တစ်ရက်လာလည်း ပိုက်ဆံအိတ်ထဲ ပိုက်ဆံမရှိ၊ နောက်တစ်ရက်လာလည်း ပိုက်ဆံအိတ်က ဟောင်းလောင်းနဲ့ နေ့စဥ်နေ့တိုင်း ဘိုင်ပြတ် နေလို့ ဘူ နေပါသလား။ ထိုကဲ့သို့ နေ့ရက်တိုင်း ဘိုင်ပြတ် လို့ ဘူ နေတဲ့ ဘဝကို စိတ်ကုန်နေပြီလား။ ကွီးတို့သာ ထိုဘဝမျိုးကို အမှန်တကယ် စိတ်ကုန်နေပြီဆိုရင်တော့ ပြောင်းလဲလို့ ရပါတယ်။

ဘယ်လိုပြောင်းလဲနိုင်မလဲ။

အခုဖော်ပြပေးမယ့် နည်းလမ်းများက ကွီးတို့ရဲ့ ငွေရေး ကြေးရေး ကြပ်တည်းနေမှုကို ကူညီဖြေရှင်းပေးမှာ မယုံမရှိပါနဲ့။

ကိုယ့်ရဲ့ ငွေရေးကြေးရေးကို သေချာ ထိန်းချုပ်ပါ

ငွေရေးကြေးရေး

ပထမဦးဆုံး ပြုပြင်ရမယ့်အချက်ကတော့ ကိုယ့်ရဲ့ ငွေရေးကြေးရေးကို သေချာထိန်းချုပ်ရမှာပဲဖြစ်ပါတယ်။ ကွီးတို့သာ ငွေရေးကြေးရေးကို သေချာ မထိန်းချုပ်နိုင်ရင် ငွေက ကွီးတို့ကို ထိန်းချုပ်သွားပါလိမ့်မယ်။ ကွီးတို့သာ ငွေကို ထိန်းချုပ်ရတဲ့ ခေါင်နေရာကို တာဝန်ယူထားဖို့လိုအပ်ပါတယ်။ ဒါမှသာ အကြွေး ကင်းဝေးပြီး ငွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို မခံရမှာပဲဖြစ်ပါတယ်။

သုံးဖြုန်းချင်တဲ့ စိတ်ကို ပြင်ပါ

ဘိုင်ပြတ် ဘူ

“ငါ ဒီနေ့ လစာထုတ်တာပဲ၊ စိတ်ကြိုက် သုံးပစ်လိုက်မယ်” ဆိုတဲ့ အတွေးကို ဖျောက်ပစ်လိုက်ပါ။ ကွီးတို့ တစ်လလုံး အလုပ်လုပ်ပြီးမှ ရလာတဲ့ လစာကို တစ်ရက်တည်း အကုန် သုံးပစ်မယ်ဆိုရင်တော့ နောက်ရက်တွေကျရင် ကွီးတို့သည် ထမင်းနဲ့ ရေနဲ့ပဲ နှစ်ပါးသွားရမှာပါ။ တော်ကြာနေ ဘဝကြီးက “ထမင်းနဲ့ ရေပဲ” ဆိုပြီး ဖြစ်သွားပါလိမ့်မယ်။

နောက်ပြီးတော့ မကောင်းတဲ့ အတွေးများကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ “တစ်ရက် တစ်ရက်နဲ့ ပိုက်ဆံ မရှိဘဲ နေရတဲ့ ဘဝကို စိတ်ကုန်လာပြီ”၊ “ငါ့မှာ ပိုက်ဆံလည်း တစ်ပြားမှ မရှိဘူးကွာ” လို့ တွေးမယ့်အစား “ငါ့မှာ သုံးစွဲဖို့ ပိုက်ဆံ လုံလုံလောက်လောက်ရှိတယ်” ဆိုတဲ့ ကောင်းတဲ့အတွေး တွေးဖို့ လိုအပ်ပါတယ်။ စကားနောက် တရားပါဆိုတဲ့ စကားလေးကိုလည်း ကြားဖူးကြတယ်မဟုတ်လား။

ကိုယ့်ရဲ့ အသုံးစရိတ်ကို သေချာ အစီအစဥ် ရေးဆွဲပါ

ဘိုင်ပြတ် ဘူ

ကွီးတို့ရဲ့ အသုံးစရိတ်ကို သေချာစီမံခြင်းသည်လည်း ကွီးတို့ကို ဘိုင်ပြတ်မသွားအောင် ကူညီပေးနိုင်ပါတယ်။ ဒီတစ်လကျ လစာထုတ်ပြီဆိုတာနဲ့ ဘုံဆိုင်ကို မသွားသေးဘဲ လုပ်ရမယ့်အရာတစ်ခုရှိပါတယ်။ ထိုအရာကတော့ ကိုယ့်ရဲ့ ဝင်ငွေကို ရာခိုင်နှုန်းများ ခွဲထားခြင်းပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို စုဆောင်းဖို့အတွက် အမြဲတမ်း ဦးစားပေးပါ။ ကိုယ့်ရဲ့ လစာပေါ် မူတည်ပြီး စုဆောင်းတဲ့ ငွေအမောင့်သည်လည်း ကွာခြားသွားတတ်ပါတယ်။ ဘယ်လောက်အမောင့်ရရ ကိုယ့်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို မပျက်မကွက် စုဆောင်းဖို့ လိုအပ်ပါတယ်။ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကတော့ မရှိမဖြစ် အသုံးပြုရမယ့်အရာများအတွက် ဖယ်ထားရမှာဖြစ်ပြီး ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကတော့ ကိုယ် လိုချင်တဲ့အရာတွေ ဝယ်ယူဖို့အတွက် ဖယ်ထားနိုင်ပါတယ်။

ပိုက်ဆံ မဖြုန်းဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပါ

ဘိုင်ပြတ် ဘူ

နေ့တစ်နေ့ အစပြုလာတာနဲ့ အခြေခံ အသုံးစရိတ်ကလွဲပြီး အပိုဝင်ငွေ မသုံးမိအောင် ကြိုးစားပါ။ ဒီနေ့အဖို့ အပိုအသုံး စရိတ်တွေ မသုံးဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကြည့်လိုက်ပါ။ တစ်ရက် အောင်မြင်ရင် နောက်တစ်ရက်လည်း ထိုနည်းအတိုင်း ဆက်လုပ်ကြည့်ပါ။ ရက် ၃၀ ကြာလာတဲ့အခါ ကွီးတို့သည် ငွေပိုငွေလျှံလေးနဲ့ စုမိ ဆောင်းမိဖြစ်သွားမှာပြဖြစ်ပါတယ်။ ဒီအလေ့အကျင့်ကောင်းလေးကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်းထားမယ်ဆိုရင်တော့ ကွီးတို့သည် ဘောစိဖြစ်သွားမှာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ လစာကို တိုးမြှင့်အောင် ကြိုးစားပါ

ဘိုင်ပြတ် ဘူ

ဘိုင်မပြတ်ဖို့ ပြုလုပ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ဝင်ငွေများများရအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ လစာက နည်းတယ်ဆိုရင် Performance ကောင်းကောင်းပြနိုင်အောင် ကြိုးစားပြီး လစာတိုးတောင်းပါ။ တချို့ကုမ္ပဏီတွေကတော့ ကိုယ့်ရဲ့ ဝန်ထမ်းကို လစာတိုးပေးရမှာ အင်မတန် တွန့်ဆုတ်ကျပါတယ်။ တကယ်လို့ လစာတိုးဖို့ ကမ်းမမြင် လမ်းမမြင် ဖြစ်နေတယ်၊ ရာထူးတိုးဖို့ကလည်း ကမ္ဘာ့တောင်ကမ္ဘာခြမ်းနဲ့ မြောက်ကမ္ဘာခြမ်းလိုဖြစ်နေတယ်ဆိုရင်တော့ အကောင်းဆုံးကတော့ လစာများတဲ့ အလုပ်ကို ရွေးချယ်ခြင်းပဲဖြစ်ပါတယ်။ နောက်ထပ် နည်းလမ်းတစ်ခုကတော့ အချိန်ပိုင်းအလုပ် လုပ်ပြီး အပိုဝင်ငွေရအောင် စုဆောင်းခြင်းပဲဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ဝင်ငွေကို ဘယ်လိုနည်းလမ်းမျိုးနဲ့ စီမံလေ့ရှိပါသလဲ။

Source: Clevergirlfinance

Featured Image: Freepik