အဆိပ်အတောက်ဆန်တဲ့ လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်ကိုင်ရခြင်းဟာ ကျွန်တော်တို့အတွက် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ အများကြီးကို ဖြစ်စေနိုင်ပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေ ရနိုင်ပါတယ်။ ဆိုးရွားတဲ့ အလုပ်ရှင် ၊ မကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နေ့စဉ်နဲ့အမျှ ထိတွေ့ဆက်ဆံရတဲ့အခါ ကြာလာတာနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတွေ လျော့ကျလာပြီး လုပ်ငန်းစွမ်းဆောင်ရည်လည်း ကျဆင်းလာနိုင်ပါတယ်။ ကွီးတို့က ဒီလို အလုပ်ခွင် ပတ်ဝန်းကျင်တစ်ခုမှာ လုပ်ကိုင်နေရသူ တစ်ယောက်ဆိုရင်တော့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဦးစားပေးဖို့ အရေးကြီးပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အဆိပ်အတောက် ဆန်တဲ့ အလုပ်ခွင် မှာ လုပ်ကိုင်နေရသူတွေအနေနဲ့ အဆင်မပြေမှု အခက်အခဲတွေကို တက်နိုင်သမျှ ကျော်လွှားနိုင်ဖို့ အကြံပြုချက်အချို့ကို ပြောပြပေးပါမယ်။

(၁) ငြင်းဆိုတက်အောင် သင်ယူပါ

Set boundaries

Photo : Entrepreneur

ဘယ်သူဘာပြောပြော လက်ခံမယ့်အစား အခြေအနေအချိန်အခါပေါ်လိုက်ပြီး No လို့ ပြောတက်ရပါမယ်။ အလုပ်ရှင် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေက ကွီးတို့ကို ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ တောင်းဆိုမှုတွေ ပြုလုပ်လာတဲ့အခါ ၊ လိုတာထက်ပိုပြီး အလုပ်လုပ်ဖို့ တောင်းဆိုလာတဲ့အခါ ငြင်းဆိုပါ။ ဒီလိုဘောင်တစ်ခု သတ်မှတ်ထားပြီး ကိုယ်မလုပ်နိုင်တဲ့အရာတွေကို လိမ်မာပါးနပ်စွာ ငြင်းဆိုတက်ခြင်းဖြင့် အဆိပ်အတောက် ဖြစ်စေတဲ့ အလုပ်ခွင် ထဲမှာ ကွီးတို့ရဲ့ စိတ်ကျန်းမာရေးကို အများကြီး ပိုကောင်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

Photo : Charity Today News

အဆိပ်အတောက် ဆန်တဲ့ အလုပ်ခွင် ထဲမှာ စိတ်ရောကိုယ်ပါ ကြံ့ကြံ့ခိုင်ရှင်သန် နေထိုင်နိုင်ဖို့အတွက် အရင်ဆုံးကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းကနေ စတင်ရပါမယ်။ ညဘက်လုံလောက်စွာ အိပ်စက်အနားယူတာ ၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာ ၊ ကျန်းမာရေးနဲ့အညီ စားတာ ၊ ကိုယ့်ကိုပျော်ရွှင်စေမယ့် ဝါသနာ သို့မဟုတ် လှုပ်ရှားမှုတွေအတွက် အချိန်ပေးတာ စတာတွေ လုပ်သင့်ပါတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်မှသာလျှင် အလုပ်ခွင်မှာ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ပြီး အကောင်းဆုံး ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။

(၃) အကူအညီ ရယူပါ

Seek support

Photo : MI Blues Perspectives

အကယ်၍ အလုပ်ခွင် မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေ ၊ သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုဝင်တွေဆီက အကူအညီရယူပါ။ အလုပ်မှာ ခံစားရတဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ရင်ဖွင့်ဖော် တစ်ဦးဦးနဲ့ စကားပြောဆိုလိုက်တာက အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကွီးတို့မှာ ယုံကြည်ရတဲ့ ချစ်သူ ၊ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ဦး သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပညာရှင်တစ်ယောက်ယောက်နဲ့ ရင်ဖွင့်ဆွေးနွေး နိုင်ပါတယ်။

(၄) အလုပ်ထွက်ဖို့ စဉ်းစားပါ

leaving the job

Photo : Entrepreneur

ဒါကတော့ နောက်ဆုံးအဆင့် စဉ်းစားရမယ့် အချက်ပါ။ စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်လာစေတဲ့အထိ ဖြစ်နေတယ်ဆိုရင် အဲ့ဒီအလုပ်ခွင်ဟာ ကွီးတို့နဲ့ ထိုက်တန်တဲ့အလုပ် မဟုတ်ပါဘူး။ အဆိပ်အတောက် ဖြစ်စေတဲ့ အလုပ်ခွင် ပတ်ဝန်းကျင်ဟာ အရမ်းကြီး ကိုယ့်ရဲ့စိတ်ရောကိုယ်ပါ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်နေစေတယ်ဆိုပါက အလုပ်ကနေထွက်ဖို့ စဉ်းစားသင့်ပါတယ်။ ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်နိုင်ပေမယ့်လည်း ကိုယ့်ရဲ့ စိတ်ကျန်းမာရေးနဲ့ သုခချမ်းသာကို ဦးစားပေးဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။

Featured Photo : Cultivated Culture