ကျွန်တော်တို့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်မှာ သဘာဝအလျောက် မွေးရာပါ တည်ရှိနေတဲ့ ရွှေဥလေးတွေ (ဝှေးစေ့) အကြောင်း ကွီးတို့ ဘယ်လောက်သိပါသလဲ? ရွှေဥလေး တွေဟာသာမန် မျိုးပွားအင်္ဂါအစိတ်အပိုင်းတစ်ခုလို့ ထင်မှတ်ရပေမယ့်လည်း ထူးဆန်းတဲ့ အကြောင်းအရာတွေနဲ့ လျှို့ဝှက်ချက်တစ်ချို့ သူ့မှာရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့ မသိသေးတဲ့ ရွှေဥလေး တွေရဲ့ အံ့အားသင့်စရာ ထူးခြားချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) အတူနေချိန်မှာ အရွယ်အစား ပိုကြီးလာတယ်
Photo : Healthline
ကွီးတို့ရဲ့ ရွှေဥလေးတွေဟာ ချစ်တင်းနှောချိန်မှာ ၎င်းတို့ရဲ့အရွယ်အစား နှစ်ဆအထိ ကြီးထွားနိုင်ပါတယ်။ လိင်စိတ်နိုးကြားလာတဲ့အခါ လိင်တံကို သွေးများပိုမို စီးဆင်းလာသကဲ့သို့ ရွှေဥလေးတွေဆီကိုလည်း သွေးတွေပိုမို စီးဆင်းလာတဲ့အတွက် ၎င်းရဲ့အရွယ်အစားဟာ ၅၀ ရာခိုင်နှုန်း ဒါမှမဟုတ် ထိုထက်ပိုပြီး ကြီးထွားလာတာ ဖြစ်ပါတယ်။
(၂) အရောင် ပြောင်းနိုင်တယ်
Photo : Cleveland Clinic Health Essentials
ရွှေဥလေးတွေက အပြာရောင် ပြောင်းနိုင်တယ်လို့ ပြောကြပါတယ်။ ဒါဟာ လိင်တံဆီသို့ သွေးစီးဆင်းမှုကနေတဆင့် သွေးကြောတွေအပေါ် ဖိအားသက်ရောက်လာစေတဲ့အတွက် ဝှေးစေ့တွေဟာ အပြာရောင်အဖြစ်ကို ပြောင်းသွားနိုင်တယ်လို့ အလွယ်မှတ်ယူလို့ ရပါတယ်။ တကယ်တော့ လိင်စိတ်နိုးကြားမှု ဖြစ်စဉ်တစ်ခုလုံးမှာ ရွှေဥလေးတွေဟာ သဘာဝအရောင်ထက် ပိုမိုနက်မှောင်တဲ့ အရောင်အနေအထားကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။
(၃) အရွယ်အစား မတူကြဘူး
Photo : Medical News Today
ရွှေဥလေးတွေရဲ့ တစ်လုံးနဲ့တစ်လုံး အရွယ်အစားဟာ မတူညီကြပါဘူး။ အမျိုးသား အများစုမှာ ညာဘက်ဝှေးစေ့က ဘယ်ဘက်ထက် ပိုကြီးပြီး အောက်ကိုကျနေ တက်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်အပူချိန်နဲ့ သက်ဆိုင်တဲ့ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်တာကြောင့် ရွှေဥလေးတွေက အချိုးမကျဘူးလို့ ခံစားရရင် စိတ်မပူပါနဲ့။
(၄) အသက်အရွယ်အရ အနံ့အသက်တွေ ပြောင်းနိုင်တယ်
Photo : Harvard Health
ရွှေဥလေးတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အနံ့အသက်တွေ ထွက်လာတက်ပါတယ်။ အသက်ကြီးလေ အနံ့ဆိုးတွေ ပိုထွက်လေပါပဲ။ ဒါပေမယ့် သတင်းကောင်းကတော့ ကွီးတို့ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ထိန်းပြီး လေဝင်လေထွက်ကောင်းအောင် ထားပေးမယ်ဆိုရင် အနံ့ဆိုးတွေကို လျှော့ချနိုင်ပါတယ်။
(၅) ထိရှလွယ်တယ်
Photo : ER of Texas
ရွှေဥလေးတွေကို မတော်တဆ ထိခိုက်မိတဲ့အခါ အသည်းခိုက်အောင် နာကျင်မှုဝေဒနာကို ခံစားရစေပါတယ်။ အကြောင်းကတော့ ရွှေဥလေးတွေမှာ ထိရှလွယ်တဲ့ အာရုံကြောတစ်တန်ခန့် ပါရှိတာကြောင့်ပါ။ ခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာ ချိတ်ဆွဲထားတာကြောင့်လည်း အလွန်ထိခိုက်လွယ်ပြီး နာကျင်မှုဝေဒနာကို ခံစားရစေတာ ဖြစ်ပါတယ်။
Featured Photo : The Times of India