ကျွန်တော်တို့က နည်းပညာ နဲ့အတူ ယှဉ်တွဲနေထိုင်နေတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် နည်းပညာများအသုံးပြုနေမှုနဲ့လည်း နေသားကျနေတယ်လို့ ဆိုရမှာပါ။ နည်းပညာက ကျွန်တော်တို့ နေ့စဉ်ဘဝအပါအဝင်၊ ကျန်းမာ‌ရေး၊ ပညာရေးစတာတွေအပေါ်မှာလည်း သက်ရောက်မှုရှိပြီး ကောင်းကျိုးတွေ အများကြီးလည်း ခံစားရပြီး ဖြစ်ပါတယ်။ ဒီနေ့လို နည်းပညာခေတ်မှာ အရာအားလုံးကို နည်းပညာကို အခြေခံပြီး တီထွင်ထုတ်လုပ် အသုံးပြုလျက်ရှိကြပါတယ်။ ယနေ့ခေတ် လျင်မြန်စွာရွေ့လျားနေသော ကမ္ဘာကြီးမှာ နည်းပညာမပါဘဲ နေထိုင်ဖို့ စိတ်ကူးတောင်ယဉ်လို့ မရဘူးလို့ဆိုရမှာပါ။ ဒါ့အပြင် နည်းပညာက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူလျင်မြန်စေတယ်ဆိုတဲ့ အချက်ကိုလည်း ငြင်းလို့မရပါဘူး။ ဆက်လက်ပြီးတော့ နည်းပညာမရှိတဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ က အဆင်ပြေနိုင်မလား၊ ဘာတွေသက်ရောက်နိုင်မလဲဆိုတာ အနည်းငယ်လေ့လာကြည့်လိုက်ရအောင်။

အင်တာနက်

နည်းပညာမရှိတဲ့ နေ့စဉ်ဘဝ

Photo : FPT Technology Blog

ကွီးတို့ရေ ကျွန်တော်တို့ နေ့စဉ်လုပ်နေတဲ့ ဆက်သွယ်နေမှုတွေ၊ ချိတ်ဆက်မှုတွေ၊ သတင်းအချက်အလက် ရယူမှုတွေ အကုန်လုံးကို  ပြုလုပ်ရာမှာ အင်တာနက်ကို အသုံးပြုနေကြတာပါ။ အင်တာနက်မရှိရင် Globalization မဖြစ်နိုင်ပါဘူး။  ကျွန်တော်တို့က ကမ္ဘာရဲ့ မည်သည့်နေရာမှမဆို ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်တယ်၊ ဆက်သွယ်နိုင်တယ်ဆိုတဲ့ နေရာမှာ အင်တာနက်ရှိတာကြောင့် ဖြစ်ပါတယ်။ အင်တာနက်က  Google၊ Wikipedia နှင့် အခြား များပြားသော သတင်းရင်းမြစ်များမှတဆင့် ကျွန်တော်တို့ လိုချင်တဲ့ သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေကို အလွယ်တကူ ရရှိနိုင်ပါတယ်။ တကယ်လို့ အင်တာနက်သာ မရှိရင် သတင်းအချက်အလက်ရယူမှု၊ လုပ်ငန်းဆောင်တာတွေ စတာတွေ အားလုံးခက်ခဲသွားနိုင်ပါတယ်။

ဆက်သွယ်ရေး

နည်းပညာမရှိတဲ့ နေ့စဉ်ဘဝ

Photo : Tech Quintal

နည်းပညာအသုံးပြုမှုရဲ့ အဓိကရည်ရွယ်ချက်မှာ ဆက်သွယ်ရေးပဲဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာနှင့် အခြားနည်းပညာဆိုင်ရာ အသုံးချပရိုဂရမ်များက ကမ္ဘာပေါ်မှာ ဘယ်နေရာကိုမဆို ဆက်သွယ်ဖို့ လွယ်ကူစေပါတယ်။ ပရော်ဖက်ရှင်နယ်နယ်ပယ်များတွင်လည်း ဆက်သွယ်ရေးက အဓိက လိုအပ်ပြီး နည်းပညာသည် ကျွန်တော်တို့ နေရာတိုင်းမှ ကမ္ဘာနှင့် ဆက်သွယ်ဆောင်ရွက်နိုင်စေပါတယ်။ ဒါ့အပြင် ယနေ့ခေတ် ကမ္ဘာရဲ့ မည်သည့်အရပ်ဒေသတွင်မဆို အလုပ်လုပ်ရင်း မိသားစုနဲ့ ကြိုက်တဲ့အချိန် ဆက်သွယ်နိုင်ပါတယ်။ တကယ်လို့ နည်းပညာသာ မရှိရင် ဆက်သွယ်ရေးတွေက ခက်ခဲပြီး ဘက်ပေါင်းစုံက‌နေ အခက်အခဲတွေ့နိုင်ပါတယ်။ ဒါ့အပြင် ဆက်သွယ်ဖို့အတွက် စမတ်ဖုန်းများက တစ်နေ့ထက် တစ်နေ့ ကောင်းမွန်လာတာလည်း နည်းပညာတိုးတက်မှုရဲ့ ရလဒ်တစ်ခုပါပဲ။

ပညာရေး

Photo : Sill Stork

ကွီးတို့ရေ ပညာရေးမှာ ဆိုရင်လည်း ကျွန်တော်တို့ သိချင်တာတွေ၊ လေ့လာချင်တဲ့ အရာတွေကို အင်တာနက်မှ တဆင့် အကုန်လုံးကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် သိရှိလေ့လာနိုင်ပါတယ်။ ဒါ့အပြင် သင်ကြားရေးကို အထောက်အကူပြုပေးနိုင်တဲ့ ဆိုရှယ်မီဒီယာ ပလပ်ဖောင်းတွေ၊ Apps တွေအပြင် နည်းပညာမြင့် Gadgets တွေလည်း ရှိနေပါပြီ။ ဒါက နည်းပညာတိုးတက်မှုရဲ့ ပြယုဒ်တစ်ခုပါပဲ။ နည်းပညာမရှိခဲ့တုန်းကဆိုရင် လေ့လာချင်တာများကို စာကြည့်တိုက်တွေကို သွားရောက်လေ့လာနိုင်သော်လည်း ကိုယ်လိုချင်တဲ့ အချက်အလက်တွေ သိချင်တာတွေ လုံလုံလောက်လောက် ရရှိဖို့ဆိုတာ မသေချာပါဘူး။ ဒါ့အပြင် အချိန်လည်း တစ်ခုခုကို သိရှိလေ့လာနိုင်ဖို့ အခုထပ်ပိုပြီး အချိန်ပေးရနိုင်ပါတယ်။ ရရှိနိုင်တဲ့ အချက်အလက်တွေကလည်း အကန့်အသတ်ရှိနိုင်ပါတယ်။ နည်းပညာခေတ်မှာတော့ ပြောင်းပြန်ပါပဲ။ အင်တာနက်နဲ့ ကွန်ပျူတာ သို့မဟုတ် ဖုန်းရှိရုံနဲ့တင် နေရာမရွေး အချိန်မရွေး သင်ယူနိုင်နေပြီ ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ နည်းပညာနဲ့ ကျွန်တော်တို့ နေ့စဉ်ဘဝအပေါ် သက်ရောက်မှု အချို့ပဲ ဖြစ်ပါတယ်။ နည်းပညာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူသားတို့က အသက်ရှင်နေထိုင်နိုင်သော်လည်းပဲ နည်းပညာမရှိတဲ့ နေ့စဉ်ဘဝ တွေမှာတော့ အခက်အခဲတွေ၊ ကြန့်ကြာမှုတွေ၊ အဆင်မပြေမှုတွေ အများကြီး ကြုံတွေ့ခံစားရနိုင်ပါတယ်။ ကွီးတို့ရဲ့ ထင်မြင်ယူဆချက်များကိုလည်း ဝေမျှသွားနိုင်ပါတယ်။

Source : Exceller Open

Featured Photo : Here