အမျိုးသား အားလုံးနီးပါးဟာ ကိုယ့်လက်တွဲဖော်ပါတနာအတွက် စိတ်ကျေနပ်မှုကောင်းကောင်းပေးနိုင်လောက်တဲ့အထိ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်မှာကို အင်မတန် စိတ်ပူကြပါတယ်။ တကယ်တော့ ကောင်းမွန်ပြည့်စုံတဲ့ လိင်မှုဘဝကိုရရှိဖို့ စွမ်းဆောင်ရည်တစ်ခုတည်းကပဲ အဆုံးအဖြတ်ပေးတာ မဟုတ်ပါဘူး။ အမှန်တကယ် အိပ်ရာပေါ်မှာ ကြည်နူးစရာကောင်းတဲ့ အချိန်အခါ သာယာတဲ့ အခိုက်အတန့် ကို အပြည့်အဝ ခံစားချင်ရင်တော့ အခုပြောပြမယ့် ဆောင်ရန်ရှောင်ရန်တွေကို သိထားဖို့ လိုပါမယ်။

(၁) ခန္ဓာကိုယ်အကြောင်း မေ့ထားလိုက်ပါ

Erectile Dysfunction

Photo : The Telegraph

အိပ်ရာထက်မှာ ချစ်ခရီးတစ်ခု စတင်ဖွင့်တော့မယ်ဆိုရင် အရင်ဆုံး ကွီးတို့ရဲ့မပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အကြောင်းကို မေ့ထားဖို့ လိုပါမယ်။ လူတော်တော်များများက ကိုယ့်ရဲ့ ခန္ဓာကိုယ်ပုံစံနဲ့ ပတ်သတ်ပြီး ဆန့်ကျင်ဘက် ပါတနာရဲ့အမြင်မှာ ဆွဲဆောင်မှုမရှိမှာကို စိတ်ပူကြတဲ့အတွက် ကြီးမားတဲ့ ဖိအားတွေကို ဖြစ်ပေါ်ခံစားကြရပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်ဟာ ပိန်လွန်းနေလား ဒါမှမဟုတ် ဝလွန်းနေလား? ဒါတွေက တကယ်တော့ အရေးမကြီးပါဘူး။ လိင်မှုကိစ္စမှာ သာယာတဲ့ အခိုက်အတန့် အထိအတွေ့ကို အပြည့်အဝ ခံစားနိုင်ချင်တယ်ဆိုရင် အရင်ဆုံး ခန္ဓာကိုယ်နဲ့ ပတ်သတ်တဲ့ စိုးရိမ်ပူပန်မှုတွေကို ဖျောက်ထားရမှာပါ။ အကယ်၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိတဲ့ လူတစ်ယောက် ဖြစ်ချင်ရင်တော့ လေ့ကျင့်ခန်းလုပ်တာ ၊ Gym ကစားတာတွေ လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၂) လက်တွေ့ဘဝက အမှန်တရားကို လက်ခံပါ

Photo : Comprehensive Sleep Care Center

ကျွန်တော်တို့ တော်တော်များများရဲ့ မသိစိတ်ထဲမှာ ညစ်ညမ်းရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှုတွေဟာ စွဲထင်နေတက်ပါတယ်။ အပြာသရုပ်ဆောင်တွေလို ကြာရှည်တဲ့ စွမ်းဆောင်ရည် ၊ ကြီးမာတဲ့ ဆိုဒ်အရွယ်အစား စသည်ဖြင့် ဒီအချက်တွေကို လက်တွေ့ဘဝထဲက ကိုယ့်ကိုယ်ကိုယ်နဲ့ နှိုင်းယှဉ်မိတက်ကြပါတယ်။ ဒီမှာပြဿနာက စတာပါ။ ရုပ်ရှင်တွေထဲကလို ကိုယ်ဟာလက်တွေ့မှာ မစွမ်းဆောင်နိုင်တဲ့အခါ အားမလိုအားမရ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့လာတာပါပဲ။ တကယ်တော့ ဖျော်ဖြေရေး သီးသန့်ရိုက်ကူးထားတဲ့ ညစ်ညမ်းရုပ်ရှင်တွေဟာ လက်တွေ့ဘဝနဲ့ အများကြီး ကွာခြားပါတယ်။ ကင်မရာလှည့်ကွက်နောက်က အမှန်တရားဟာ အမျိုးသားတိုင်းနဲ့ လက်တွေ့ဘဝနဲ့ တစ်ထပ်တည်းမကျနိုင်ပါဘူး။ ဒါကိုလက်ခံပြီး လက်တွေ့ဘဝထဲမှာပဲ ရှင်သန်နေထိုင်ဖို့ အကြံပေးချင်ပါတယ်။

(၃) အရွယ်အစားက အဓိကမကျပါ

Erectile Dysfunction

Photo : Priority Men’s Medical Center

အမျိုးသား ၁၀၀ မှာ ၉၄ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ဖွားဘက်တော်အရွယ်အစားနဲ့ ပတ်သတ်ပြီး အားမလိုအားမရ ဖြစ်တက်ကြပါတယ်။ မိမိရဲ့ လက်နက်အရွယ်အစားကို ပိုမိုကြီးထွားအောင် ပြောင်းလဲချင်စိတ်တွေလည်း ရှိကြပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကိုယ့်လက်နက်ရဲ့ အရွယ်အစားပေါ် အားမရမှုနဲ့အတူ စိုးရိမ်ပူပန်စိတ် ၊ ဖိအားတွေလည်း ဖြစ်ကြရပါတယ်။ ဒီအချက်တွေကပဲ ချစ်တင်းနှောချိန်မှာ သာယာတဲ့ အခိုက်အတန့် ကို အပြည့်အဝ ခံစားနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် လက်ခံယုံကြည်ခြင်းကသာ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေမှာဖြစ်ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်မှာပါ။ ညီလေး အရွယ်အစားနဲ့ပတ်သတ်ပြီး အလွန်အကျွံစိုးရိမ်ပူပန်မှု မထားဖို့ အကြံပေးချင်ပါတယ်။

(၄) အတိတ်က မကောင်းတဲ့ အတွေ့အကြုံတွေကို မေ့လိုက်ပါ

Erectile Dysfunction

Photo : Prevention

လူတိုင်းလူတိုင်း အိပ်ရာပေါ်မှာ ဆိုးရွားတဲ့မှတ်ဉာဏ် အတွေ့အကြုံတွေ ရှိခဲ့ကြရနိုင်ပါတယ်။ ကျွန်တော်တို့ တော်တော်များများဟာ ဆိုးရွားတဲ့ မှတ်ဉာဏ်တွေကို အတိတ်မှာ မထားခဲ့နိုင်ကြပဲ လက်ရှိအချိန်ထိကို ဆွဲခေါ်လာကြတာ သဘာဝပါ။ ဒီလိုမကောင်းတဲ့ မှတ်ဉာဏ်တွေကို မေ့ဖျောက်မထားနိုင်ဘူးဆိုရင် နောက်တစ်ကြိမ် ချစ်တင်းနှောဖို့ကြိုးစားတဲ့အခါ စိုးရိမ်မှုတွေ ခံစားရပါလိမ့်မယ်။ ဒီလိုဆိုရင် ပြည့်ဝတဲ့ စွမ်းဆောင်ရည်ကိုလည်း ပြနိုင်မှာမဟုတ်သလို သာယာတဲ့ အခိုက်အတန့် ကိုလည်း ခံစားနိုင်တော့မှာ မဟုတ်ပါဘူး။ အတိတ်ကမကောင်းတဲ့ အတွေ့အကြုံတွေကို အတိတ်မှာပဲ ထားခဲ့လိုက်ပါလို့ ပြောချင်ပါတယ်။

(၅) နားလည်တက်ကျွမ်းသူတွေဆီက အကြံဉာဏ်ရယူပါ

professional help for your erectile dysfunction problem

Photo : Limitless Male

အကယ်၍ ကွီးတို့မှာ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ပြဿနာတချို့ ခံစားနေရတယ် ဒါမှမဟုတ် ချို့ယွင်းမှုတစ်စုံတစ်ရာ ရှိနေတယ်လို့ ခံစားနေရတယ်ဆိုရင် တစ်ယောက်တည်းမဖြေရှင်းပါနဲ့။ လိင်မှုဆိုင်ရာ ကျွမ်းကျင်ဆရာဝန်တွေဆီကနေ အကြံဉာဏ်တောင်းတာ ၊ ကုသမှုခံယူတာတွေ လုပ်နိုင်ပါတယ်။ ဆေးမြီးတိုတွေနဲ့ ဖြေရှင်းတာထက် အမှန်တကယ် နားလည်တက်ကျွမ်းသူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြံဉာဏ်ရယူတာ ၊ ကုသမှုခံယူတာဟာ ပိုကောင်းတဲ့ အဖြေရလဒ်တစ်ခုကို ရနိုင်မယ်ဆိုတာ ယုံကြည်ထားပါ။

Featured Photo : Freepik