ကွီးတို့ကောင်မလေး စိတ်ကွက်သွားတာ၊ ငြိုငြင်သွားတာမျိုး မခံချင်ဘူး ဟုတ်။ ဒါဆိုရင်တော့ သာမန်အချိန်တွေမှာသာမက နှစ်ပါးသွားကနေချိန်မှာလည်း သူတို့ကို စိတ်ကျေနပ်အောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကျန်ရစ်မဖြစ်မှာပါ။ ကျန်ရစ် မဖြစ်ချင်ဘူးဆိုရင် နှစ်ပါးသွားကနေချိန်မှာ ပြုလုပ်ရမယ့် လျှို့ဝှက်ချက် တချို့ရှိပါတယ်။ ထိုလျှို့ဝှက်ချက်များကတော့ မိန်းကလေးတွေသည် နှစ်ပါးသွားကနေချိန်မှာ ကြုံတွေ့ခံစားချင်ကြတဲ့ အရာတွေပဲဖြစ်ပါတယ်။
ဖြည်းဖြည်းလေးသာ သွားပါ
လောလော လောလောနဲ့လုပ်တာ ဘယ်အရာမှ မကောင်းပါဘူး ညိုကီတို့ရေ။ အထူးသဖြင့် ဒီလိုကိစ္စမျိုးတွေပါ။ အချိန်တွေ အများကြီးရပါတယ်။ သေချာ အချိန်ယူပါ။ သူ(မ) စိတ်ပါလာအောင် ပွတ်သီးပွတ်သပ် နေပါ။ သူ(မ) စိတ်ပါလာပြီဆိုရင်လည်း အရှိန်နှေးနှေးလေးနဲ့ ဖြည်းဖြည်းမှန်မှန်သာ သွားပါ။
ချီးကျူးပါ
သူ(မ)က ကိုယ့်ကို ဘယ်လိုပြုစုပေးတာက ဘယ်လောက်ကောင်းကြောင်း၊ ကွီးတို့က ဘယ်လောက် ကောင်းကြောင်း ချီးမွမ်းခန်းဖွင့်ဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ သူလည်း ပျော်ရွှင်ကြည်နူးရမှာပါ။
အချိန်ကြာအောင် ကြိုးစားပါ
အချိန်ကြာအောင် နှစ်ပါးသွားကနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ ထိုနည်းလမ်းတွေထဲက အကောင်းဆုံးနည်းလမ်းကတော့ အာရုံလွှဲခြင်းပါပဲ။ ကွီးတို့က ပြီးတော့မယ်လို့ အာရုံရလာတာနဲ့ ချက်ချင်းပဲ ရုံးက အလုပ်တွေ အကြောင်း၊ အပြီးသတ်ရမယ့် အလုပ်တွေအကြောင်း စဥ်းစားကြည့်လိုက်ပါ။ ဒါဆိုရင်တော့ အချိန်ကြာကြာနဲ့ နှစ်ပါးသွားကနိုင်မှာပဲ ဖြစ်ပါတယ်။
ပွေ့ဖက်ဖို့ မမေ့ပါနဲ့
ကိုယ့်ကိစ္စ ပြီးသွားပြီဆိုပြီး သူ(မ)ကို ကျောခိုင်းပြီး အိပ်နေတာမျိုး၊ ပင်ပန်းပြီး အိပ်မောကျသွားတာမျိုးတွေ မလုပ်ရပါဘူး။ သူ(မ)ကို ပွေ့ဖက်ပြီး ကြင်ကြင်နာနာ ဆက်ဆံတတ်ဖို့လိုအပ်ပါတယ်။ ဒီအချက်က ကွီးတို့ကို ကျန်ရစ် မဖြစ်အောင် ကူညီပေးမယ့် အရေးကြီးဆုံး လျှို့ဝှက်ချက် တစ်ခုပဲဖြစ်ပါတယ်။
သူ(မ)ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ
ဒီအချက်ကလည်း အရေးကြီးပါတယ်။ တစ်ယောက်တည်း တစ်ကိုယ်ကောင်း ဆန်လို့ မရပါဘူး။ ကိုယ့်ရဲ့ လက်တွဲဖော်အတွက်လည်း ထည့်သွင်းစဥ်းစားပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ သူ(မ)က တားဆေးကတ်တွေ မသောက်ချင်ဘူး၊ ဟော်မုန်းဆေးတွေ မထိုးချင်ဘူးဆိုရင် ကွီးတို့ကလည်း သူတို့ရဲ့ ဆန္ဒကို ဦးစားပေးရပါမယ်။ အတင်းအကြပ် ဖိအားမပေးရပါဘူး။ အစီအစဥ်မရှိဘဲ ကိုယ်ဝန်ရသွားတာမျိုးကနေ ကာကွယ်ဖို့အတွက် ရက်ရှောင်တာမျိုးပါ။ ရက်ရှောင်တာသည်လည်း ရာသီစက်ဝန်းမှန်တဲ့ အမျိုးသမီးတွေအတွက်သာ အကျုံးဝင်ပါတယ်။ တကယ်လို့ ကိုယ့်ကောင်မလေးက ရာသီစက်ဝန်း မမှန်ရင် ရက်ရှောင်တာက အချည်းနှီးပါပဲ။ ဘေးအကင်းဆုံး နည်းလမ်းကတော့ ကွီးတို့က ကွန်ဒုံး အသုံးပြုခြင်းပါပဲ။ ကွန်ဒုံးအသုံးပြုခြင်းကြောင့် ကွီးတို့ရော၊ ကွီးတို့ရဲ့ လက်တွဲဖော်ရော လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကင်းဝေးရမှာပဲဖြစ်ပါတယ်။
ကွီးတို့ရော ကိုယ့်ကောင်မလေးကို ဘယ်လိုနည်းလမ်းတွေနဲ့ စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးလေ့ရှိပါသလဲ။
Source: Idiva
Featured Image: Freepik