အီတလီနိုင်ငံသည် ကမ္ဘာ လှည့် ခရီးသွားများ အများဆုံး သွားလာကြတဲ့ နေရာ တစ်ခုဖြစ်တယ်လို့ ခရီးသွား App တစ်ခုဖြစ်တဲ့ Trip Advisor ရဲ့ပြောကြားချက်အရ သိရှိရပါတယ်။ သူတို့ရဲ့ သမိုင်းယဥ်ကျေးမှုများ၊ ဗိသုကာ အနုပညာလက်ရာများ၊ ပြတိုက်များနှင့် သူတို့ရဲ့ အစားအသောက်များကြောင့် နာမည်ကြီးရခြင်းဖြစ်ပါတယ်။ ဒုတိယ အမှီလိုက်နေတဲ့ နိုင်ငံကတော့ ပြင်သစ်နိုင်ငံပါ။
သူတို့နိုင်ငံလိုပဲ ကမ္ဘာ လှည့် ခရီးသွားများ အမြဲတစေ ပြည့်နှက်နေတတ်တဲ့ အထင်ကရ နေရာ များလည်းရှိပါသေးတယ်။ ကွီးတို့က အခုဖော်ပြပေးမယ့် နေရာတွေကို ရောက်ဖူးရင်တော့ အကောင်ပဲဗျို့။
(၁) အီတလီနိုင်ငံရှိ Colosseum အဆောက်အအုံ
ကမ္ဘာလှည့် ခရီးသွားများ အသွားအများဆုံး နံပါတ် (၁) နေရာ ကတော့ အီတလီနိုင်ငံရှိ Colosseum အဆောက်အအုံပဲဖြစ်ပါတယ်။ ထိုအဆောက်အဦးရဲ့ ခမ်းနားလှပတဲ့ ဗိသုကာ လက်ရာများက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နေတာပဲဖြစ်ပါတယ်။
(၂) ပြင်သစ်နိုင်ငံရှိ Louvre ပြတိုက်
ကမ္ဘာလှည်ခရီးသွားတွေ လည်ပတ်မှုအများဆုံး ဒုတိယနေရာကတော့ ပြင်သစ်နိုင်ငံရှိ Louvre ပြတိုက်ပဲဖြစ်ပါတယ်။ ဒီအဆောက်အဦးကို စစချင်း စဆောက်တုန်းကတော့ ခံတပ်အဖြစ် ဆောက်လုပ်ခဲ့တာပါ။ ပြီးမှ တော်ဝင်နန်းတော်အဖြစ် ပြောင်းလဲတည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကို ရောက်ပြီးမှ မိုနာလီဆာ ပန်းချီကားကြီးကို မမြင်လိုက်ရဘူးဆိုရင်တော့ ခရီးထွက်ရကျိုး ဘယ်နပ်ပါ့မလဲ။
(၃) အီတလီနိုင်ငံရှိ Vatican ပြတိုက်များ
အီတလီနိုင်ငံရှိ Vatican ပြတိုက်များကတော့ ကမ္ဘာလှည့်ခရီးသွား အများဆုံး တတိယမြောက်နေရာပဲဖြစ်ပါတယ်။ သမိုင်းဝင် အနုပညာလက်ရာများ စုစည်းရာနေရာဖြစ်တဲ့အတွက်ကြောင့် ထိုအရာများကို စိတ်ဝင်စားသူတွေအတွက် နိဗ္ဗာန်ဘုံတစ်ခုလိုပါပဲ။
(၄) ပြင်သစ်နိုင်ငံရှိ အီဖယ်တာဝါ
ပြင်သစ်နိုင်ငံရဲ့ နာမည်အကြီးဆုံး အထင်ကရ နေရာတွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ထိုအီဖယ်တာဝါကို အနီးကပ်ကြီး မြင်တွေ့လိုက်ရတဲ့ ခံစားချက်ကို ဘာနဲ့မှ လဲနိုင်မှာမဟုတ်ပါဘူး။ ကွီးတို့အနေနဲ့ အမြင့်ကြောက်တယ်ဆိုရင်တော့ အီဖယ်တာဝါအောက်က ပန်းခြံအောက်မှာပဲ ထိုင်လို့ရပါတယ်။ တကယ်လို့ တစ်မြို့လုံးကို အပေါ်စီးကနေ လှမ်းကြည့်ချင်တယ်ဆိုရင်တော့ တာဝါပေါ်တက်ပြီး မြို့အလှကို ခံစားကြည့်ရှုနိုင်ပါတယ်။
(၅) စပိန်နိုင်ငံ၊ ဘာစီလိုနာရှိ Sagrada Familia ဘုရားကျောင်း
ကစ်သလစ်ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ သမိုင်းဝင် ကာသေဒရာဘုရားကျောင်းကြီးကို မျက်ဝါးထင်ထင်မြင်တွေ့ချင်တယ်ဆိုရင်တော့ စပိန်နိုင်ငံ၊ ဘာစီလိုနာရှိ Sagrada Familia ဘုရားကျောင်းသို့ သွားရောက်သင့်ပါတယ်။ ထိုဘုရားကျောင်းကို နာမည်ကြီး ဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့ Antoni Gaudi က ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဘုရားကျောင်းရဲ့ အတွင်းအပြင် ထုကြီးက အချိန်အတော်ကြာသည်အထိ ငေးမောနေမိအောင် ဆွဲဆောင်နေမှာပဲဖြစ်ပါတယ်။ Gaudi က မိုးကောင်ကင်အထိ မြင့်တဲ့ ဘုရားကျောင်းတစ်ကျောင်းကို ဆောက်လုပ်ချင်ခဲ့တာဖြစ်ပြီး ထိုဘုရားကျောင်းကတော့ ကမ္ဘာ့အရှည်ဆုံး ဘုရားကျောင်းများထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ နေရာတွေထဲက ဘယ်နေရာတွေဆီ သွားရောက်လည်ပတ်ဖူးပါသလဲ။
Source: Daytriptips
Featured Image: Fodors