်တော့ အရှေ့ပိုင်းမှာ ကြိုးစားထားသမျှတွေ သဲထဲ ရေသွန် ဖြစ်သွားမှာ အသေအချာပါပဲ။

ဒါ့ကြောင့် တကယ် အောင်မြင်ချင်တယ်ဆိုရင် “မဖြစ်ဖြစ်အောင် လုပ်မယ်ကွာ၊ ချမယ်ကွာ” ဆိုတဲ့ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်မျိုး လိုအပ်ပါတယ်။ ဒီလိုစိတ်မျိုးရရှိအောင် Self-Motivation ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ် တက်ကြွလာအောင် ကိုယ်ကိုယ်တိုင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ် တက်ကြွလာအောင် လုပ်ဆောင်ရတာသည်လည်း အပြောက လွယ်သလောက် လုပ်ရတာကတော့ ခက်ပါတယ်။ အထူးသဖြင့် ကိုယ့်မှာ ခြေကုန်လက်ပန်း ကျနေတဲ့အချိန်၊ ကိုယ့်ကို ငွေရေး ကြေးရေးအရရော၊ စိတ်ပိုင်းဆိုင်ရာ အရပါ ထောက်ပံ့ပေးမယ့် သူမရှိတဲ့အခါ Self-Motivation ဖြစ်ဖို့ အင်မတန်ခက်ပါတယ်။

ဒီလိုမျိုး ကျဥ်းထဲ ကြပ်ထဲ ရောက်နေတဲ့အခါ၊ အရာရာကို အရှုံးပေးချင်စိတ် ပေါက်လာတဲ့အခါမှာတော့ အခုဖော်ပြပေးမယ့် အချက်များနဲ့ ကိုယ့်ကိုယ်ကိုယ် ခွန်အားပြန်ပေးသင့်ပါတယ်။

အပျင်းတစ်မနေပါနဲ့

အပျင်းတစ်မနေပါနဲ့

သက်သောင့်သက်သာ နေရတဲ့ ဘဝကြီးမှာပဲ​ ပျော်မွေ့နေမယ်ဆိုရင်တော့ ကွီးတို့သည် အောင်မြင်မှုကို မဆိုထားတဲ့ ပျင်းရိရာကနေ ဖျင်းသွားတဲ့ လူညံ့လူဖျင်းတစ်ယောက်ဖြစ်သွားပါလိမ့်မယ်။ Comfort Zone ထဲက ရုန်းထွက်နိုင်မှသာလျှင် အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ Comfort Zone ထဲကနေ ရုန်းထွက်ရမယ်ဆိုတာသည် ကိုယ် လက်ရှိမှာ တတ်မြောက်ထားတဲ့ ပညာတွေကို ဒီ့ထက် ပိုသိ ပိုတတ်လာအောင် တိုးချဲ့ခြင်းကို ဆိုလိုတာပါ။ ကိုယ့်မှာ ရှိထားတဲ့ အရည်အချင်းတွေနဲ့ ပျော်မွေ့မနေဘဲ အရည်အချင်းတွေ တိုးတက်လာအောင် လုပ်ဆောင်ပါ။ တိုးတက်မှုအတွက် အချိန်ပေးပါ။ ဖြည်းဖြည်းမှန်မှန်နဲ့ ကြိုးစား အားထုတ်မယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာ အောင်မြင်မှုရဲ့ အသီးအပွင့်ကို ခံစားရမှာပဲဖြစ်ပါတယ်။

အလေ့အကျင့်ကောင်းများကို ဖန်တီးပါ

သဲထဲ ရေသွန်

ကိုယ့်ဆီမှာ ဘယ်လိုအလေ့အကျင့်ကောင်းတွေရှိသလဲ၊ ဘယ်လို အလေ့အကျင့်ဆိုးတွေ ရှိသလဲဆိုတာ ကွီးတို့ ကိုယ်တိုင် အသိဆုံးပဲဖြစ်မှာပါ။ အလေ့အကျင့်ကောင်းတွေသည် မွေးမြူရတာ ခက်ခဲသလောက် အလေ့အကျင့်ဆိုးတွေကျတော့ စွဲကပ်တာ အရမ်းမြန်ပါတယ်။ ဒါ့ကြောင့် ကွီးတို့သည် ကိုယ့်ကိုယ်ကိုယ် သတိကြီးကြီးထားကာ အလေ့အကျင့်ဆိုးတွေ စွဲကပ်မလာအောင် ကြိုးစားအားထုတ်သင့်ပါတယ်။ အလေ့အကျင့်ဆိုးတွေ ဝင်လာတယ်လို့ စိတ်ထဲမှာ သိရှိသွားတာနဲ့တစ်ပြိုင်နက် ချက်ချင်း ပြင်သင့်ပါတယ်။ ဒါမှသာလျှင် ကွီးတို့သည် အောင်မြင်မှုရဲ့ အသီးအပွင့်ကို ခံစားရမှာပါ။ နို့မဟုတ်ရင်တော့ ကြိုးစားထားသမျှတွေ သဲထဲ ရေသွန် ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပါ။ စိတ်ဓာတ် တက်ကြွလာအောင် ကိုယ့်ကိုယ်ကိုယ် ဆုချပါ

သဲထဲ ရေသွန်

Self-Motivation ပြုလုပ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ဓာတ် တက်ကြွအောင် လုပ်ခြင်းဆိုပြီး နှစ်မျိုး ရှိပါတယ်။ ကိုယ် စိတ်ပါတဲ့အရာ၊ ကိုယ် ဝါသနာပါတဲ့အရာ၊ ကိုယ့်ကို စိတ်ပျော်ရွှင်စေတဲ့အရာများကို လုပ်ဆောင်ခြင်းသည် ကွီးတို့ကို စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုကို လုပ်ဆောင်ပေးပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုတွေက အရာထင်လာပြီး တိုးတက်အောင်မြင်လာတယ်လို့ ယူဆတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆုချခြင်းကတော့ ပြင်ပမှလာတဲ့ စိတ်ဓာတ် တက်ကြွခြင်းပဲဖြစ်ပါတယ်။

နောက်တစ်ချက် သတိထားရမှာကတော့ ကျနော်တို့တွေသည် လူသားတွေဖြစ်တဲ့အလျောက် ပြီးပြည့်စုံတဲ့ လူသားဆိုတာ မရှိပါဘူး။ လူသားတိုင်း အမှားလုပ်တတ်ကြပါတယ်။ အမှားလုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မဆုံးနိုင်အောင် အပြစ်ဖို့နေမယ့်အစား အမှားထဲကနေ သင်ခန်းစာယူပါ။ တူညီတဲ့အမှားမျိုး ထပ်မလုပ်မိအောင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ။ ဒါဆိုရင်တော့ အောင်မြင်မှုသည် ကွီးတို့အတွက် ပါပဲ။

ကွီးတို့ရော ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို အလဟဿအဖြစ်ခံပြီး သဲထဲ ရေသွန် ဖြစ်ခိုင်းတော့မလို့လား။

Featured Image: Freepik