Long-Distance Relationship တစ်ခုကို ခိုင်မာမြဲမြံအောင် ထိန်းသိမ်းရတာဟာ ထင်ထားတာထက် အများကြီး ပိုခက်ခဲပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အနေချင်းဝေးနေပေမယ့်လည်း နှလုံးသားချင်း အမြဲနီးစပ်နေစေဖို့ ၊ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ ၊ တစ်ယောက်အပေါ် ယုံကြည်စိတ်ချမှုအပြည့်ရှိစေဖို့ ကွီးတို့ ချစ်သူနှစ်ဦးကြားမှာ အပေးအယူမျှမျှနဲ့ အပြန်အလှန်နားလည်မှုကို သေချာတည်ဆောက်ရမှာပါ။ ဒီဆောင်းပါးလေးမှာတော့ အဝေးရောက် ချစ်သူ တိုင်း အဆင်ပြေချောမွေ့တဲ့ အချစ်ခရီးလမ်းကို လျှောက်လှမ်းနိုင်စေဖို့ သိထားရမယ့် လျို့ဝှက်ချက် ၃ ခုကို မျှဝေပေးချင်ပါတယ်။

(၁) နာကျင်စေမယ့် စကားလုံးတွေကို ရှောင်ကြဉ်ပါ

Long-Distance Relationship

Photo : HuffPost

အဝေးရောက် ချစ်သူ တွေအနေနဲ့ အရေးကြီးဆုံး လိုက်နာသင့်တဲ့ အချက်တစ်ခုကတော့ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုအခြေအနေ ၊ ဘယ်လိုအချိန်အခါ မျိုးမှာဖြစ်စေ နာကျင်စေမယ့် စကားလုံးတွေ မပြောမိအောင် ရှောင်ကြဉ်ဖို့ပါပဲ။ အသေးအမွှား ပြဿနာလေးတွေနဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့အခါမှာ ဖြစ်စေ ၊ ကတောက်ကဆတွေ ဖြစ်ပြီး ရန်ဖြစ်စကားများတဲ့ အချိန်မှာ ဖြစ်စေ တစ်ယောက်နဲ့တစ်ယောက် အနိုင်ယူလိုစိတ်နဲ့ တဖက်သားအပေါ် နာကျင်ရတဲ့ စကားလုံးတွေ ဘယ်တော့မှ မပြောသင့်ပါဘူး။ ဒါဟာ ကွီးတို့ ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးအပေါ် အများကြီး သက်ရောက်မှုရှိနိုင်ပြီး စိတ်ခံစားချက်တွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။ အနေဝေးသည်တိုင် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ထိန်းထားချင်တယ်ဆိုရင် အချင်းချင်း အပြစ်တင်တာ ၊ အနိုင်ယူတာတွေကို နှစ်ယောက်လုံး ရှောင်ကြဉ်ဖို့ လိုပါတယ်။

(၂) အဆက်အသွယ် မပြတ်အောင် ထိန်းသိမ်းပါ

Long-Distance Relationship

Photo : Medium

အဝေးရောက် ချစ်သူ တွေပဲဖြစ်ဖြစ် ၊ အနေနီးတဲ့ ချစ်သူတွေပဲ ဖြစ်ဖြစ် ကျန်းမာပျော်ရွှင်တဲ့ Healthy Relationship တစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဆက်သွယ်မှုက အခရာကျတယ်ဆိုတာကို သိထားရပါမယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား အဆက်အသွယ် မပြတ်တောက်အောင် ထိန်းသိမ်းထားခြင်းဟာ တစ်ယောက်အကြောင်းကိုတစ်ယောက် ပိုမိုသိမြင်ခံစားလာနိုင်မှာဖြစ်ပြီး သံသယနဲ့ နားလည်မှုလွဲမှားတဲ့ ပြဿနာတွေ လျော့ကျစေပါလိမ့်မယ်။ အဓိကအားဖြင့်တော့ အချိန်တိုင်း စကားပြောဆက်သွယ်နေတာမျိုး မဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို ဖုံးကွယ်မထားပါပဲ ရင်ဘတ်ချင်းနီးစပ်အောင် အမြဲဆက်သွယ် ချိတ်ဆက်တာ ၊ ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်တာ စတဲ့အချက်တွေကို လုပ်ဆောင်ဖို့လိုတာ ဖြစ်ပါတယ်။

(၃) စိတ်ချလုံခြုံမှုပေးပါ

Long-Distance Relationship

Photo : Bring My Song To Life

ဒီအချက်က Relationship တိုင်းမှာ အရေးကြီးဆုံး လိုအပ်ချက်တစ်ခုပဲ မဟုတ်လား။ အဝေးရောက် နေတဲ့ ချစ်သူ စုံတွဲတွေအတွက် တစ်ယောက်နဲ့တစ်ယောက် စိတ်ချလုံခြုံမှု ပေးနိုင်ဖို့က ပိုလို့တောင် အရေးကြီးပါတယ်။ အဝေးမှာ ရှိနေရပေမယ့် စိတ်အေးလက်အေးရှိစေတဲ့ ခံစားချက်က ကွီးတို့ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ခိုင်မာအောင်ချည်နှောင်ပေးထားမှာဖြစ်သလို ပျော်ရွှင်ချမ်းမြေ့မှုတွေကိုလည်း ပေးစွမ်းပါလိမ့်မယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုကို ဘယ်တော့မှ မချိုးဖျက်မိပါစေနဲ့။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်တန်ဖိုးထားမှုနဲ့ ချစ်ခြင်းမေတ္တာကို သိမြင်အောင် ပြသတက်ဖို့လိုသလို လုံခြုံစိတ်ချရတဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိုင်ဖို့ အရေးကြီးပါတယ်။

 

Featured Photo : AskMen