ကမ္ဘာကြီးသည် မတူညီတဲ့ ယဥ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများ၊ ရိုးရာဓလေ့များနဲ့ ပြည့်နှက်နေတဲ့ အိမ်တစ်လုံးပဲဖြစ်ပါတယ်။ ထိုအိမ်ထဲတွင် မတူညီတဲ့ နိုင်ငံများ အသီးသီး တည်ရှိကြပြီး နိုင်ငံတစ်နိုင်ငံချင်းစီတွင် လိုက်နာရမယ့် ယဥ်ကျေးမှုများ၊ အပြုအမူများသည်လည်း ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။ မတူညီတဲ့ နိုင်ငံ အသီးသီးမှာ သူတို့ သတ်မှတ်ထားတဲ့အရာကို ချိုးဖောက်မိရင်တော့ အထူးအဆန်း ဂြိုလ်သား တစ်ယောက်လို အကြည့်ခံရမှာ အသေအချာပါပဲ။

ကွီးတို့လည်း ကမ္ဘာပတ်ပြီး နိုင်ငံ အနှံ့ လည်ပတ်ရင်း ဂြိုလ်သား တစ်ယောက်လို အကြည့်မခံချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို ရှောင်ကြဥ်ရမှာပဲ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံမှာ

နိုင်ငံ ဂြိုလ်သား

ကွီးတို့က ကိုရီးယားနိုင်ငံကို ရောက်နေပြီ ဆိုကြပါစို့။ ထမင်းစားပွဲမှာ အသက်အကြီးဆုံး လူကြီးက အရင်စစားတာကို မစောင့်ဘဲ ကွီးတို့က အရင်စားမယ်ဆိုရင်တော့ ယဥ်ကျေးမှုမရှိတဲ့လူလို့ အထင်ခံရမှာပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဗိုက်ဆာနေပါစေ၊ အသက်အကြီးဆုံး လူ အရင်စစားတာကို စောင့်ပါ။ ပြီးမှ ကွီးတို့က အားရပါးရဆက်ဆွဲလို့ရပါပြီ။

ပြင်သစ်နိုင်ငံမှာဆိုရင်

နိုင်ငံ ဂြိုလ်သား

ပြင်သစ်မှာ အစားစားမယ်ဆိုရင် ဆလပ်ရွက်ကို ဓား၊ ခက်ရင်းတို့ဖြင့် လှီးဖြတ်တာမျိုးကို မပြုလုပ်ရပါဘူး။ ဆလပ်ရွက်ကို ဓား၊ ခက်ရင်းဖြင့် လှီးဖြတ်ခြင်းသည် ယဥ်ကျေးမှုမရှိသော အပြုအမူတစ်ခုလို့ သတ်မှတ်ထားကြလို့ပဲ ဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာဆိုရင်

နိုင်ငံ ဂြိုလ်သား

ဗင်နီဇွဲလားနိုင်ငံမှာ ထမင်းစားဖို့ ချိန်းထားတယ်ဆိုရင် မိနစ် အနည်းငယ်လောက် နောက်ကျမှသွားသင့်ပါတယ်။ စောရောက်နေတာမျိုး (သို့) အချိန်ကိုက် ရောက်နေတာမျိုးဆိုရင် ကွီးတို့သည် လောဘကြီးတဲ့လူလို့ အထင်ခံရနိုင်ပါတယ်။

အမေရိကန်နိုင်ငံမှာ

နိုင်ငံ ဂြိုလ်သား

ကွီးတို့သည် အမေရိကန်နိုင်ငံမှာ ကားမောင်းနေတုန်း ယာဥ်ထိန်းရဲက ကွီးတို့ကို ကားရပ်ခိုင်းတယ် ဆိုကြပါစို့။ အဲ့ဒါဆိုရင်တော့ ကားရပ်ရုံသာ ရပ်ရပါမယ်။ ကားထဲကနေ ဆင်းချလာတာမျိုး မလုပ်ရပါဘူး။ ကားထဲကနေ ဆင်းချလာခြင်းသည် ရန်လိုတဲ့အပြုအမူလို့ ယူဆခံရပြီး ကွီးတို့လည်း ဒုက္ခအကြီးအကျယ် ရောက်သွားပါလိမ့်မယ်။

ဗီယက်နမ်နိုင်ငံမှာ

နိုင်ငံ ဂြိုလ်သား

ကွီးတို့ကို ဗီယက်နမ်လူမျိုးတစ်ယောက်ယောက်က လက်ဆောင်ပေးလာတဲ့အခါ ထိုလက်ဆောင်ကို လက်တစ်ဖက်တည်းနဲ့ မယူရပါဘူး။ လက်တစ်ဖက်တည်းနဲ့ ယူပါက ကွီးတို့သည် ကျေးဇူးမသိတတ်သောသူ၊ လက်ဆောင်ပေးတဲ့သူအပေါ် ကျေးဇူးတင်စိတ် စိုးစဥ်းမျှ မရှိဘူးလို့ ထင်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် ဗီယက်နမ်မှာ လက်ဆောင်ပေးခံရမယ်ဆိုရင် လက်နှစ်ဖက်နဲ့ ယူရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာဆိုရင်

နိုင်ငံ ဂြိုလ်သား

တရုတ်နိုင်ငံဆီ အလည်အပတ်ရောက်ဖြစ်တယ်ဆိုရင် သတိထားရမယ့်အချက်တွေ အများကြီးရှိပါတယ်။ ထိုထဲကမှ အရေးကြီးဆုံး သတိထားရမယ့်အချက်ကတော့ နာရီနဲ့ ထီးပဲဖြစ်ပါတယ်။ တရုတ်လူမျိုးတွေကို လက်ဆောင်ပေးမယ်ဆိုရင် နာရီနဲ့ ထီးတို့ကို လက်ဆောင်မပေးပါနဲ့။ နာရီနဲ့ ထီးသည် တရုတ်လိုဆိုရင် သေဆုံးခြင်းနှင့် ကွေကွင်းရခြင်းဆိုတဲ့ စကားလုံးများနဲ့ အသံထွက် ဆင်တူပါတယ်။ ဒါ့ကြောင့် ထိုပစ္စည်းနှစ်မျိုးကို လက်ဆောင်ပေးခြင်းအား ရှောင်ကြဥ်သင့်ပါတယ်။

နယ်သာလန်နိုင်ငံမှာ

နိုင်ငံ ဂြိုလ်သား

နယ်သာလန်နိုင်ငံမှာဆိုရင်တော့ လက်ဆောင်ပစ္စည်းပေးတော့မယ်ဆိုရင် ဓား၊ ကတ်ကြေး အစရှိတဲ့ ချွန်ထက်သော ပစ္စည်းများကို လက်ဆောင်ပေးခြင်းအား ရှောင်ကြဥ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုပစ္စည်းများကို လက်ခံရရှိသူသည် ကံဆိုးမိုးမှောင်ကျစေတယ်လို့ သတ်မှတ်ထားကြလို့ပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ

travel tips

ဂျပန်နိုင်ငံမှာ လက်ဆောင်ပစ္စည်းပေးတော့မယ်ဆိုရင် ပစ္စည်း ၄ ခု (သို့) ၉ ခုပါတဲ့အရာတွေကို ရှောင်ကြဥ်ရမှာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဂျပန်နိုင်ငံမှာ ထိုနံပါတ်များကို ကံဆိုးစေတဲ့ နံပါတ်လို့ သတ်မှတ်ထားပြီး ကွီးတို့ရဲ့ လက်ဆောင်အတွက်လည်း လက်ခံရရှိသူက အသိအမှတ်ပြုကာ ကျေးဇူးတင်မှာ မဟုတ်ပါဘူး။

ဖိလစ်ပိုင် နိုင်ငံမှာဆိုရင်

travel tips

ဖိလစ်ပိုင်နိုင်ငံမှာ လက်ဆွဲနှုတ်ဆက်မယ်ဆိုရင် ညင်ညင်သာသာလေးသာ လက်ဆွဲနှုတ်ဆက်ရပါမယ်။ တင်းတင်းကြပ်ကြပ် လက်ဆွဲနှုတ်ဆက်ခြင်းသည် ရန်လိုမှု၊ မိတ်ဆွေ ဖြစ်လိုစိတ် မရှိခြင်းတို့ကို ကိုယ်စားပြုလို့ပဲ ဖြစ်ပါတယ်။

ဒူဘိုင်းနိုင်ငံမှာဆိုရင်

travel tips

ဒူဘိုင်းနိုင်ငံတွင် အစ္စလာမ်ဘာသာကို အများစု ကိုးကွယ်ကြတဲ့အားလျော်စွာ ဘာသာရေး ယဥ်ကျေးမှုအရလည်း အင်မတန်မှ စည်းကမ်းကြီးပါတယ်။ လူမြင်ကွင်းမှာ လက်ကိုင်ထားခြင်း၊ အနမ်းပေးခြင်း စသည်တို့သည် တရားမဝင်သော အပြုအမူလို့ သတ်မှတ်ထားကြပါတယ်။ ကိုယ့်ချစ်သူနဲ့ လက်တွဲပြီး လမ်းလျှောက်လို့လည်း မရပါဘူး။ လုပ်ချင်တယ်ဆိုရင်တော့ လူမမြင်ကွယ်ရာမှာပဲ ပြုလုပ်သင့်ပါတယ်။

ထိုင်းနိုင်ငံမှာဆိုရင်

travel tips

ထိုင်းနိုင်ငံမှာ လည်ပတ်နေရင်းနဲ့ ထိုင်း တော်ဝင်မိသားစုကို ဝေဖန်ခြင်း၊ စော်ကားပုတ်ခတ်ပြောဆိုခြင်းတို့ကို ဘယ်တော့မှ မလုပ်မိပါစေနဲ့။ ထိုကဲ့သို့ ပြုလုပ်မိရင် ကွီးတို့ ထောင်ကျနိုင်သည်အထိ အပြစ်ကြီးပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အပြုအမူလို့ သတ်မှတ်ထားတဲ့အတွက်ကြောင့် ဆင်ခြင်သင့်ပါတယ်။​

ပြင်သစ်နိုင်ငံမှာ သောက်ခါနီး ချီးယား လုပ်တဲ့အခါ

travel tips

သောက်ခါနီးမှာ ခွက်ချင်းတိုက်ပြီး ချီးယားလုပ်တဲ့အခါ အကြည့်ချင်း ဆုံထားဖို့ လိုအပ်ပါတယ်။ ခွက်တိုင်းနဲ့ ချီးယား လုပ်ပြီးလို့ဆိုပြီး ချက်ချင်း အကြည့်လွှဲလိုက်တဲ့အခါမှာ (၇) နှစ် ကံဆိုးမိုးမှောင်ကျသွားမှာပဲ ဖြစ်ပါတယ်။ ဘာကိစ္စနဲ့ ပတ်သက်သလဲဆိုရင်တော့ ဖဲမွေ့ရာထက်က ကိစ္စနဲ့ ပတ်သက်ပြီး (၇) နှစ်တိတိ ကံဆိုးသွားမှာပဲဖြစ်ပါတယ်။

ကနေဒါနိုင်ငံမှာဆိုရင်

travel tips

ကနေဒါလူမျိုးများသည် ဖော်ရွေပျူငှာတဲ့လူတွေအဖြစ် လူအများက သတ်မှတ်ထားကြပြီး ပေါင်းသင်းဆက်ဆံရလည်း လွယ်ကူတယ်လို့ သတ်မှတ်ထားကြတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဒီလောက်ရင်းနှီးဖော်ရွေတဲ့ လူမျိုးတွေက အယ်လ်ကိုဟောနဲ့ ပတ်သက်လာရင်တော့ အင်မတန်မှ စည်းကမ်းကြီးပါတယ်။ သူတို့ရဲ့ အယ်လ်ကိုဟော ဥပဒေကလည်း လိုက်နာရသူတွေအတွက် ခေါင်းခဲစရာပါပဲ။ နိုင်ငံရဲ့ နေရာတော်တော်များများမှာ အပြင်ဘက် Outdoors ထွက်ကာ အရက်သောက်ခြင်းကို တရားမဝင်ဘူးလို့ သတ်မှတ်ထားကြပါတယ်။

ကွီးတို့ရော သူများ နိုင်ငံ ကို သွားလည်ချိန်မှာ အထူးအဆန်း ဂြိုလ်လား လိုမျိုး အကြည့်ခံဖူးပါသလား။

Source: Lovehomeswap

Featured Image: Freepik