ကြီးကြီးလေး ကိုမှ ဟတ်ထိ တာဆိုတဲ့ ရှော်တီလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ကွီးတို့အစား ရင်လေးမိပါတယ်။ ဒါပေမဲ့လည်း ယနေ့ခေတ်က ဆေးပညာ တိုးတက်ထွန်းကားနေတဲ့ ခေတ်ဆိုတော့ ကြီးချင်သလား၊ လာထား။ ခဏလေးနဲ့ ကြီးလာအောင် ဆေးပညာနဲ့ ပြုပြင်ဖန်တီးနိုင်ပါတယ်။
ကွီးတို့ကလည်း ကိုယ့်ရဲ့ ဆိုဒ်ကို မတင်းတိမ်သေးဘူး၊ ကြီးကြီးလေး ကိုမှပဲ ဟတ်ထိ တာဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများနဲ့ ပြုပြင်ဖန်တီးနိုင်ပါတယ်။ သဘာဝနည်းလမ်းများ ဖြစ်တဲ့အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိဘဲ စိတ်ချလက်ချ လိုက်လုပ်နိုင်ပါတယ်။
(၁) ဆေးဘက်ဆိုင်ရာသုံး Vacuum Pump ကို အသုံးပြုပါ
ဒီပစ္စည်းကို အသုံးပြုတဲ့အခါမှာ ချက်ချင်းကို ထောင်မတ်လာပြီး အရွယ်အစား ကြီးမားလာအောင် ကူညီပေးနိုင်ပါတယ်။ အသုံးပြုပြီးပြီးချင်းမှာပဲ လိင်တံဆီသို့ သွေးလှည့်ပတ် စီးဆင်းသွားစေပြီး ချက်ချင်း အိပ်ရာနိုးလာစေရုံသာမကဘဲ အရွယ်အစားပါ ကြီးမားလာအောင် ကူညီပေးပါတယ်။
(၂) Pelvic Floor လေ့ကျင့်ခန်းများကို နေ့စဥ် ပြုလုပ်ပါ
သဘာဝအတိုင်း ကြီးလာချင်တယ်ဆိုသူတွေအတွက် သိပ္ပံနည်းကျ အတည်ပြုထားတဲ့ အချက်ကတော့ Pelvic Floor လေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းများ ပြုလုပ်တဲ့အခါမှာ ဖွားဖက်တော်ဆီသို့ သွေးများ လှည့်ပတ်စီးဆင်းသွားစေပြီး အရွယ်အစားကို သဘာဝအတိုင်း ကြီးမားလာအောင် ကူညီပေးပါတယ်။
(၃) ဖွားဖက်တော်ကို အကြောဆန့်ပေးခြင်း (သို့) Jelqing နည်းလမ်း
ဒီနည်းလမ်းကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းနည်းလမ်းနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမဲ့ ပြီးမြောက်အောင် မပြုလုပ်ရဘဲ အောင့်ထားဖို့ လိုအပ်ပါတယ်။
သူ့ရဲ့ နည်းလမ်းကတော့ ဂျယ်လိမ်းပေးပြီး ဖွားဖက်တော်ကို အကြောဆန့်ပေးရတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ဖွားဖက်တော် အရွယ်အစားကို သဘာဝအတိုင်း ကြီးမားလာစေဖို့ဆိုရင် အရင်ဦးဆုံး ဖွားဖက်တော်အတွင်းရှိ တစ်သျှူးများက မျက်စိနဲ့ မမြင်ရလောက်တဲ့အထိ သေးသေးမွှားမွှားပမာဏခန့် ပေါက်ပြဲသွားမှာဖြစ်ပြီး ထိုပေါက်ပြဲသွားတဲ့ တစ်သျှူးများ ပြန်လည်သက်သာလာအောင် ကုသနေချိန်မှာ သွေးလှည့်ပတ်မှုက တိုးလာပြီး ဖွားဖက်တော် အရွယ်အစားက ရှည်ထွက်ကာ ကြီးမားလာမှာဖြစ်ပါတယ်။
ပြုလုပ်နည်း
ပြုလုပ်နည်းကတော့ လွယ်ကူပါတယ်။
၁။ အရင်ဦးဆုံး ကွီးတို့ရဲ့ ဖွားဖက်တော်က အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဆိုလိုတာကတော့ လုံးလုံးကြီး ထောင်မတ်နေတာထက် တစ်ပိုင်းလောက် ထောင်မတ်နေဖို့ လိုအပ်ပါတယ်။
၂။ ထို့နောက် Jelqing Lubricant ကို လက်ဖဝါးတစ်ဖက်မှာ လိမ်းကျံလိုက်ပါ။
၃။ ထို့နောက် လက်မနဲ့ လက်သန်းကို ခပ်ဖွဖွလေး ထိကပ်ထားပြီး အိုခေ ပုံစံ ပြုလုပ်ထားပါ။
၄။ ထို့နောက် ဖွားဖက်တော်ကို လက်နှစ်ဖက် စလုံးက အရင်းကနေ ဖိထားလိုက်ပါ။ ထို့နောက် လက်တစ်ဖက်က အလယ်အလတ် အားနဲ့ ဖွားဖက်တော်ကို အဖျားသို့ ဆွဲယူလိုက်ပါ။ ထိုအနေအထားတိုင်း စက္ကန့် ၂၀ မှ ၃၀ အထိ ဆွဲဆန့်ထားပါ။ ထိုအချိန်မှာ အား အနည်းအများကို အတိုး အလျော့ ပြုလုပ်ပေးရပါမယ်။ သတိထားရမယ့်အချက်ကတော့ ထိုကဲ့သို့ ဆွဲဆန့်ထားတဲ့အချိန်သည် ၂ စက္ကန့်အောက် နည်းနေလို့မရပါဘူး။
၅။ ထို့နောက် လက်မနဲ့ လက်ညိုး စက်ဝိုင်းပုံကို အရင်းဆီသို့ ပြန်ဆွဲယူသွားပါ။
ထိုလေ့ကျင့်ခန်းကိုတော့ မိနစ် ၂၀ ကြာအောင် ပြုလုပ်နိုင်ပါတယ်။ ကွီးတို့အနေနဲ့ Jelqing နည်းလမ်းကို ပြုလုပ်နေစဥ်အတွင်းမှာ ပြီးမြောက်မှုကို ခံစားရတော့မယ်ဆိုတာနဲ့ တင်းကြပ်မှုကို ပြေလျော့ကာ အာရုံပြောင်းဖို့ လိုအပ်ပါတယ်။
ဒီလေ့ကျင့်ခန်းလေးမှာ အားနည်းချက်အချို့လည်း ရှိပါတယ်။
ပထမတစ်ချက်ကတော့ ကွီးတို့အနေနဲ့ အခုမှ စလုပ်တဲ့အခါ လက်က အားအများကြီး ထည့်မိမယ်ဆိုရင် ကွီးတို့ ဖွားဖက်တော်က နာကျင်သွားနိုင်ပါတယ်။
နည်းမှန် လမ်းမှန် မပြုလုပ်ဘူးဆိုရင်လည်း ဖွားဖက်တော်က အနာတရဖြစ်နိုင်ပါတယ်။ ဖွားဖက်တော်က သွေးကြောတချို့နဲ့ အာရုံကြောစနစ်အချို့လည်း ထိခိုက်နိုင်ပါတယ်။
ဒါ့အပြင် ဒီနည်းလမ်းက အခုလုပ် ချက်ချင်း ကြီးလာမှာ မဟုတ်ပါဘူး။ အနည်းဆုံး ၆ လခန့် အချိန်ယူရပါတယ်။
ကွီးတို့ရော ဒီနည်းလမ်းကို ဘယ်လိုသဘောရပါသလဲ။ စမ်းကြည့်ချင်ပါသလား။
Source: Privategym
Featured Image: Archive.attn