ခရီးသွားရတာ ကြိုက်တဲ့ ကွီးတို့ရှိပါသလား။ ခရီးသွားခြင်း က လူတိုင်းလုပ်ဆောင်နိုင်တဲ့ စိတ်လှုပ်ရှားဖို့နဲ့ ပျော်ရွှင်ဖွယ် အမှတ်တရတွေကို ဖန်တီးနိုင်ဖို့ အကောင်းဆုံးအရာများထဲက တစ်ခု ဖြစ်ပါတယ်။ ကွီးတို့ကို အပန်းပြေစေရုံသာမက လူသစ်များနှင့် တွေ့ဆုံရန်၊ ဒေသဆိုင်ရာ ယဉ်ကျေးမှုများကို လေ့လာရန်နှင့် ဘဝတွင် အသစ်သောအရာများကို တွေ့ကြုံခံစားရန် စတဲ့ အခွင့်အရေးတွေကို ခရီးသွားခြင်းကနေ ရနိုင်ပါတယ်။ ခရီးသာထွက်လိုက်တယ် ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုမရခဲ့ဘူး ဆိုရင်တော့ ခရီးထွက်ရတာ မတန်ပါဘူး။ သို့သော်လည်း ခရီးထွက်ရတာ စိတ်လှုပ်ရှားပြီး ပိုမိုပျော်ရွှင်စေဖို့ ကွီးတို့ ပြုလိုက်နိုင်တဲ့ အရာလေးတွေ ရှိပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ရဲ့ ခရီးသွားအတွေ့အကြုံကို ပိုမိုပျော်ရွှင်စရာကောင်းပြီး စိတ်လှုပ်ရှားစေဖို့ နည်းလမ်းအချို့ကို ဝေမျှပေးချင်ပါတယ်။
အရာရာကို ကြိုတင်စီစဉ်ပါ
Photo : Bon Traveller
ခရီးသွားခြင်းကို ပိုမိုစိတ်လှုပ်ရှားဖွယ်ဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကြိုတင်စီစဉ်ထားခြင်းပဲ ဖြစ်ပါတယ်။ ဒါမှသာ ခရီးစဉ်အတွင်း အဆင်မပြေမှုတွေ၊ စိတ်ဖိစီးမှုတွေ ကင်းဝေးပြီး ခရီးစဉ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြိုတင်စီစဉ်ထားခြင်းဖြင့် ခရီးစဉ်အတွင်း ပြုလုပ်လို့ရတဲ့ လှုပ်ရှားမှုအားလုံးကို သေချာပြုလုပ်နိုင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေ ဖန်တီးနိုင်မှာပါ။
အသစ်အဆန်းတွေကို စမ်းသပ်ကြည့်ဖို့ မကြောက်ပါနဲ့
Photo : UPROXX
ခရီးထွက်တယ်ဆိုကတည်းက မတူညီတဲ့အရာတွေ၊ ခံစားမှုရသအသစ်တွေကို တွေ့ကြုံခံစားနိုင်ဖို့ပဲ မဟုတ်ပါလား။ ဒါ့ကြောင့် ကိုယ်ရောက်ရှိတဲ့နေရာဒေသရဲ့ စွန့်စားနိုင်တဲ့ အရာတွေ၊ ထိုဒေသမှာပဲ ပြုလုပ်နိုင်တဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အသစ်သော အရာတွေကို စမ်းကြည့်ဖို့ မတွန့်ဆုတ်ပါနဲ့။ ကွီးတို့ နောင်တမရမယ့် စိတ်လှုပ်ရှားပျော်ရွှင်မှုကို ရမှာ အသေအချာပါပဲ။ ဒါ့အပြင် ဒီလို လုပ်ခြင်းအားဖြင့် ကွီးတို့အနေနဲ့ ထိုဒေသရဲ့ ယဉ်ကျေးမှုတွေ၊ နေထိုင်မှုတွေနဲ့ လူများကို ပိုမိုသဘောပေါက် နားလည်စေပါတယ်။
ခရီးစဉ်ကို မှတ်တမ်းတင်ဖို့ မမေ့ပါနဲ့
Photo : Unplash
ကွီးတို့ရဲ့ အမှတ်တရတွေ၊ ပျော်ရွှင်မှုတွေ၊ ထိုဒေသရဲ့ လှပတဲ့ထူးခြားတဲ့ နေရာလေးတွေကို မှတ်တမ်းတင်ထားဖို့ မမေ့ပါနဲ့။ ဓာတ်ပုံမှတ်တမ်း ဒါမှမဟုတ် ဗီဒီယိုမှတ်တမ်းတွေက အချိန်ကြာမြင့်တဲ့အထိ ကွီးတို့ရဲ့ အမှတ်တရ အခိုက်အတန့်အားလုံးကို အချိန်မရွေး ပြန်လည်အမှတ်ရနေစေဖို့ ကူညီပေးပါလိမ့်မယ်။ ဒါ့ကြောင့် တစ်ကိုယ်တော် ခရီးထွက်သည်ဖြစ်စေ၊ အပေါင်းအသင်းနဲ့ ခရီးထွက်သည်ဖြစ်စေ မှတ်တမ်းတင်ထားပါ။
တစ်ခါတစ်ရံမှာ ရိုးရှင်းတာက လုံလောက်တာထက် ပိုပါတယ်
Photo : Vecteezy
မြို့ကြီး ပြကြီးတွေ၊ နိုင်ငံရပ်ခြားတွေကို ခရီးထွက်မှ ကွီးတို့ကို ပျော်ရွှင်မှု ပေးနိုင်တာ မဟုတ်ပါဘူး။ ကျေးလက်ဒေသကို လည်ပတ်ခြင်း၊ ကျေးရွာတစ်ခုခုကို အလည်သွားခြင်းကလည်း ကွီးတို့ကို ပျော်ရွှင်မှု အပြည့်အဝပေးနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ရိုးရိုးရှင်းရှင်း ခရီးစဉ်တစ်ခုကို သွားခြင်းက လုံလောက်တာထက် ပိုပါတယ်။ ဒီလို ရိုးရှင်းတဲ့ခရီးကို သူငယ်ချင်းတွေ၊ ချစ်ခင်ရသူတွေနဲ့ အတူသွားခြင်းက ကွီးတို့တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ရှိတဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေပါလိမ့်မယ်။
ကွီးတို့ရေ ပြည်ပကိုပဲ ခရီးထွက်ထွက်၊ ပြည်တွင်းကိုပဲ ခရီးထွက်ထွက် ခရီးထွက်ရတာ စိတ်လှုပ်ရှားပြီး ပျော်ရွှင်စေဖို့ ဒီလိုနည်းလေးတွေကို စမ်းကြည့်ပါ။ ကွီးတို့ရဲ့ ခရီးစဉ်နဲ့ ပတ်သတ်ပြီး ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် အမှတ်တရလေးတွေ ရှိရင်လည်း ဝေမျှပေးခဲ့နိုင်ပါတယ်။
Source : Male Standard
Featured Photo : Travel Earth